[Zawgyi]

မႏွစ္တုန္းက Pixel 3 မတိုင္ခင္မွာ Pixel 3 XL ရဲ႕ ဓါတ္ပုံေတြ ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ ၃၀ ရက္က်မွသာ အ႐ြယ္ေသး Pixel 3 ရဲ႕ ဓါတ္ပုံထြက္ေပၚခဲ့ပါတယ္။ တရားဝင္ ေၾကညာပြဲမတိုင္ခင္ တစ္လအလိုမွာ ျဖစ္ပါတယ္။ အခုေတာ့ အ႐ြယ္ေသး Pixel 4 ရဲ႕ ပထမဆုံး ဓါတ္ပုံမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ သူဟာ Pixel 4 XL နဲ႔ ဆင္တူပါတယ္။

OnLeaks ကေန သူ႔ရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာတာပါ။ အဲဒီအတြက္ သူတို႔ဟာ ဖိုင္နယ္ ဒီဇိုင္းနဲ႔ အရမ္းကို နီးစပ္ပါတယ္။ စကရင္ရဲ႕ ေထာင့္ျဖတ္အတိုင္းအတာဟာ ၅.၆ လက္မနဲ႔ အရြယ္အစား အျပည့္အစံုမွာ  5.79 x 2.71 x 0.32 inches ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ မ်က္ႏွာျပင္အထက္မွ ေဘာင္ဟာ ၀.၃၇ လက္မ (၉.၃ မီလီမီတာ) ထူပါတယ္။ သူဟာ အရင္ႏွစ္ထုတ္ Pixel 3 ရဲ႕ 5.73 x 2.69 x 0.31 inches ထက္ အနည္းငယ္  ပိုႀကီးလာပါတယ္။

အားလံုးျခံဳၾကည့္မယ္ဆိုရင္ သူ႔ရဲ႕ ဒီဇိုင္းဟာ အရင္ေပါက္ၾကားထားတဲ့ Pixel 4 XL နဲ႔ အားလံုးနီးပါး တူညီပါတယ္။ အေရွ႕ဘက္မွ ေဘာင္မ်ားဟာ အနည္းငယ္ ႀကီးလာပါတယ္။ ဒါေပမယ့္ သူတို႔ဟာ အရြယ္ႀကီး ဖုန္းရဲ႕ အရြယ္အစားနဲ႔ တူညီႏုိင္ပါတယ္။ စကရင္ အရြယ္အစားကို ေလွ်ာ့ခ်ထားတဲ့ အတြက္ ပိုႀကီးတယ္လို႔ ထင္ရတာပါ။ အေနာက္ဘက္ ကင္မရာ စုဖြဲ႕မႈဟာလည္း တူညီၿပီး နားၾကပ္ေပါက္လည္း မပါပါဘူး။

Google ဟာ Pixel 4 XL ေရာင္းအားေကာင္းေစဖို႔ အရြယ္ေသး Pixel 4 မွာ လုပ္ေဆာင္ခ်က္မ်ားကို ေလွ်ာ့ခ်ထားႏုိင္ပါတယ္။ အနည္းဆံုးေတာ့ ဒီဇိုင္း အပိုင္းမွာ ေျပာင္းလဲထားပါတယ္။ Specs အနည္းငယ္ကိုလည္း ေျပာင္းလဲထားႏုိင္ပါတယ္။

Ref : androidpolice

[Unicode]

အရွယ်သေး Pixel 4 ရဲ့ ပထမဆုံး ဓါတ်ပုံများ ထွက်ပေါ်လာ

မနှစ်တုန်းက Pixel 3 မတိုင်ခင်မှာ Pixel 3 XL ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၀ ရက်ကျမှသာ အရွယ်သေး Pixel 3 ရဲ့ ဓါတ်ပုံထွက်ပေါ်ခဲ့ပါတယ်။ တရားဝင် ကြေညာပွဲမတိုင်ခင် တစ်လအလိုမှာ ဖြစ်ပါတယ်။ အခုတော့ အရွယ်သေး Pixel 4 ရဲ့ ပထမဆုံး ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူဟာ Pixel 4 XL နဲ့ ဆင်တူပါတယ်။

OnLeaks ကနေ သူ့ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာပါ။ အဲဒီအတွက် သူတို့ဟာ ဖိုင်နယ် ဒီဇိုင်းနဲ့ အရမ်းကို နီးစပ်ပါတယ်။ စကရင်ရဲ့ ထောင့်ဖြတ်အတိုင်းအတာဟာ ၅.၆ လက်မနဲ့ အရွယ်အစား အပြည့်အစုံမှာ 5.79 x 2.71 x 0.32 inches ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင်အထက်မှ ဘောင်ဟာ ဝ.၃၇ လက်မ (၉.၃ မီလီမီတာ) ထူပါတယ်။ သူဟာ အရင်နှစ်ထုတ် Pixel 3 ရဲ့ 5.73 x 2.69 x 0.31 inches ထက် အနည်းငယ် ပိုကြီးလာပါတယ်။

အားလုံးခြုံကြည့်မယ်ဆိုရင် သူ့ရဲ့ ဒီဇိုင်းဟာ အရင်ပေါက်ကြားထားတဲ့ Pixel 4 XL နဲ့ အားလုံးနီးပါး တူညီပါတယ်။ အရှေ့ဘက်မှ ဘောင်များဟာ အနည်းငယ် ကြီးလာပါတယ်။ ဒါပေမယ့် သူတို့ဟာ အရွယ်ကြီး ဖုန်းရဲ့ အရွယ်အစားနဲ့ တူညီနိုင်ပါတယ်။ စကရင် အရွယ်အစားကို လျှော့ချထားတဲ့ အတွက် ပိုကြီးတယ်လို့ ထင်ရတာပါ။ အနောက်ဘက် ကင်မရာ စုဖွဲ့မှုဟာလည်း တူညီပြီး နားကြပ်ပေါက်လည်း မပါပါဘူး။

Google ဟာ Pixel 4 XL ရောင်းအားကောင်းစေဖို့ အရွယ်သေး Pixel 4 မှာ လုပ်ဆောင်ချက်များကို လျှော့ချထားနိုင်ပါတယ်။ အနည်းဆုံးတော့ ဒီဇိုင်း အပိုင်းမှာ ပြောင်းလဲထားပါတယ်။ Specs အနည်းငယ်ကိုလည်း ပြောင်းလဲထားနိုင်ပါတယ်။

Ref : androidpolice