စက်ရုပ် အင်ဂျင်နီယာ ကျောင်းသား ၁ ယောက် ဖြစ်တဲ့ Ken Pillonel ဟာ iPhone X မှာ USB-C Port ကို အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၁ ပတ်မှာ နမူနာမော်ဒယ်ကို လေလံတင် ရောင်းချခဲ့ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ညမှာ လေလံပွဲ ပြီးဆုံးခဲ့ပြီး လေလံဆွဲသူ ၁၁၆ ယောက်ရှိတဲ့အထဲမှာ ဒေါ်လာ ၈၆,၀၀၁ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း ၁,၅၀၀ ကျော်ပြီး iPhone X မှာ USB-C Port တပ်ဆင်ပေးလိုက်တာက ဒီလောက် အဆမတန် ဈေးမြင့်သွားတယ်ဆိုတာ မယုံနိုင်စရာကောင်းပါတယ်။

The bidding on the iPhone has ended

ပြီးခဲ့တဲ့ ၁ ပတ်ထဲမှာတင်ပဲ လေလံဈေးဟာ ဒေါ်လာ ၈၅,၀၀၀ ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်လာ ၈၆,၀၀၁ ရောက်သွားပါတယ်။ ဒီထက်မြင့်တဲ့ ဈေးတွေကို ပေးခဲ့ကြပေမယ့် မကြာခင်မှာပဲ ပြန်ရုပ်သိမ်းသွားခဲ့ကြပါတယ်။ ဒေါ်လာ ၁ သန်းအထိ ပေးတဲ့ သူလည်း ရှိခဲ့ပြီး ၁ နာရီအတွင်း ပယ်ဖျက်လိုက်ပါတယ်။

Pillonel က “ ပထမအဆင့်အနေနဲ့ အီလက်ထရောနစ် အစိတ်အပိုင်းတွေ အလုပ်ကောင်းကောင်းလုပ်သလားဆိုတာ စစ်ဆေးရပါတယ်။ အဲဒီနောက်မှာ Apple C94 Connector ကို Reverse-engineer လုပ်ခဲ့ပြီး Female USB-C Port ပါတဲ့ Custom-made PCB ကို ဖန်တီးခဲ့ပါတယ်။ နောက်ဆုံး အနေနဲ့ အဲဒီ Port ကို ဖုန်းမှာ အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ပါတယ်။ “ လို့ ပြောပါတယ်။

သိန်း ၁,၅၀၀ ကျော်နဲ့ လေလံအောင်သွားသူဟာ ဖုန်းကို ကောင်းကောင်း ကလိလို့ မရဘဲ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ အင်ဂျင်နီယာ Pillonel က ပိုင်ရှင် အသစ်ဟာ ဖုန်းကို Reset , Update , Erase လုပ်လို့ မရသလို အတွင်းပိုင်း အစိတ်အပိုင်းတွေကိုလည်း မကလိဖို့ ပြောထားပါတယ်။

Ref : gsmarena