Apple နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေနေတဲ့ Tipster ၁ ယောက်က Apple ဟာ iPhone 15 မှာ ဒီဇိုင်းကို ကြီးကြီးမားမားပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ကိုယ်ထည်ကို တိုက်တေနီယမ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး အနောက်ဘက် ဖန်မျက်နှာပြင်ရဲ့ ထောင့်စွန်းတွေဟာ လုံးဝိုင်းမှာ ဖြစ်ပါတယ်။

Kuo: Apple iPhone 15 Pro to bring solid state volume buttons - GSMArena.com news

အရှေ့ဘက် မျက်နှာပြင်က ပြားချပ်ပြီး iPhone 5C နဲ့ တူညီမှာပါ။ ဖုန်းရဲ့ ဘေးဘက် ဖရိမ်နဲ့ အနောက်ဘက် ဖန်ဟာ ချောမွတ်မှာပါ။ တိုက်တေနီယမ် ကိုယ်ထည် ပါတဲ့အတွက် အလေးချိန်က နည်းပါးသွားမှာပါ။

iPhone 15 Pro to Feature Solid State Buttons [Kuo] - iClarified

TF International Securities ရဲ့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ iPhone 15 Pro နဲ့ Pro Max မှာ Solid State Power နဲ့ Volume Button တွေကို ထည့်သွင်းထားမယ်လို့ ပြောထားဖူးပါတယ်။

အဲဒီ Button အသစ်တွေဟာ iPhone 7 မှာ မိတ်ဆက်ခဲ့ပြီး iPhone SE (2022) မှာ အထိ အသုံးပြုနေဆဲ ဖြစ်တဲ့ Touch ID ဆန်ဆာလို အလုပ်လုပ်မှာဖြစ်ပါတယ်။ ဖရိမ်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ Taptic Engines အပို ၂ ခု ထည့်သွင်းထားတဲ့အတွက် အဲဒီလို အလုပ်လုပ်နိုင်တာပါ။

Solid State Button တွေဟာ ဖိနှိပ်မှုကို အတည်ပြုဖို့ Haptic Feedback ကို ပံ့ပိုးပေးနိုင်ပါတယ်။ အဲဒီ Button အသစ်တွေကို iPhone 15 Pro နဲ့ Pro Max/Ultra မှာပဲ တပ်ဆင်ထားမှာ ဖြစ်ပြီး ရိုးရိုး iPhone 15 မော်ဒယ်တွေမှာ သာမာန် Button ကိုပဲ ထည့်သွင်းထားနိုင်ပါတယ်။ Kuo က Android ဖုန်း ကုမ္ပဏီတွေဟာလည်း Apple ရဲ့ နည်းလမ်းကို အတုခိုးကာ စွမ်းရည်မြင့် ဖုန်းတွေမှာ Solid State Button တွေကို အသုံးပြုလာကြမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Ref : gsmarena