Xiaomi က နောက်ဆုံးထုတ် Software Version ဖြစ်တဲ့ MIUI 13 ကို ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေအတွက် ဖြန့်ချိပေးနေပါတယ်။ Xiaomi က MIUI 14 ကို ဖြန့်ချိပေးဖို့အတွက်လည်း ပြင်ဆင်နေပါတယ်။

MIUI 13

အခုတော့ Xiaomi က စမတ်ဖုန်း အဟောင်းတွေအတွက် MIUI 13 ကို ဖြန့်ချိပေးလိုက်ပါတယ်။ ဒါဟာ Fans တွေနဲ့ Brand ရဲ့ နာမည်အတွက် အရေးကြီးပါတယ်။

MIUI 13

Xiaomiui က Android 12 အခြေပြု MIUI 13 ကို ရရှိသွားတဲ့ Xiaomi ရဲ့ စမတ်ဖုန်း အဟောင်း ၅ လုံးကို ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ MIUI 13 ကို ရရှိသွားတာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်းတွေက Redmi နဲ့ POCO Device တွေ ဖြစ်ပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

  • Redmi 9T
  • Redmi 9T NFC
  • Redmi Note 9 Pro
  • Redmi Note 9S
  • POCO X3 NFC

အဲဒီ စမတ်ဖုန်း အားလုံးဟာ MIUI 13 Global ROM ကို ရရှိသွားတာ ဖြစ်ပြီး အရင် MIUI Version တွေရဲ့ Bugs တွေကို ပြင်ဆင်ထားကာ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။

သင့်မှာ အဲဒီ စမတ်ဖုန်းတွေ ပိုင်ဆိုင်ထားပြီး Update မရသေးရင် ခဏစောင့်ဆိုင်းပါ။ Xiaomi က Server မပြုတ်ကျအောင် တစ်ကမ္ဘာလုံးအတွက် ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတာ ဖြစ်ပါတယ်။

Ref : gizchina