[Unicode]

ကူးစက်မှု မြန်နေတဲ့ ဝူဟန် ဗိုင်းရက်စ်ကြောင့် ကုမ္ပဏီတွေရဲ့ ကုန်ထုတ်လုပ်မှုကို ထိခိုက်နေပါတယ်။ အဲဒီထဲမှာ Samsung Galaxy S20 Series တွေရဲ့ Accessories တွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက် Galaxy S20 Series တွေ စရောင်းတဲ့အချိန်မှာ Cases နဲ့ Screen Protectors တွေလို Accessories တွေကို ဝယ်ယူလို့ ရနိုင်မှာ မဟုတ်ပါဘူး။

MobileFun က ကိုရိုနာ ဗိုင်းရက်စ်ကြောင့် တရုတ် နှစ်သစ်ကူး အားလပ်ရက်တွေကို တိုးမြှင့်ထားတဲ့အတွက် ကုန်ထုတ်လုပ်မှု နောက်ကျမယ်ဆိုတဲ့ ကုမ္ပဏီတွေရဲ့ စာတွေကို ရရှိခဲ့ပါတယ်။ တရုတ် အစိုးရက ဗိုင်းရက်စ် ကူးစက်တာကို ထိန်းချုပ်ဖို့အတွက် အားလပ်ရက် ကာလကို တိုးမြှင့်ပေးထားပါတယ်။ အဲဒီအတွက် စက်ရုံများစွာဟာ လုပ်ငန်းတွေကို ရပ်နားထားရပါတယ်။

ဒါ့အပြင် တရုတ်က ထုတ်ကုန်တွေကို အနောက်နိုင်ငံတွေကို ပေးပို့ရာမှာလည်း ကန့်သတ်ချက်တွေ ရှိနေပါတယ်။ အဲဒီအတွက် ကုန်ပစ္စည်း အသစ်တွေ ရောင်းချတဲ့ အချိန်လည်း နောက်ကျသွားနိုင်ပါတယ်။ Galaxy S20 Series တွေရဲ့ Accessories တွေကို စောစောရတဲ့ လူတွေကတော့ ကံကောင်းတယ်လို့ ပြောနိုင်မှာပါ။

အခုဆိုရင် ကိုရိုနာဗိုင်းရက်စ်ကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) က အရေးပေါ် အခြေအနေ သတ်မှတ်လိုက်ပါပြီ။ တရုတ်မှာတင် မကဘဲ တခြား နိုင်ငံတွေမှာပါ ကူးစက်နေတဲ့အတွက် ဒီလို ကြေညာလိုက်တာလို့ WHO ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Google ဟာ တရုတ်က ရုံးတွေကို ယာယီ ပိတ်လိုက်ပြီး Apple နဲ့ Facebook တို့ကလည်း ဝန်ထမ်းတွေ တရုတ် သွားတာကို ယာယီ ရပ်နားထားပါတယ်။

Ref : gsmarena

[Zawgyi]

ဝူဟန္ ဗိုင္းရက္စ္ေၾကာင့္ Galaxy S20 Accessories ထုတ္လုပ္တာ ထိခိုက္မည္

ကူးစက္မႈ ျမန္ေနတဲ့ ဝူဟန္ ဗိုင္းရက္စ္ေၾကာင့္ ကုမၸဏီေတြရဲ႕ ကုန္ထုတ္လုပ္မႈကို ထိခိုက္ေနပါတယ္။ အဲဒီထဲမွာ Samsung Galaxy S20 Series ေတြရဲ႕ Accessories ေတြလည္း ပါဝင္ပါတယ္။ အဲဒီအတြက္ Galaxy S20 Series ေတြ စေရာင္းတဲ့အခ်ိန္မွာ Cases နဲ႔ Screen Protectors ေတြလို Accessories ေတြကို ဝယ္ယူလို႔ ရႏိုင္မွာ မဟုတ္ပါဘူး။

MobileFun က ဗိုင္းရက္စ္ေၾကာင့္ တ႐ုတ္ ႏွစ္သစ္ကူး အားလပ္ရက္ေတြကို တိုးျမႇင့္ထားတဲ့အတြက္ ကုန္ထုတ္လုပ္မႈ ေနာက္က်မယ္ဆိုတဲ့ ကုမၸဏီေတြရဲ႕ စာေတြကို ရရွိခဲ့ပါတယ္။ တ႐ုတ္ အစိုးရက ဗိုင္းရက္စ္ ကူးစက္တာကို ထိန္းခ်ဳပ္ဖို႔အတြက္ အားလပ္ရက္ ကာလကို တိုးျမႇင့္ေပးထားပါတယ္။ အဲဒီအတြက္ စက္႐ုံမ်ားစြာဟာ လုပ္ငန္းေတြကို ရပ္နားထားရပါတယ္။

ဒါ့အျပင္ တ႐ုတ္က ထုတ္ကုန္ေတြကို အေနာက္ႏိုင္ငံေတြကို ေပးပို႔ရာမွာလည္း ကန႔္သတ္ခ်က္ေတြ ရွိေနပါတယ္။ အဲဒီအတြက္ ကုန္ပစၥည္း အသစ္ေတြ ေရာင္းခ်တဲ့ အခ်ိန္လည္း ေနာက္က်သြားႏိုင္ပါတယ္။ Galaxy S20 Series ေတြရဲ႕ Accessories ေတြကို ေစာေစာရတဲ့ လူေတြကေတာ့ ကံေကာင္းတယ္လို႔ ေျပာႏိုင္မွာပါ။

အခုဆိုရင္ ကို႐ိုနာဗိုင္းရက္စ္ကို ကမာၻ႔ က်န္းမာေရး အဖြဲ႕အစည္း (WHO)က အေရးေပၚ အေျခအေန သတ္မွတ္လိုက္ပါၿပီ။ တ႐ုတ္မွာတင္ မကဘဲ တျခား ႏိုင္ငံေတြမွာပါ ကူးစက္ေနတဲ့အတြက္ ဒီလို ေၾကညာလိုက္တာလို႔ WHO ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ Google ဟာ တ႐ုတ္က ႐ုံးေတြကို ယာယီ ပိတ္လိုက္ၿပီး Apple နဲ႔ Facebook တို႔ကလည္း ဝန္ထမ္းေတြ တ႐ုတ္ သြားတာကို ယာယီ ရပ္နားထားပါတယ္။

Ref : gsmarena