Podbike ဟာ ၂၀၂၂ ခုနှစ်ထဲမှာ Frikar အမည်ရ လျှပ်စစ်ကားကို ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ Frikar ဟာ ဒီဇိုင်း ထူးခြားတဲ့ ဘီး ၄ ဘီးတပ် လျှပ်စစ်ကား ဖြစ်ပြီး ကုမ္ပဏီက ကား ဆိုင်ကယ်/ စက်ဘီး လို့ သုံးနှုန်းပါတယ်။ နော်ဝေး ကားကုမ္ပဏီ Podbike ဟာ ရင်းနှီးမြှပ်နှံငွေ ယူရို ၃.၂ သန်း ရရှိပြီးနောက်မှာ အခုလို ရောင်းချဖို့ ပြင်ဆင်နေတာပါ။

Podbike Frikar

Frikar ဟာ ပြင်းထန်တဲ့ ရာသီဥတု ဒဏ်ကနေ စီးနင်းသူကို ကာကွယ်ပေးနိုင်ပြီး မောင်းနှင်လို့ ကောင်းမွန်စေဖို့ လေကိုခွင်းတဲ့ ဒီဇိုင်းက အဆင့်မြင့်မားတယ်လို့ သိရပါတယ်။ ကားရဲ့ ထိပ်ဖက်ကို ဖြုတ်၊ တပ် နိုင်တဲ့အတွက် အမိုးပွင့်ကားလိုလည်း စီးနင်းနိုင်ပါတယ်။ လူ ၁ ယောက်ပဲ စီးနင်းနိုင်မှာ ဖြစ်ပေမယ့် အနောက်ဘက်က ကုန်ပစ္စည်း တင်တဲ့ အခန်းငယ်နေရာမှာ ကလေး စီးနင်းနိုင်တဲ့ ထိုင်ခုံကို အစားထိုး ထည့်သွင်းနိုင်ပါတယ်။

Frikar အတွက် ကြိုတင်အမှာစာပေါင်း ၃,၄၀၀ ကျော် ရရှိထားပြီးပြီ ဖြစ်ပြီး ကား တန်ဖိုးက ယူရို ၆,၄၂၉ ဖြစ်ကာ မြန်မာငွေ သိန်း ၁၃၀ လောက် ကျသင့်မှာပါ။ ကြိုတင်မှာယူသူတွေဟာ ယူရို ၃၀၀ ကို ကနဦးပေးသွင်းထားရမှာပါ။ ပထမဆုံး အနေနဲ့ နော်ဝေးမှာ စတင် ရောင်းချမှာ ဖြစ်ပြီး အဲဒီနောက် ဥရောပနဲ့ တခြား နိုင်ငံတွေမှာ ဝယ်ယူနိုင်မှာပါ။ Frikar ကို ဥရောပမှာ လျှပ်စစ် စက်ဘီးလို့ သတ်မှတ်ထားတဲ့အတွက် စက်ဘီး လမ်းတွေမှာလည်း မောင်းနှင်နိုင်မှာပါ။

Podbike Frikar

Frikar ရဲ့ ဒီဇိုင်း ဆန်းသစ်မှုနဲ့ ဈေးချိုသာမှုကြောင့် လူကြိုက်များ အောင်မြင်လာနိုင်ပါတယ်။ အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၂၅ မိုင် မောင်းနှင်နိုင်ပြီး Frikar ဟာ Podbike ရဲ့ ထူးခြား ဆန်းသစ်တဲ့ လျှပ်စစ် ကား ဆိုင်ကယ်/ စက်ဘီး ဖြစ်ပါတယ်။

Ref : gizmochina