Google ရဲ့ Pixel စမတ်ဖုန်းတွေဟာ Hardware ပိုင်းဖြစ်တဲ့ Performance ၊ Design နဲ့ Battery Life လိုမျိုးနေရာတွေမှာ တခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်ရင် အမြဲလိုလိုအားနည်းနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း Software နဲ့ AI ပိုင်းမှာတော့ တခြားဖုန်းတွေနဲ့ယှဥ်ရင် သိသိသာသာကို ပိုပြီးအားသာနေတုန်းပဲဖြစ်ပါတယ်။

အခုလည်း Google Pixel စမတ်ဖုန်းနဲ့ Apple iPhone ၂ မျိုးကို ယှဥ်ချထားပြီး Voice Typing နဲ့ စာရိုက်တာကို စမ်းသပ်ရာမှာ Google Pixel က စွမ်းဆောင်ရည်ပိုကောင်းနေပြီး လုံးဝ iPhone ကို နောက်ကောက်ချထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ စမ်းသပ်တဲ့ Video ကိုတော့ James Chan နာမည်နဲ့ Twitter အသုံးပြုသူတစ်ဦးက တင်ထားခဲ့တာဖြစ်ပါတယ်။

 

Google Pixel စမတ်ဖုန်းတွေဟာ Voice Typing အတွက် Cloud ပေါ်ကို ပြန်ပြီး Data ပို့တာမျိုး ပြုလုပ်တာမဟုတ်ဘဲ ကိုယ်ပိုင် AI Machine Learning နဲ့ပဲ On-Device အကုန်လုံးဆောင်ရွက်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး Cloud ကနေတစ်ဆင့်ပြန်ပြီး Data ကို ရယူတဲ့ iPhone ရဲ့ Voice Typing နဲ့ ယှဥ်ရင် သိသိသာသာကို မြန်ဆန်နေတာဖြစ်ပါတယ်။ Latency ပိုင်းမှာလည်း iPhone က တော်တော်လေးကိုနောက်ကျနေသလို Google Pixel ဖုန်းမှာတော့ ပြောပြီးတာနဲ့ ချက်ချင်းနီးပါးကို ပိုပြီးမှန်မှန်ကန်ကန်နဲ့ ရေးချနိုင်တာကိုလည်း တွေ့ရပါတယ်။

Google ဟာ Pixel ဖုန်းတွေအတွက် On-Device Machine Learning AI ပိုင်းကို အားသေချာစိုက်ထုတ်ပေးထားသလို ပြောသွားတဲ့စကားတွေအကုန်လုံးကို Live Transcription ပြုလုပ်ပေးနိုင်တဲ့ Recorder App ကိုလည်း ပြီးခဲ့တဲ့နှစ်တုန်းက Pixel 4 စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့ပါသေးတယ်။

Ref – Android Central