[Zawgyi]

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ U.S. Carrier ေတြအေနနဲ႔ Huawei ကထုတ္လုပ္တဲ့ နည္းပညာသုံး ထုတ္ကုန္နဲ႔အစိတ္အပိုင္းေတြကို ကြန္ရက္ဆိုင္ရာ အေျခခံအေဆာက္အအုံေတြမွာ မသုံးစြဲဖို႔ ႏိုင္ငံေတာ္အဆင့္တရားဝင္ ပိတ္ပင္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

Huawie နဲ႔ ZTE တို႔ရဲ႕ ထုတ္ကုန္အစိတ္အပိုင္းေတြကို ကြန္ရက္ဆိုင္ရာ အေျခခံအေဆာက္အုံေတြမွာ အသုံးျပဳျခင္းက ႏိုင္ငံေတာ္ရဲ႕အမ်ိဳးသားလုံၿခဳံေရးကို ထိခိုက္ေစတယ္လို႔စြပ္စြဲထားတာပါ။ Huawei ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ယတိျပတ္ျငင္းဆန္ထားသလို ကုမၸဏီအေနနဲ႔ တ႐ုတ္အစိုးရအတြက္ လုံးဝ လုပ္ေဆာင္ေပးျခင္း မရွိဘူးလို႔လည္း ေျပာဆိုခဲ့ပါတယ္။

လက္ရွိအေျခအေနမွာ Huawei ထုတ္ ပစၥည္းကိရိယာေတြကို အေမရိကန္နဲ႔ အျခားမဟာမိတ္ႏိုင္ငံအခ်ိဳ႕က အသုံးမျပဳဘူးလို႔ ဆိုထားေပမယ့္လည္း Huawei ရဲ႕ တည္ေထာင္သူျဖစ္တဲ့ ရင္က်န႔္ေဖး ကေတာ့ အေမရိကန္အေနနဲ႔ Huawei ကို ဘယ္လိုနည္းနဲ႔မွ ဖ်က္ဆီးႏိုင္မွာမဟုတ္ဘူးလို႔ BBC ရဲ႕ ေတြ႕ဆုံေမးျမန္းမႈမွာ ျပန္ေျဖသြားခဲ့တာ ျဖစ္ပါတယ္။

“U.S. အေနနဲ႔ ကြၽန္ေတာ္တို႔ကို ဘယ္နည္းနဲ႔မွ ဖ်က္ဆီးႏိုင္မွာ မဟုတ္ပါဘူး။ ကမာၻႀကီးက ကြၽန္ေတာ္တို႔ကို ထားခဲ့ႏိုင္မွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ပိုၿပီးအေရွ႕ေရာက္ေနလို႔ပါပဲ။ သူတို႔အေနနဲ႔ ကြၽန္ေတာ္တို႔ပစၥည္းေတြမသုံးဖို႔ ႏိုင္ငံအခ်ိဳ႕ကို ယာယီစည္း႐ုံးႏိုင္တယ္ဆိုရင္ေတာင္မွ ကြၽန္ေတာ္တို႔အေနနဲ႔ အရာေတာ္ေတာ္မ်ားမ်ားကို ခ်ိန္ဆကိုင္တြယ္ႏိုင္ပါတယ္” လို႔ ရင္က်န႔္ေဖးက ေျပာပါတယ္။

“အကယ္၍ အေနာက္ဘက္မွာ အလင္းေရာင္မရွိေတာ့ဘူးဆိုရင္ အေရွ႕ဘက္ကေတာ့ ထြန္းလင္းေနဦးမွာပါပဲ။ အကယ္၍ ေျမာက္ဘက္က ေမွာင္မိုက္သြားရင္ ေတာင္ဘက္ျခင္းကေတာ့ ရွိေနဦးမွာပါပဲ။ အေမရိကန္ဟာ ကမာၻႀကီးတစ္ခုလုံးကို ကိုယ္စားမျပဳပါဘူး။ အေမရိကန္ဆိုတာ ကမာၻ႔ရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ပဲ ကိုယ္စားျပဳတာပါ”

Huawei ရဲ႕ 4G ကြန္ရက္သုံး ပစၥည္းကိရိယာေတြဟာ ႏိုင္ငံေပါင္း ၄၀ ေက်ာ္မွာ အသုံးျပဳေနတယ္လို႔ သိရွိရၿပီး လာမယ့္ 5G ကြန္ရက္အတြက္လည္း Huawei ရဲ႕ ပစၥည္းကိရိယာေတြကို လိုအပ္ေနတာ ျဖစ္ပါတယ္။ အကယ္၍ အသုံးမျပဳဖို႔ ဆုံးျဖတ္မယ္ဆိုရင္ေတာ့ 5G ကြန္ရက္ခ်ိတ္ဆက္မႈနဲ႔ နည္းပညာတိုးတက္မႈမွာ ေႏွးေကြးသြားမယ့္ အေျခအေနတစ္ရပ္ကို ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

အမေရိကန် အနေနဲ့ Huawei ကို ဘယ်လိုနည်းနဲ့မှ မဖျက်ဆီးနိုင်ဘူးလို့ တည်ထောင်သူ ရင်ကျန့်ဖေး ပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ U.S. carrier တွေအနေနဲ့ Huawei ကထုတ်လုပ်တဲ့ နည်းပညာသုံး ထုတ်ကုန်နဲ့အစိတ်အပိုင်းတွေကို ကွန်ရက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေမှာ မသုံးစွဲဖို့ နိုင်ငံတော်အဆင့်တရားဝင် ပိတ်ပင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Huawie နဲ့ ZTE တို့ရဲ့ ထုတ်ကုန်အစိတ်အပိုင်းတွေကို ကွန်ရက်ဆိုင်ရာ အခြေခံအဆောက်အုံတွေမှာ အသုံးပြုခြင်းက နိုင်ငံတော်ရဲ့အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်လို့စွပ်စွဲထားတာပါ။ Huawei ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ယတိပြတ်ငြင်းဆန်ထားသလို ကုမ္ပဏီအနေနဲ့ တရုတ်အစိုးရအတွက် လုံးဝ လုပ်ဆောင်ပေးခြင်း မရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ Huawei ထုတ် ပစ္စည်းကိရိယာတွေကို အမေရိကန်နဲ့ အခြားမဟာမိတ်နိုင်ငံအချို့က အသုံးမပြုဘူးလို့ ဆိုထားပေမယ့်လည်း Huawei ရဲ့ တည်ထောင်သူဖြစ်တဲ့ ရင်ကျန့်ဖေး ကတော့ အမေရိကန်အနေနဲ့ Huawei ကို ဘယ်လိုနည်းနဲ့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူးလို့ BBC ရဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြန်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။

“U.S. အနေနဲ့ ကျွန်တော်တို့ကို ဘယ်နည်းနဲ့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာကြီးက ကျွန်တော်တို့ကို ထားခဲ့နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပိုပြီးအရှေ့ရောက်နေလို့ပါပဲ။ သူတို့အနေနဲ့ ကျွန်တော်တို့ပစ္စည်းတွေမသုံးဖို့ နိုင်ငံအချို့ကို ယာယီစည်းရုံးနိုင်တယ်ဆိုရင်တောင်မှ ကျွန်တော်တို့အနေနဲ့ အရာတော်တော်များများကို ချိန်ဆကိုင်တွယ်နိုင်ပါတယ်” လို့ ရင်ကျန့်ဖေးက ပြောပါတယ်။

“အကယ်၍ အနောက်ဘက်မှာ အလင်းရောင်မရှိတော့ဘူးဆိုရင် အရှေ့ဘက်ကတော့ ထွန်းလင်းနေဦးမှာပါပဲ။ အကယ်၍ မြောက်ဘက်က မှောင်မိုက်သွားရင် တောင်ဘက်ခြင်းကတော့ ရှိနေဦးမှာပါပဲ။ အမေရိကန်ဟာ ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ အမေရိကန်ဆိုတာ ကမ္ဘာ့ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပဲ ကိုယ်စားပြုတာပါ”

Huawei ရဲ့ 4G ကွန်ရက်သုံး ပစ္စည်းကိရိယာတွေဟာ နိုင်ငံပေါင်း ၄၀ ကျော်မှာ အသုံးပြုနေတယ်လို့ သိရှိရပြီး လာမယ့် 5G ကွန်ရက်အတွက်လည်း Huawei ရဲ့ ပစ္စည်းကိရိယာတွေကို လိုအပ်နေတာ ဖြစ်ပါတယ်။ အကယ်၍ အသုံးမပြုဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ 5G ကွန်ရက်ချိတ်ဆက်မှုနဲ့ နည်းပညာတိုးတက်မှုမှာ နှေးကွေးသွားမယ့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Ref: Android Authority