ပြီးခဲ့တဲ့ E3 2017 တုန်းက Microsoft ဟာ Xbox One X ကိုချပြခဲ့ပြီး ပရိတ်သက်ကို စိတ်ကျေနပ်မှု ပေးနိုင်ခဲ့ပါတယ်။ အခုလာမယ့် E3 2018 မှာရော Microsoft က ဘာတွေလုပ်ပြနိုင်မှာလဲ။ လောလောဆယ် Xbox One X ဟာဈေးကွက်မှာ နေရာယူထားတုန်း ဆိုပေမယ့် Xbox မျိုးဆက်သစ်ကို သိပ်မကြာခင် အချိန်အတွင်းမှာ ချမပြနိုင်ရင် တခြား ဂိမ်းတွေက ကျော်တက်သွားနိုင်ပါတယ်။

Source: dailystars.co.uk

ပရိတ်သတ်တွေဟာ Xbox ရဲ့ မျိုးဆက်သစ်ကို ဘာတွေလုပ်ပြနိုင်မလဲ သိချင်နေကြပါတယ်။ အထူးသဖြင့် 4K Resolution နဲ့ ဘာလုပ်ပြမလဲ မျှော်လင့်နေကြပါတယ်။ ဒါ့အပြင် Xbox မျိုးဆက်သစ်နဲ့အတူ ပရိတ်သတ်တွေ မျှော်လင့်နေတာ တွေကတော့ Gear of war 5 နဲ့ Age of Empires 4 တို့ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းတွေကလည်း တစ်မျိုးထွက်တိုင်း တစ်ခေါက်တော့ ပရိတ်သက်ကို စိတ်ကျေနပ်အောင် စွမ်းဆောင်နိုင်ကြပါတယ်။

ဒါပေမယ့် Microsoft ဟာ ဘာတစ်ခုမှ တရားဝင် မကြေညာသေးတဲ့အတွက် အရမ်း မျှော်လင့်လို့မရပါဘူး။ ဒါ့အပြင် Virtual Reality (VR) တွေ ခေတ်စားနေချိန်မှာ Xbox မျိုးဆက်သစ်က VR နဲ့လည်း ပေါ်လာနိုင်ပါသေးတယ်။ ဖြစ်နိုင်ချေတော့ နည်းပေမယ့် အခြေအနေတွေ ပြောင်းသွားနိုင်ပါတယ်။

Source: egmnow.com

မကြာခင်မှာ E3 2018 လည်း စတော့မှာဆိုတော့ Xbox မျိုးဆက်သစ်မှာ မျှော်လင့်ထားတာတွေ ဖြစ်လာပါ့မလား ဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။ ပရိတ်သတ်ကြီးရော တခြားဘာဂိမ်းတွေ မျှော်လင့်ထားကြသေးလဲ။ ဝင်ဆွေးနွေးသွားကြပါဦး။