Tesla ကားပိုင်ရှင် ၁ ယောက်က ကားရဲ့ အတွင်းပိုင်း ကွန်ပြူတာနဲ့ ဘက်ထရီ စွမ်းအားကို အသုံးချကာ Cryptocurrency တွေကို ဘယ်လို Mining လုပ်တဲ့ အကြောင်း CNBC ကို ပြောပြလာပါတယ်။ ဆန်ဖရန်စစ္စကိုမှာ နေထိုင်တဲ့ Siraj Raval ဟာ သူ့ရဲ့ 2018 Tesla Model 3 နဲ့ Cryptocurrency တွေကို Mining လုပ်နိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးချနေပါတယ်။

Tesla owner Siraj Raval uses his Model 3 to mine for cryptocurrencies.

သူဟာ Apple Mac mini M1 မှာ အခမဲ့ အသုံးပြုလို့ရတဲ့  Bitcoin Mining Software ကို ထည့်သွင်းထားပြီး ကွန်ပြူတာကို ကားရဲ့ အလယ် Console မှာ တည်ရှိတဲ့ 12-volt Power Socket ထဲသို့ Inverter ၁ ခုနဲ့ ချိတ်ဆက်ထားပါတယ်။ Graphics Processing Units or GPUs ကိုလည်း ကားနဲ့ ဆက်သွယ်ထားပြီး ကားရဲ့ အတွင်းပိုင်း ဘက်ထရီကနေ အဲဒီ စက်တွေကို မောင်းနှင်ထားတာ ဖြစ်ပါတယ်။

Tesla owner Siraj Raval uses his Model 3 to mine for cryptocurrencies.

အဲဒီလို ပြုလုပ်တာဟာ ကားရဲ့ အာမခံကို ပျက်ဆီးသွားပေးမယ့် Raval က ထိုက်တန်တယ်လို့  ပြောပါတယ်။ သူက ၂၀၂၁ ခုနှစ်မှာ ၁ လကို ဒေါ်လာ ၈၀၀ တန်ကြေးရှိတဲ့ Ether Cryptocurrency တွေရခဲ့တယ်လို့ ပြောပါတယ်။

Bitcoin Miner ၁ ယောက် ဖြစ်တဲ့ Alejandro de la Torre က Tesla ကားကနေ Mining လုပ်တာဟာ တခြား Power Source နဲ့ ချိတ်ဆက်ထားသလိုပါပဲလို့ ပြောပါတယ်။ သူက “ အဓိက အစိတ်အပိုင်းက လျှပ်စစ် ဓါတ်အား ဈေးနှုန်း ဖြစ်ပါတယ်။ လျှပ်စစ်ကား ကနေ Cryptocurrency Mining လုပ်တာဟာ ကုန်ကျစားရိတ် ပိုသက်သာတယ်ဆိုရင် လုပ်သင့်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : cnbc