Microsoft ဟာ Windows 11 ကို မိတ်ဆက်ခဲ့တာ အခုဆိုရင် လပိုင်းရှိနေပြီဖြစ်သလို မကြာခင်မှာ တရားဝင် Stable Version အနေနဲ့ Update ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်။ Windows 11 ဟာ UI Design ပိုင်းမှာလည်း အများအပြားပြောင်းလဲမှုတွေပြုလုပ်ထားသလို Feature ပိုင်းမှာလည်း အသစ်တွေပါဝင်လာမယ်လို့ သိရပါတယ်။

အခု Article မှာတော့ Microsoft Windows 11 မှာပါဝင်တဲ့ System App တွေထဲမှာ ယခင်တုန်းကနဲ့မတူညီဘဲ လုံးဝပြောင်းလဲသွားမယ့် System App တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Windows 11 Clock (Focus Sessions)

Windows 11 ဟာ လုံးဝ Basic အဖြစ်ဆုံး App တစ်ခုဖြစ်တဲ့ Clock App ကို လုံးဝယခင်တုန်းကနဲ့မတူအောင် အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။ Clock App ဟာ ပုံမှန်ပါဝင်တဲ့ Timers ၊ Alarms ၊ Stopwatch ၊ World Clock တွေအပါအဝင် Microsoft ကနေ Windows 11 မှာ Focus Sessions နဲ့ Microsoft To-Do Feature တွေကိုပါ အသစ်ထည့်သွင်းပေးထားပါတယ်။

အခုလိုမျိုး Focus Sessions ပါဝင်မှာဖြစ်တာကြောင့် ကိုယ်အလုပ်လုပ်တဲ့အချိန်မှာ အာရုံစိုက်ပြီး အလုပ်လုပ်နိုင်မှာဖြစ်ပြီး Spotify နဲ့ပါ ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်ဦးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Microsoft To-Do Feature ကိုပါ ထည့်သွင်းထားတာကြောင့် ကိုယ်အလုပ်လုပ်စရာရှိတဲ့အချက်တွေကို အမြဲတမ်း Listing ထားနိုင်မှာဖြစ်ပါတယ်။

Windows 11 Paint

Microsoft ရဲ့ Paint App ဟာ ဟိုးယခင်ထဲက အသုံးပြုသူများပြားတဲ့ App တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Windows 10 မှာတုန်းက Paint 3D နာမည်နဲ့ အသစ်ပြောင်းလဲခဲ့သလို Windows 11 မှာလည်း နောက်ထပ်ပြောင်းလဲမှုတွေကို ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် Windows 11 မှာပါဝင်လာမယ့် Paint App အသစ်ဟာ Feature ပိုင်းအများအပြားပြောင်းလဲမှာထက် User Interface ပိုင်းကိုပဲ ပြောင်းလဲသွားနိုင်ခြေရှိနေပါတယ်။ ဘယ်လိုမျိုး Feature တွေအသစ်ပါဝင်လာမလဲဆိုတာကိုတေ့ာ အတိအကျမသိရသေးပေမယ့် Iconography ပိုင်းမှာ Update ပြုလုပ်ပေးနိုင်ပါတယ်။

Windows 11 Calculator

Windows 11 မှာပါဝင်လာတဲ့ Calculator ဟာ ယခင်တုန်းက Calculator App တွေနဲ့ ယှဥ်ရင် သိသိသာသာကို ပိုကောင်းလာစေမှာဖြစ်ပါတယ်။ ပုံမှန်ပြုလုပ်နေကြ Calculation ၊ Measurement ၊ Currency ၊ Scientific နဲ့ Programmer Calculator တွေအပြင် Graphing Calculator Feature ကိုပါ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Windows 11 ရဲ့ Calculator App ဟာ ယခင်နဲ့မတူညီဘဲ C# နဲ့ အသစ်ပြန်လည်ရေးထားတာကြောင့် အသုံးပြုရတာ ပြောင်းလဲသွားမှာကတော့ သေချာနေပါတယ်။

Windows 11 Snipping Tool

Microsoft ဟာ Screenshot Taking App တစ်ခုဖြစ်တဲ့ Snipping Tool ကို Snip & Sketch လို့ ပြောင်းလဲပြီး Windows 10 မှာပြောင်းလဲမိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Windows 11 မှာ အဆိုပါ Snipping Tool နဲ့ Snip & Sketch Feature ၂ မျိုးကို ပေါင်းစပ်ပြီး Snipping Tool အသစ်ကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Microsoft ရဲ့ Snipping Tool အသစ်ဟာ လက်ရှိ Snip & Sketch ရဲ့ Shortcut ဖြစ်တဲ့ Windows + Shift + S ကိုပဲ အသုံးပြုရဦးမှာဖြစ်ပြီး Dark Mode အပြင် တခြားသော Feature အသစ်တွေကိုပါထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

Windows 11 Mail and Calendar

Windows မှာပါဝင်တဲ့ Mail နဲ့ Calendar App တွေကို အသုံးပြုသူနည်းပါးနေတုန်းလို့တောင်ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ Microsoft ကနေ Windows 11 မှာ Mail နဲ့ Calendar App ကို Application တစ်ခုထဲကနေ အသုံးပြုနိုင်အောင် ပြောင်းလဲပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Windows 11 ရဲ့ Mail App ထဲက Calendar Event တွေကို Microsoft Calendar App မှာ တခါတည်းထည့်ထားနိုင်ပြီဖြစ်ပါတယ်။

Ref – PC World