Apple ကနေ ထုတ်လုပ်ထားတဲ့ iPhone X အပါအဝင် iPhone အကုန်လုံးမှာ Standard အနေနဲ့ Packaging မှာပါဝင်တဲ့ Charger က 5W Charger ကိုပဲထည့်သွင်းပေးထားပြီးတော့ Fast Charging စနစ်ကို Support ပြုလုပ်ခြင်းမရှိတဲ့ Charger တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် Apple ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ iPhone 8 ၊ iPhone 8 Plus နဲ့ iPhone X ဖုန်းတွေမှာတော့ USB Power Delivery စနစ်ကနေ Fast Charging စနစ်ကို စတင် Support ပြုလုပ်လာပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် မနှစ်ကထွက်ရှိခဲ့တဲ့ Apple iPhone 8 ၊ iPhone 8 Plus နဲ့ iPhone X စမတ်ဖုန်းတွေကို Fast Charging စနစ်နဲ့ အားသွင်းချင်တယ်ဆိုရင် Built-in Charger နဲ့ အားသွင်းလို့မရခဲ့ပဲ 29W USB-C Charger ကို ၄၉ ဒေါ်လာနဲ့ ဝယ်ယူရမှာဖြစ်ပြီးတော့ USB-C to Lightning Cable ကိုပါ ၂၉ ဒေါ်လာနဲ့ ထပ်မံဝယ်ယူရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Fast Charging စနစ်ကို ၂၀၁၇ ခုနှစ်ထုတ် iPhone တွေက Support ပြုလုပ်တယ်ဆိုပေမယ့် နောက်ထပ် ဒေါ်လာ ၈၀ တောင် ထပ်ပြီး အသုံးပြုမှ Fast Charging စနစ်နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Apple ကနေ ယခုနှစ်မှာ ထုတ်လုပ်သွားမယ့် iPhone တွေမှာတော့ USB-C ကနေ Lightning Charger ကိုထည့်သွင်းပေးသွားမှာဖြစ်ပြီး ယခင် 5W အစား USB Power Delivery ကို Support ပြုလုပ်တဲ့ 18W Charger ဖြစ်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခုနှစ်မှာတော့ Apple iPhone တွေက Charger နဲ့ Cable ထပ်ပြီး ဝယ်စရာမလိုတော့ပဲ Fast Charging စနစ်နဲ့ အားသွင်းနိုင်တော့မှာဖြစ်ပါတယ်။

အခုလိုမျိုး Fast Charger တွေကို ထည့်သွင်းပေးမယ်ဆိုတာက အခုအချိန်အထိတော့ Apple ကနေ တရားဝင်ကြေငြာခြင်းမရှိသေးပေမယ့် လက်ရှိပေါက်ကြားနေတဲ့သတင်းတွေအရတော့ ဒါက မှန်ကန်တယ်လို့ပြောလို့ရနေပါပြီ။