[Zawgyi]

ဖုန္း ၁ ခုလံုးနီးပါးကို Display က ပတ္ထားတဲ့ Xiaomi Mi Mix Alpha ဟာ လူေတြကို အံ့အားသင့္သြားေစခဲ့ပါတယ္။ အဲဒီ Display ကို ဖန္တီးေပးထားတာက တရုတ္က Visionox ျဖစ္ပါတယ္။ Xiaomi CEO Lei Jun က Alpha ကို ဖန္တီးဖို႔ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ အင္ဂ်င္နီယာေပါင္း ၁,၀၀၀ ေက်ာ္ အလုပ္လုပ္ခဲ့ရၿပီး ကုမၸဏီဟာ ယြမ္ သန္း ၅၀၀ (ေဒၚလာ သန္း ၇၀) ေလာက္ ရင္းႏွီးျမွပ္ႏွံခဲ့ရတယ္လို႔ ေျပာပါတယ္။ ျမန္မာေငြ သန္းေပါင္း ၁ သိန္းေလာက္ေတာင္ ရွိတဲ့ အတြက္ နည္းနည္းေနာေနာ ေငြေတာ့ မဟုတ္ပါဘူး။

Xiaomi နဲ႔ Visionox တို႔ ပူးေပါင္းဖန္တီးထားတာ ဒါ ပထမဆံုး မဟုတ္ပါဘူး။ Visionox ဟာ Xiaomi ရဲ႕ ေခါက္ခ်ိဳး ဖုန္း နမူနာအတြက္လည္း ေကြးညႊတ္ Display ကို ဖန္တီးေပးခဲ့ပါတယ္။ ၂ ဖက္ေခါက္ခ်ိဳးဖုန္း ျဖစ္ၿပီး ညာဘက္ျခမ္းကို အေနာက္ကို ေခါက္ခ်ိဳးသံုးရပါတယ္။

Xiaomi က Visionox ရဲ႕ OLED Display ေတြ တိုးတက္ေအာင္ သူ႔ရဲ႕ အင္ဂ်င္နီယာေတြကိုေတာင္ ေစလႊတ္ခဲ့ပါေသးတယ္။ Mi Mix Alpha ကို လက္ရွိမွာ ေဘာစိေတြပဲ ကိုင္ႏိုင္ဦးမွာပါ။ ဒါေပမယ့္ Display နဲ႔ 108MP Camera ေတြ တိုးတက္ ထုတ္လုပ္ႏုိင္လာခ်ိန္မွာ ရိုးရိုး စြမ္းရည္ျမင့္ ဖုန္းေတြနဲ႔ ေစ်းတူသြားမွာပါ။ ေနာက္ဆိုရင္ ေဘာစိ မဟုတ္တဲ့ လူေတြပါ ကိုင္ႏိုင္ေတာ့မွာပါ။

Visionox ကို ေဘဂ်င္းက Tsinghua University မွ OLED Team က ဦးေဆာင္ေနပါတယ္။ အဲဒီ တကၠသိုလ္ဟာ ၂၀၂၀ ခုႏွစ္ရဲ႕ QS World University Ranking မွာ နံပါတ္ ၁၆ ေနရာကို ရထားၿပီး Yale နဲ႔ Columbia Universites ေတြကိုေတာင္ ေနာက္ေကာက္ခ်ထားႏုိင္ပါတယ္။ Xiaomi ရဲ႕ ဥကၠဌ Lin Bin က လက္ရွိ Mi Mix Alpha ဟာ Display ရဲ႕ အထက္မွာ ပလတ္စတစ္ကို သံုးထားတဲ့ နမူနာေမာ္ဒယ္ ျဖစ္ၿပီး ဒီဇင္ဘာမွာ ေရာင္းမယ့္ ေမာ္ဒယ္ေတြမွာ ဖန္ကို သံုးမယ္လို႔ ေၾကညာထားပါတယ္။

Ref : gsmarena

[Unicode]

Xiaomi Mi Mix Alpha ရဲ့ အလန်းစား Display ကို ဖန်တီးပေးထားတဲ့ Visionox

ဖုန်း ၁ ခုလုံးနီးပါးကို Display က ပတ်ထားတဲ့ Xiaomi Mi Mix Alpha ဟာ လူတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။ အဲဒီ Display ကို ဖန်တီးပေးထားတာက တရုတ်က Visionox ဖြစ်ပါတယ်။ Xiaomi CEO Lei Jun က Alpha ကို ဖန်တီးဖို့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ အင်ဂျင်နီယာပေါင်း ၁,၀၀၀ ကျော် အလုပ်လုပ်ခဲ့ရပြီး ကုမ္ပဏီဟာ ယွမ် သန်း ၅၀၀ (ဒေါ်လာ သန်း ၇၀) လောက် ရင်းနှီးမြှပ်နှံခဲ့ရတယ်လို့ ပြောပါတယ်။ မြန်မာငွေ သန်းပေါင်း ၁ သိန်းလောက်တောင် ရှိတဲ့ အတွက် နည်းနည်းနောနော ငွေတော့ မဟုတ်ပါဘူး။

Xiaomi နဲ့ Visionox တို့ ပူးပေါင်းဖန်တီးထားတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ Visionox ဟာ Xiaomi ရဲ့ ခေါက်ချိုး ဖုန်း နမူနာအတွက်လည်း ကွေးညွှတ် Display ကို ဖန်တီးပေးခဲ့ပါတယ်။ ၂ ဖက်ခေါက်ချိုးဖုန်း ဖြစ်ပြီး ညာဘက်ခြမ်းကို အနောက်ကို ခေါက်ချိုးသုံးရပါတယ်။

Xiaomi က Visionox ရဲ့ OLED Display တွေ တိုးတက်အောင် သူ့ရဲ့ အင်ဂျင်နီယာတွေကိုတောင် စေလွှတ်ခဲ့ပါသေးတယ်။ Mi Mix Alpha ကို လက်ရှိမှာ ဘောစိတွေပဲ ကိုင်နိုင်ဦးမှာပါ။ ဒါပေမယ့် Display နဲ့ 108MP Camera တွေ တိုးတက် ထုတ်လုပ်နိုင်လာချိန်မှာ ရိုးရိုး စွမ်းရည်မြင့် ဖုန်းတွေနဲ့ ဈေးတူသွားမှာပါ။ နောက်ဆိုရင် ဘောစိ မဟုတ်တဲ့ လူတွေပါ ကိုင်နိုင်တော့မှာပါ။

Visionox ကို ဘေဂျင်းက Tsinghua University မှ OLED Team က ဦးဆောင်နေပါတယ်။ အဲဒီ တက္ကသိုလ်ဟာ ၂၀၂၀ ခုနှစ်ရဲ့ QS World University Ranking မှာ နံပါတ် ၁၆ နေရာကို ရထားပြီး Yale နဲ့ Columbia Universites တွေကိုတောင် နောက်ကောက်ချထားနိုင်ပါတယ်။ Xiaomi ရဲ့ ဥက္ကဌ Lin Bin က လက်ရှိ Mi Mix Alpha ဟာ Display ရဲ့ အထက်မှာ ပလတ်စတစ်ကို သုံးထားတဲ့ နမူနာမော်ဒယ် ဖြစ်ပြီး ဒီဇင်ဘာမှာ ရောင်းမယ့် မော်ဒယ်တွေမှာ ဖန်ကို သုံးမယ်လို့ ကြေညာထားပါတယ်။

Ref : gsmarena