၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ Victor Langlois ဟာ စတစ်ကာနဲ့ ပန်းချီတွေကို တွစ်တာကနေ ၅ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ အခုတော့ ၁ နှစ်ကျော်အကြာမှာ သူဟာ ဒစ်ဂျစ်တယ် အနုပညာလောကဘက်ကို ကူးပြောင်း အောင်မြင်လာပါပြီ။ ဆီရေတယ် အခြေစိုက် အသက် ၁၉ နှစ်အရွယ် အနုပညာရှင်ကို အွန်လိုင်းမှာ FEWOCiOUS လို့ သိကြပြီး သူဟာ အနုပညာကို စိတ်ဝင်စားပေမယ့် သူ့ မိသားစုက အားမပေးခဲ့ပါဘူး။

This 19-year-old artist started making NFTs a year ago and now his art is valued at more than $26 million | Fortune

ဒါပေမယ့် သူဟာ တစ်စိုက်မတ်မတ် ကြိုးစားခဲ့ပြီး NFT နယ်ပယ်ထဲ ဝင်ရောက်လာကာ ၁ နှစ်အကြာမှာပဲ သူ့ရဲ့ NFT ဟာ ဒေါ်လာ ၂၆ သန်းကျော် တန်ကြေးရှိလာပြီလို့ Cryptoart Website က ဖော်ပြထားပါတယ်။ Cryptoart ဟာ အနုပညာရှင် ၁ ယောက် ဖန်တီးထားတဲ့ NFT တိုင်းရဲ့ စုစုပေါင်း ရောင်းချရတဲ့ ဈေးနှုန်းတွေကို တွက်ချက်ထားတာ ဖြစ်ပါတယ်။

Langlois ဟာ တွစ်တာမှာ သူ့ရဲ့ အနုပညာလက်ရာတွေကို ဒေါ်လာ အနည်းငယ်နဲ့ စတင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဈေးကောင်းရလာပြီး သူ့ရဲ့ အနုပညာလက်ရာ ၁ ခုကို ဒေါ်လာ ၉၀ နဲ့တောင် ရောင်းချနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာ သူ့ရဲ့ အနုပညာလက်ရာကို စုဆောင်းသူ ၁ ယောက်က NFT ဖော်မက် အနေနဲ့ ဖန်တီးဖို့ အကြံပေးခဲ့ပြီး အဲဒီအချိန်တုန်းကတော့ သူဟာ NFT အကြောင်း ဘာမှ နားမည်ခဲ့သေးပါဘူး။ ၁ နှစ်အတွင်းမှာပဲ သူဟာ NFT နယ်ပယ်မှာ အောင်မြင်လာပြီး ဒေါ်လာ သန်းချီတန်တဲ့ NFT ကို ဖန်တီးနိုင်ပြီ ဖြစ်ပါတယ်။

Ref : fortune