Zawgyi

Apple ရဲ႕ iOS Device ေတြအတြက္ Dark Mode အပါအဝင္ Feature အမ်ားအျပားပါဝင္လာတဲ့ iOS 13 ဟာ အခုအခ်ိန္မွာေတာ့ Beta အေနနဲ႔ ထြက္ရွိထားျပီးျဖစ္ပါတယ္။

Apple ကေန အခု iOS 13 မွာ အဓိကအေနနဲ႔ Dark Mode ပါဝင္လာတာနဲ႔ Performance Improvement လုိ Feature အသစ္ေတြကို WWDC 2019 မွာ ေျပာၾကားသြားျပီးေတာ့ စင္ေပၚမွာ မေျပာသြားေပမယ့္ အသံုးဝင္တဲ့ iOS 13 Feature ေတြရွိေနပါေသးတယ္။ အခု ဒီ Article မွာေတာ့ Apple က မေၾကညာသြားေပမယ့္ က်ိန္းေသ သိထားသင့္တဲ့ Feature အခ်ိဳ႕ကုိ ေျပာျပသြားမွာပါ။

အေႏွာင့္အယွက္မျဖစ္ေနေတာ့တဲ့ Volume Control

အခုအခ်ိန္အထိ iOS Device ေတြမွာ စိတ္အေႏွာင့္အယွက္ျဖစ္ေနရတဲ့ ကိစၥတစ္ခုက Volume Control က အသံုးျပဳေနတဲ့ Screen ရဲ႕ အလယ္မွာေပၚလာျပီးေတာ့ ၾကည့္ေနတဲ့ ျမင္ကြင္းကို ကြယ္သြားတာပဲျဖစ္ပါတယ္။ iOS 13 မွာေတာ့ Apple က ဒါကို Fix လုပ္ေပးခဲ့ Volume Control က Android Device ေတြမွာလုိမ်ိဳး ေဘးဘက္ကေနပဲ ျမင္ရေတာ့မွာျဖစ္ပါတယ္။

Control Center မွာ ပိုေရြးခ်ယ္ႏုိင္တဲ့ Wi-Fi နဲ႔ Bluetooth Setting

ယခင္တုန္းက iOS Device ေတြမွာ Wi-Fi နဲ႔ Bluetooth ကို Control Center ကေန အဖြင့္အပိတ္ပဲ ျပဳလုပ္ႏုိင္ခဲ့တာျဖစ္ျပီးေတာ့ အခုအခ်ိန္မွာေတာ့ Control Center ကေနပဲ Available ျဖစ္ေနတဲ့ Wi-Fi နဲ႔ Bluetooth Connection ေတြကို ေရြးခ်ယ္ႏုိင္ေတာ့မွာပါ။ ဒါကေသးငယ္တဲ့ Upgrade ေပမယ့္ တကယ္တမ္း အရမ္းအသံုးဝင္လာမယ့္ Feature လုိ႔လည္း ေျပာလုိ႔ရပါတယ္။

3D Touch မပါဘဲ Quick Actions ကို သံုးႏုိင္ျပီ

Apple ကေန မႏွစ္တုန္းက iPhone XR မွာ 3D Touch Feature ကို ျဖဳတ္ထားခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ iOS 13 မွာလည္း 3D Touch ပါမွ အသံုးျပဳႏုိင္တဲ့ Quick Action Feature ကို 3D Touch မပါတဲ့ဖုန္းေတြလည္း အသံုးျပဳႏုိင္ေအာင္ Update ျပဳလုပ္ေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ေနာက္ထြက္မယ့္ iPhone ေတြမွာ 3D Touch ပါလာဖို႔က ပိုျပီး မက်ိန္းေသေတာ့ဘူးလုိ႔ေတာင္ ယူဆရပါတယ္။

Handwriting Keyboard ကို Adjust လုပ္ႏုိင္ျပီ

iOS 13 မွာ ဥပမာ တရုတ္စာလုိမ်ိဳး လက္ေရးနဲ႔ ခ်ေရးရတဲ့ Keyboard ေတြကို အသံုးျပဳခ်င္တယ္ဆုိရင္ Keyboard ရဲ႕ အရြယ္အစားကို ကိုယ္ေရးလို႔ အဆင္ေျပတဲ့အထိ စိတ္ၾကိဳက္ေျပာင္းလဲလုိ႔ရသြားျပီပဲျဖစ္ပါတယ္။ ဒါက လူအမ်ားအတြက္ေတာ့မဟုတ္ေပမယ့္ Handwriting နဲဲ႔ စာေရးတတ္တဲ့သူေတြအတြက္ေတာ့ ပုိအဆင္ေျပသြားမွာပါ။

Optimized Battery Charging စနစ္ပါဝင္လာျပီ

Apple က ဒီ iOS 13 မွာ Battery ကို 100% အထိ အျမဲတမ္းျပည့္ေအာင္ အားသြင္းေနျပီး Battery သက္တမ္းကို တိုေတာင္းေအာင္ လုပ္ေနတာကို ကာကြယ္ႏုိင္တဲ့ Feature တစ္ခုကို ထည့္သြင္းေပးထားပါတယ္။ အခု Feature ကေတာ့ Optimized Battery Charging ပဲျဖစ္ျပီးေတာ့ ဒီ Feature က ကိုယ္အားသြင္းတဲ့ပံုစံေပၚမႈတည္ျပီးေတာ့ အားသြင္းတဲ့အခ်ိန္မွာ Battery ကို 80% အထိေလာက္ပဲ အားသြင္းျပီးေတာ့ အနိမ့္ဆံုး 20% အတြင္းမွာရွိေနေအာင္ Battery သက္တမ္းကို Preserve ျပဳလုပ္ေပးႏုိင္မွာပဲျဖစ္ပါတယ္။

Dual SIM ကို Support ေပးလာတဲ့ iMessage နဲ႔ FaceTime

iPhone ေတြက Dual SIM Feature ကို ျပီးခဲ့တဲ့ iPhone XS ၊ XS Max နဲ႔ XR ဖုန္းေတြထဲက Support ေပးလာတယ္ဆိုေပမယ့္ အခု iOS 13 ၾကမွ အသံုးမ်ားတဲ့ Apps ေတြျဖစ္တဲ့ iMessage နဲ႔ FaceTime က Dual SIM ကို Support ျပဳလုပ္တာပဲျဖစ္ပါတယ္။

App Store ကေန Application ေတြကုိ ဖ်က္ပစ္ႏုိင္ျပီ

iOS Device ေတြမွာ Application တစ္ခုခုကို ဖ်က္ခ်င္တယ္ဆုိရင္ အဲ့ဒီ App ကို Home Screen မွာ လုိက္ရွာျပီးေတာ့ “x” Icon ေပၚလာတဲ့အထိ ဖိထားရတာအလုပ္တစ္ခုပါ။ ဒါေပမယ့္ ဒီ iOS 13 မွာေတာ့ App ကို ဖ်က္ဖုိ႔က ပိုျပီး လြယ္ကူသြားခဲ့ပါျပီ။ ဘာေၾကာင့္လဲဆုိရင္ App Store မွာရွိတဲ့ Account ထဲက Apps မွာတင္ ကိုယ္ၾကိဳက္တဲ့ App ကို ဘယ္ဘက္ကို Swipe ျပဳလုပ္လုိက္တာနဲ႔ ဖ်က္ပစ္ႏုိင္တဲ့ Option ကို ထည့္သြင္းေပးလုိက္တာေၾကာင့္ပါ။

ဒီ Feature ေတြကေတာ့ Apple ကေန iOS 13 နဲ႔ ပတ္သတ္ျပီး ေၾကာ္ျငာသြားျခင္းမရွိေပမယ့္ ေန႔စဥ္အသံုးျပဳမႈေတြမွာ သိသိသာသာကို အသံုးဝင္လာႏုိင္တဲ့ Feature ေတြပဲျဖစ္ပါတယ္။

Ref – Mashable

Unicode

Apple ရဲ့ iOS Device တွေအတွက် Dark Mode အပါအဝင် Feature အများအပြားပါဝင်လာတဲ့ iOS 13 ဟာ အခုအချိန်မှာတော့ Beta အနေနဲ့ ထွက်ရှိထားပြီးဖြစ်ပါတယ်။

Apple ကနေ အခု iOS 13 မှာ အဓိကအနေနဲ့ Dark Mode ပါဝင်လာတာနဲ့ Performance Improvement လို Feature အသစ်တွေကို WWDC 2019 မှာ ပြောကြားသွားပြီးတော့ စင်ပေါ်မှာ မပြောသွားပေမယ့် အသုံးဝင်တဲ့ iOS 13 Feature တွေရှိနေပါသေးတယ်။ အခု ဒီ Article မှာတော့ Apple က မကြေညာသွားပေမယ့် ကျိန်းသေ သိထားသင့်တဲ့ Feature အချို့ကို ပြောပြသွားမှာပါ။

အနှောင့်အယှက်မဖြစ်နေတော့တဲ့ Volume Control

အခုအချိန်အထိ iOS Device တွေမှာ စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ ကိစ္စတစ်ခုက Volume Control က အသုံးပြုနေတဲ့ Screen ရဲ့ အလယ်မှာပေါ်လာပြီးတော့ ကြည့်နေတဲ့ မြင်ကွင်းကို ကွယ်သွားတာပဲဖြစ်ပါတယ်။ iOS 13 မှာတော့ Apple က ဒါကို Fix လုပ်ပေးခဲ့ Volume Control က Android Device တွေမှာလိုမျိုး ဘေးဘက်ကနေပဲ မြင်ရတော့မှာဖြစ်ပါတယ်။

Control Center မှာ ပိုရွေးချယ်နိုင်တဲ့ Wi-Fi နဲ့ Bluetooth Setting

ယခင်တုန်းက iOS Device တွေမှာ Wi-Fi နဲ့ Bluetooth ကို Control Center ကနေ အဖွင့်အပိတ်ပဲ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ Control Center ကနေပဲ Available ဖြစ်နေတဲ့ Wi-Fi နဲ့ Bluetooth Connection တွေကို ရွေးချယ်နိုင်တော့မှာပါ။ ဒါကသေးငယ်တဲ့ Upgrade ပေမယ့် တကယ်တမ်း အရမ်းအသုံးဝင်လာမယ့် Feature လို့လည်း ပြောလို့ရပါတယ်။

3D Touch မပါဘဲ Quick Actions ကို သုံးနိုင်ပြီ

Apple ကနေ မနှစ်တုန်းက iPhone XR မှာ 3D Touch Feature ကို ဖြုတ်ထားခဲ့ပါတယ်။ အခုအချိန်မှာတော့ iOS 13 မှာလည်း 3D Touch ပါမှ အသုံးပြုနိုင်တဲ့ Quick Action Feature ကို 3D Touch မပါတဲ့ဖုန်းတွေလည်း အသုံးပြုနိုင်အောင် Update ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် နောက်ထွက်မယ့် iPhone တွေမှာ 3D Touch ပါလာဖို့က ပိုပြီး မကျိန်းသေတော့ဘူးလို့တောင် ယူဆရပါတယ်။

Handwriting Keyboard ကို Adjust လုပ်နိုင်ပြီ

iOS 13 မှာ ဥပမာ တရုတ်စာလိုမျိုး လက်ရေးနဲ့ ချရေးရတဲ့ Keyboard တွေကို အသုံးပြုချင်တယ်ဆိုရင် Keyboard ရဲ့ အရွယ်အစားကို ကိုယ်ရေးလို့ အဆင်ပြေတဲ့အထိ စိတ်ကြိုက်ပြောင်းလဲလို့ရသွားပြီပဲဖြစ်ပါတယ်။ ဒါက လူအများအတွက်တော့မဟုတ်ပေမယ့် Handwriting နဲ့ စာရေးတတ်တဲ့သူတွေအတွက်တော့ ပိုအဆင်ပြေသွားမှာပါ။

Optimized Battery Charging စနစ်ပါဝင်လာပြီ

Apple က ဒီ iOS 13 မှာ Battery ကို 100% အထိ အမြဲတမ်းပြည့်အောင် အားသွင်းနေပြီး Battery သက်တမ်းကို တိုတောင်းအောင် လုပ်နေတာကို ကာကွယ်နိုင်တဲ့ Feature တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ အခု Feature ကတော့ Optimized Battery Charging ပဲဖြစ်ပြီးတော့ ဒီ Feature က ကိုယ်အားသွင်းတဲ့ပုံစံပေါ်မှုတည်ပြီးတော့ အားသွင်းတဲ့အချိန်မှာ Battery ကို 80% အထိလောက်ပဲ အားသွင်းပြီးတော့ အနိမ့်ဆုံး 20% အတွင်းမှာရှိနေအောင် Battery သက်တမ်းကို Preserve ပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

Dual SIM ကို Support ပေးလာတဲ့ iMessage နဲ့ FaceTime

iPhone တွေက Dual SIM Feature ကို ပြီးခဲ့တဲ့ iPhone XS ၊ XS Max နဲ့ XR ဖုန်းတွေထဲက Support ပေးလာတယ်ဆိုပေမယ့် အခု iOS 13 ကြမှ အသုံးများတဲ့ Apps တွေဖြစ်တဲ့ iMessage နဲ့ FaceTime က Dual SIM ကို Support ပြုလုပ်တာပဲဖြစ်ပါတယ်။

App Store ကနေ Application တွေကို ဖျက်ပစ်နိုင်ပြီ

iOS Device တွေမှာ Application တစ်ခုခုကို ဖျက်ချင်တယ်ဆိုရင် အဲ့ဒီ App ကို Home Screen မှာ လိုက်ရှာပြီးတော့ “x” Icon ပေါ်လာတဲ့အထိ ဖိထားရတာအလုပ်တစ်ခုပါ။ ဒါပေမယ့် ဒီ iOS 13 မှာတော့ App ကို ဖျက်ဖို့က ပိုပြီး လွယ်ကူသွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုရင် App Store မှာရှိတဲ့ Account ထဲက Apps မှာတင် ကိုယ်ကြိုက်တဲ့ App ကို ဘယ်ဘက်ကို Swipe ပြုလုပ်လိုက်တာနဲ့ ဖျက်ပစ်နိုင်တဲ့ Option ကို ထည့်သွင်းပေးလိုက်တာကြောင့်ပါ။

ဒီ Feature တွေကတော့ Apple ကနေ iOS 13 နဲ့ ပတ်သတ်ပြီး ကြော်ငြာသွားခြင်းမရှိပေမယ့် နေ့စဉ်အသုံးပြုမှုတွေမှာ သိသိသာသာကို အသုံးဝင်လာနိုင်တဲ့ Feature တွေပဲဖြစ်ပါတယ်။

Ref – Mashable