စမတ်ဖုန်းတွေမှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဆင့်မြင့် နည်းပညာတွေ ပါလာကြပေမယ့် ဘက်ထရီ ပမာဏက တိုးတက်လာခြင်း မရှိပါဘူး။ 5,000mAh ကျော်တဲ့ ဖုန်းတွေဟာ ရှားပါးကြပါသေးတယ်။ အဲဒီအတွက် ဖုန်းတွေကို အားအပြည့်သွင်းပြီးရင် ၂ ရက်လောက်ပဲ အသုံးခံပါတယ်။

30,000 mAh big smartphone battery

Redditor Downtown_Cranberry44 က သူ့ရဲ့ Samsung Galaxy A32 5G မှာ 30,000mAh ဘက်ထရီကို တပ်ဆင်ပြလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်ထုတ် စွမ်းရည်သင့် Samsung ဖုန်းကို ဒေါ်လာ ၂၀၀ အောက်နဲ့ ရောင်းချထားပြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ အခုတော့ Redditor က မူလ ဘက်ထရီ ပမာဏထက် ၆ ဆ ပိုများအောင် ပြုပြင်လိုက်တာပါ။

ဒီလိုလုပ်ဖို့အတွက် မူလ ဘက်ထရီကို ဖြုတ်ပြီး Samsung 50E Cells ၆ ခုပါတဲ့ ဘက်ထရီ Pack ကို ထည့်သွင်းထားပါတယ်။ အဲဒီအတွက် စုစုပေါင်း ဘက်ထရီ ပမာဏဟာ 30,000mAh ဖြစ်လာပြီး အားအပြည့်သွင်းထားရင် ၁ ပတ်ကျော် အသုံးခံပါတယ်။ ဖုန်းဟာ External ဘက်ထရီ Pack ကို သိရှိခြင်း မရှိဘဲ မူလ ဘက်ထရီ ပမာဏကိုပဲ ပြသပါတယ်။ ဘက်ထရီ Level ကိုလည်း မှန်မှန်ကန်ကန် မဖော်ပြနိုင်ဘဲ ၁ ရာခိုင်နှုန်းပဲ ပြသပါတယ်။ ဒါပေမယ့် 30,000mAh ဘက်ထရီက အလုပ်ဖြစ်ပါတယ်။

30,000mAh ဘက်ထရီ တပ်လိုက်တဲ့အတွက် ဘက်ထရီ သက်တမ်း ပိုကောင်းသွားပေမယ့် အားနည်းချက် တချို့ ရှိလာပါတယ်။ ဖုန်းဟာ ထူထဲပြီး ၁ ပေါင်ကျော် အလေးချိန်ရှိကာ မူလ အလေးချိန်ထက် ၂ ဆကျော် ပိုများလာပါတယ်။ ဒါ့အပြင် ဖုန်းကို အားအပြည့်သွင်းဖို့ အချိန် ၇ နာရီလောက်ကြာပါတယ်။

ဖုန်းကို အားသွင်းဖို့ Charging Port များစွာ တပ်ဆင်ထားပြီး USB Type-C, Apple Lightning နဲ့ MicroUSB Port တွေ ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် Reverse Fast Charging ပါတဲ့အတွက် တခြား ဖုန်းတွေကို အားသွင်းပေးနိုင်တဲ့ 30,000mAh Power Bank အဖြစ် သုံးနိုင်ပါတယ်။

အခု တီထွင်ဆန်းသစ်မှုဟာ အထင်ကြီးစရာ ကောင်းပေမယ့် လူတိုင်း လိုက်လုပ်ဖို့ မသင့်တော်ပါဘူး။ ဖုန်း ကျွမ်းကျင်သူတွေရဲ့ ပျော်စရာ စီမံကိန်း ၁ ခုလို့ ပြောနိုင်ပါတယ်။

Ref : gizchina