[Zawgyi]

Motorola ကေတာ့ Moto Z3 ကို ဆက္ခံတဲ့ဖုန္းအျဖစ္ 48MP ကင္မရာနဲ႔ Moto Z4 ကို တရားဝင္ မိတ္ဆက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ Snapdragon 675 SoC ကို 4GB of RAM, 128GB storage နဲ႔ တြဲဖက္ထားတဲ့ Moto Z4 ထြက္လာေပမယ့္လည္း ေကာလာဟလသတင္းေတြထဲမွာ Moto Z4 Force နဲ႔ Moto Z4 Play ဆိုၿပီးေတာ့လည္း က်န္ရွိေနပါေသးတယ္။

ဒါေပမယ့္ Motorola ကေတာ့ သတင္းတစ္ခုကို အတည္ျပဳထုတ္ျပန္လိုက္ပါတယ္။ အဲဒါကေတာ့ ဒီႏွစ္ထဲမွာ Moto Z လိုင္းအတြက္ Moto Z4 တစ္မ်ိဳးတည္းသာ ထြက္ရွိမွာျဖစ္တယ္ဆိုတဲ့ သတင္းပဲျဖစ္ပါတယ္။ ဒီေတာ့ Moto Z4 Force နဲ႔ Moto Z4 Play တို႔ ရွိလာမွာမဟုတ္ဘူးလို႔လည္း အဓိပၸါယ္ရေနပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္တုန္းက Moto Z3 Play နဲ႔ Moto Z3 တို႔က အတူတစ္ကြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။ ဒီလိုပဲ ၂၀၁၈ ခုႏွစ္မွာကတည္းက Moto Z3 Force ဆိုတာလည္း မရွိခဲ့ပါဘူး။ Force အေနနဲ႔ေနာက္ဆုံးထြက္ခဲ့တာကေတာ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လတုန္းက Moto Z2 Force ပဲ ျဖစ္ပါတယ္။ ဒီေတာ့ Motorola ဟာ Z4 သီးသန႔္ပဲ ႐ိုး႐ိုးရွင္းရွင္းထုတ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ ယူဆရပါတယ္။

ဒီလိုမ်ိဳး Moto Z4 တစ္မ်ိဳးတည္း ထုတ္လုပ္တာဟာ ကုမၸဏီအတြက္ ေကာင္းမြန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ႏိုင္ေပမယ့္ တစ္ဘက္က ျပန္ၾကည့္မယ္ဆိုရင္ေတာ့

လက္ရွိ ထုတ္လုပ္မႈပုံစံေတြကို ၾကည့္ရရင္ေတာ့ Motorola ဟာ Lower-end နဲ႔ Mid-range နယ္ေတြမွာ အခိုင္အမာ ေနရာတစ္ခုကို ရယူဖို႔ႀကိဳးပမ္းေနတယ္လို႔ ယူဆရပါတယ္။ ဒါေၾကာင့္ Snapdragon 855 သုံးထားမယ့္ Flagship ဖုန္းစစ္စစ္ေတြကို လတ္တေလာကာလအတြင္းမွာ ေမွ်ာ္လင့္လို႔မရဘူးလို႔ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

Moto Z4 Force ဒါမှမဟုတ် Moto Z4 Play ထွက်လာမှာမဟုတ်ဘူးလို့ Motorola အတည်ပြု

Motorola ကတော့ Moto Z3 ကို ဆက်ခံတဲ့ဖုန်းအဖြစ် 48MP ကင်မရာနဲ့ Moto Z4 ကို တရားဝင် မိတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ Snapdragon 675 SoC ကို 4GB of RAM, 128GB storage နဲ့ တွဲဖက်ထားတဲ့ Moto Z4 ထွက်လာပေမယ့်လည်း ကောလာဟလသတင်းတွေထဲမှာ Moto Z4 Force နဲ့ Moto Z4 Play ဆိုပြီးတော့လည်း ကျန်ရှိနေပါသေးတယ်။

ဒါပေမယ့် Motorola ကတော့ သတင်းတစ်ခုကို အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ ဒီနှစ်ထဲမှာ Moto Z လိုင်းအတွက် Moto Z4 တစ်မျိုးတည်းသာ ထွက်ရှိမှာဖြစ်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီတော့ Moto Z4 Force နဲ့ Moto Z4 Play တို့ ရှိလာမှာမဟုတ်ဘူးလို့လည်း အဓိပ္ပါယ်ရနေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းက Moto Z3 Play နဲ့ Moto Z3 တို့က အတူတစ်ကွ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပဲ ၂၀၁၈ ခုနှစ်မှာကတည်းက Moto Z3 Force ဆိုတာလည်း မရှိခဲ့ပါဘူး။ Force အနေနဲ့နောက်ဆုံးထွက်ခဲ့တာကတော့ ၂၀၁၇ ခုနှစ် သြဂုတ်လတုန်းက Moto Z2 Force ပဲ ဖြစ်ပါတယ်။ ဒီတော့ Motorola ဟာ Z4 သီးသန့်ပဲ ရိုးရိုးရှင်းရှင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။

ဒီလိုမျိုး Moto Z4 တစ်မျိုးတည်း ထုတ်လုပ်တာဟာ ကုမ္ပဏီအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်နိုင်ပေမယ့် တစ်ဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ Motorola ရဲ့ Force ဒါမှမဟုတ် Play Edition တွေကို စောင့်မျှော်နေကြတဲ့ Fan တွေအတွက် ဝမ်းနည်းစရာ သတင်းတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

လက်ရှိ ထုတ်လုပ်မှုပုံစံတွေကို ကြည့်ရရင်တော့ Motorola ဟာ Lower-end နဲ့ Mid-range နယ်တွေမှာ အခိုင်အမာ နေရာတစ်ခုကို ရယူဖို့ကြိုးပမ်းနေတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် Snapdragon 855 သုံးထားမယ့် Flagship ဖုန်းစစ်စစ်တွေကို လတ်တလောကာလအတွင်းမှာ မျှော်လင့်လို့မရဘူးလို့ ဆိုရမှာပါ။

Ref: GSMArena