အမေရိကန် ပြည်ထောင်စု Ohio ရဲဌာနက ဒေါ်လာ ၁ သိန်းကျော်ဖိုး Apple ထုတ်ကုန်တွေ ခိုးယူသွားသူတွေကို စုံစမ်းနေပါတယ်။ ဒီဖြစ်ရပ်ဟာ Ohio , Beavercreek မှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ သူခိုး ၃ ယောက်ဟာ နံနက် ၅ နာရီ ၄၀ မိနစ်လောက်မှာ Cedar Park Drive , Greene က Apple Store ကို ဖောက်ထွင်းခဲ့ကြပြီး ပြခန်းနဲ့ စတိုခန်းထဲက ထုတ်ကုန်တွေကို ယူဆောင်သွားကြပါတယ်။

Beavercreek PD seeks info on Apple Store break-in

သူခိုးတွေဟာ Ford Focus လို့ ထင်ရတဲ့ ကား  ၁ စီးနဲ့ ထွက်ပြေးသွားကြပြီး City of Beavercreek ရဲဌာနက ဒေါ်လာ ၁ သိန်းကျော်ဖိုး Apple ထုတ်ကုန်တွေကို ခိုးယူသွားတယ်လို့ ပြောပါတယ်။ ရဲတွေက ခိုးယူခံရတဲ့ Device တွေကို ခြေရာခံနိုင်တဲ့ လုပ်ဆောင်ချက်ကို အသုံးပြုဖို့ Apple ဝန်ထမ်းတွေကို ညွှန်ကြားခဲ့ပြီးနောက်မှာ သူခိုးတွေက Trotwood မှာ ပစ္စည်းအများစုကို စွန့်ပစ်သွားခဲ့ကြပါတယ်။

Police investigating theft of Apple store in Beavercreek | WRGT

ရဲတွေက လက်ရှိအချိန်အထိ သူခိုးတွေကို မဖမ်းမိသေးသလို ဘယ်သူဘယ်ဝါဆိုတာ မသိကြသေးပါဘူး။ ရဲတွေက သံသယရှိသူတွေကို တွေ့ရင် အကြောင်းကြားပေးဖို့ ပြည်သူတွေကို တောင်းဆိုထားပါတယ်။ Beavercreek က Apple Store ဟာ ထုတ်ကုန်တွေကို ရောင်းချတဲ့အပြင် ဝန်ဆောင်မှုတွေကိုပါ ပြုလုပ်ပေးပြီး ရောင်းချတဲ့ ပစ္စည်းတွေထဲမှာ iPhone နဲ့ iPad တွေ ပါပါတယ်။

Apple ထုတ်ကုန်တွေဟာ တန်ဖိုးကြီးတဲ့အတွက် သူခိုးတွေ မျက်စိကျလေ့ရှိပါတယ်။ Apple Store ကနေ ပစ္စည်း ခိုးယူခံရတာ ဒီတစ်ကြိမ်ဟာ ပထမဆုံး မဟုတ်ပါဘူး။ အရင်ကလည်း Apple Store ကနေ ပစ္စည်း ခိုးယူခံရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

Ref : gizmochina