မကြာခင်ကမှ ပူပူနွေးနွေး ကြေညာထားတဲ့ Xiaomi 12T နဲ့ 12T Pro မှာ Android 12 အခြေပြု MIUI 13 ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းက အဲဒီ စမတ်ဖုန်းတွေဟာ အဓိက OS Update ၃ ခုကို ရရှိမှာ ဖြစ်ပါတယ်။

Xiaomi 12T Pro arrives with 200MP camera and SD 8+ Gen 1, 12T gets a 108MP cam - GSMArena.com news

နောက်ဆုံး OS Version အနေနဲ့ Android 15 ကို ရရှိမှာ ဖြစ်ပြီး Security Patch ကို ၄ နှစ်ကြာ ရရှိမှာ ဖြစ်ပါတယ်။

Xiaomi debuts 12T and 12T Pro, Pro model features 200MP camera

Xiaomi က 12T Series ဝယ်ယူသူတွေအတွက် အထူး အစီအစဉ်တွေကို ပြုလုပ်ပေးနေပါတယ်။ Xiaomi 12T နဲ့ 12T Pro ဝယ်ယူသူတွေဟာ ပထမဆုံး ၆ လအတွင်း မျက်နှာပြင် ပြုပြုင်မှုကို ၁ ကြိမ် အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက အဲဒီ စမတ်ဖုန်းတွေကို ဝယ်ယူပြီး ၁၂ လအတွင်း ပြုပြင်မယ်ဆိုရင် လက်ခ ပေးစရာ မလိုပါဘူး။ တည်နေရာ အလိုက် ကွဲပြားမှုတွေ ရှိတဲ့အတွက် သင့် ဒေသက Xiaomi ရုံးခွဲရဲ့ Terms and Conditions ကို အရင်ဆုံး လေ့လာဖို့ လိုအပ်ပါတယ်။

Xiaomi က ပြီးခဲ့တဲ့ ရက်ကပဲ Xiaomi 12T နဲ့ 12T Pro ကို ကြေညာခဲ့ပြီး Xiaomi 12T Pro ဟာ 200MP ကင်မရာ ပါတဲ့ Xiaomi ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ Xiaomi 12T မှာတော့ 108MP ကင်မရာ ထည့်သွင်းထားပါတယ်။

Ref : gsmarena