Android မှာ Video တွေ ရိုက်ကူးပြီး Facebook,  YouTube, TikTok တို့မှာ တင်နေသူတွေအတွက် Video Editor ကောင်းကောင်းတစ်ခု လိုအပ်ပါတယ်။ Android အတွက် Video Editor App များစွာ ရှိတဲ့အနက် အကောင်းဆုံးတွေကို ဖော်ပြလိုက်ပါတယ်။

InShot

InShot video editor app

InShot ဟာ Play Store မှာ နာမည်အကြီးဆုံး Video Editor တွေထဲက တစ်ခု ဖြစ်ပြီး Trim လုပ်တာ၊ Video တွေကို ဆက်တာ၊ နောက်ခံ သီချင်းတွေ ထည့်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Aspect Ratio ပြောင်းတာ၊ Rotate လုပ်တာ၊ စတစ်ကာတွေ ထည့်တာ၊ Animation ပါတဲ့ စာသားတွေ ထည့်တာ၊ ဗီဒီယို ၂ ခုအတွက် Picture-in-picture တွေ ဖန်တီးတာတွေက မိုက်ပါတယ်။

Download

Splice

Splice Video Editor

Splice မှာ InShot ရဲ့ လုပ်ဆောင်ချက်များစွာ ပါပြီး Editing Tool တွေ စုံလင်ပါတယ်။ Video များစွာကို ပေါင်းစပ်နိုင်ပြီး Video တွေအကြားမှာ Crossfades တွေပါ ထည့်သွင်းနိုင်ပါတယ်။ Zoom ပြုလုပ်နိုင်တဲ့အတွက် Edit လုပ်ရာမှာ တိကျစေပါတယ်။ Splice မှာ InShot လောက်လုပ်ဆောင်ချက်တွေ မစုံလင်ပေမယ့် UI က ရှင်းလင်းပြီး InShot မှာလို ကြော်ငြာတွေ မပါတာက မိုက်ပါတယ်။

Download

Kinemaster

Kinemaster

Kinemaster ကလည်း နာမည်ကြီး Editor App တွေထဲက တစ်ခု ဖြစ်ပြီး ကွန်ပြူတာတွေရဲ့ စွမ်းရည်နိမ့် Editor တွေကိုတောင် ယှဉ်နိုင်ပါတယ်။ Video တွေကို Trim လုပ်တာ၊ ပေါင်းစပ်တာအပြင် Effects နဲ့ Transitions တွေ ထည့်နိုင်ပါတယ်။ Speed ပြောင်းတာ၊ Rotate လုပ်တာ၊ သီချင်း ထည့်တာ၊ Aspect Ratio ပြောင်းတာအပြင် လုပ်ဆောင်ချက်များစွာ ပါပါတယ်။ ဒါပေမယ့် အခမဲ့ သုံးရင် ကြော်ငြာတွေ သင် ကြည့်ရမှာပါ။

Download

YouCut

YouCut Video Editor

နာမည်ကြီး Editor တွေအကြောင်းပြောရင် YouCut ကို မေ့ထားလို့ မရပါဘူး။ Vertical UI သုံးထားတဲ့အတွက် Vertical Video တွေ ဖန်တီးသူတွေအတွက် အသင့်တော်ဆုံးပါ။ ဒါပေမယ့် Horizontal Video တွေလည်း ဖန်တီးနိုင်ပါတယ်။ Video Editor တွေရဲ့ အခြေခံ လုပ်ဆောင်ချက်တွေ ပါတဲ့အပြင် Video မှာ အသံပိတ်နိုင်တာက ထူးခြားပါတယ်။ Audio Level ကို စိတ်ကြိုက်ချိန်ညှိနိုင်ပြီး ဖရိမ်တစ်ခုကို Zoom လုပ်နိုင်ပါတယ်။

Download

VlogNow

VlogNow

Vlogs ရိုက်ကူးသူတွေအတွက် VlogNow က အသုံးဝင်ပြီး ဘယ်လို Content မျိုးကို မဆို Edit လုပ်နိုင်ပါတယ်။ အသုံးပြုရတာ ရိုးရှင်းလွယ်ကူပါတယ်။ Timeline မှာ အလွှာများစွာ ပါရှိပြီး သီချင်း၊ Subtitle ၊ စတစ်ကာနဲ့ တခြား အရာတွေ ထည့်သွင်းနိုင်ပါတယ်။ Audio Level ကို စိတ်ကြိုက်ချိန်ညှိနိုင်ပြီး Template နဲ့ Filter တွေ ထည့်နိုင်ပါတယ်။ Speed ကို ချိန်ညှိနိုင်ပြီး ရွေးချယ်စရာ Effects တွေ ရှိပါတယ်။

Download

Ref : xda-developer