[Zawgyi]

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က စတင္ေပၚထြန္းခဲ့တဲ့ Drones ေတြကို စစ္ေျမျပင္မွာ ဗုံးႀကဲဖို႔ အသုံးျပဳၾကသလို ကမာၻႀကီးရဲ႕ အလွတရားေတြကို အေပၚစီးကေန ဓာတ္ပုံ႐ိုက္ကူးဖို႔လည္း အသုံးျပဳၾကပါတယ္။ စစ္တပ္သုံး Drones ေတြကေတာ့ ရန္သူရဲ႕ တည္ေနရာကို ရွာေဖြႏိုင္တဲ့အျပင္ ရန္သူစခန္းငယ္ေတြကိုပါ အလြယ္တကူ ေဖာက္ခြဲဖ်က္စီးႏိုင္တာေၾကာင့္ တိုက္ပြဲတစ္ပြဲအတြက္ ေၾကာက္စရာေကာင္းတဲ့ လက္နက္တစ္ခုလို ျဖစ္လာပါတယ္။ ဒါ့ေၾကာင့္ အေမရိကန္ ေလေၾကာင္းစစ္တပ္အေနနဲ႔ အဆိုပါ Drones ေတြရဲ႕ တိုက္ခိုက္ျခင္းကေန အလြယ္တကူ ကာကြယ္ႏိုင္ဖို႔အတြက္ လက္နက္အသစ္တစ္ခုကို တီထြင္ထားပါတယ္။

အေမရိကန္ ေလေၾကာင္းစစ္တပ္ဟာ Tactical High Power Microwave Operational Responder (THOR) အမည္ရွိ လက္နက္တစ္ခုကို ထုတ္ေဖာ္ျပသလာပါတယ္။ အဆိုပါ လက္နက္ဟာ စြမ္းအားျမင့္ Microwave System ကို အသုံးျပဳထားတာျဖစ္ၿပီး Drones နဲ႔ တိုက္ခိုက္ျခင္းေတြကို ကာကြယ္ဖို႔အတြက္ ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ ဒီေတာ့ Radar ထဲ ဝင္လာတဲ့ Drone ကို ပစ္ခ်ဖို႔ က်ည္ဆံလိုအပ္ေတာ့မွာ မဟုတ္ဘဲ Microwave စနစ္နဲ႔ သာသာယာယာ ထိန္းခ်ဴပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

THOR လက္နက္ဟာ ကြန္တိန္နာထဲမွာပဲ ထည့္သြင္းသိုေလွာင္ထားတဲ့ ကရိယာျဖစ္တာေၾကာင့္ ကမာၻအႏွံ႔အျပားကို အလြယ္တကူ သယ္ယူပို႔ေဆာင္ႏိုင္တဲ့အျပင္ တပ္ဆင္ခ်ိန္ကလည္း ၂နာရီခန္႔သာ ၾကာျမင့္တယ္လို႔ ဆိုပါတယ္။ KRQE အမည္ရွိ ႐ုပ္ျမင္သံၾကားဌာနရဲ႕ ေျပာၾကားခ်က္မ်ားအရ အဆိုပါ လက္နက္ကို ထုတ္လုပ္ဖို႔ ၁၈လ အခ်ိန္ေပးခဲ့ရၿပီး ကန္ေဒၚလာ ၁၅ မီလီယံ ကုန္က်ခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာ အေမရိကန္ ေလေၾကာင္းစစ္တပ္က THOR လက္နက္ကို စမ္းသပ္ေနဆဲျဖစ္ေပမယ့္ ၂၀၂၀ခုႏွစ္ထဲမွာ စတင္အသုံးျပဳမယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ အခုလိုမ်ိဴး Microwave စနစ္အသုံးျပဳထားတဲ့ တျခားေသာ လက္နက္ေတြကိုလည္း ထုတ္လုပ္ဖို႔ ရွိတယ္လို႔ သိရပါတယ္။

Ref : The Verge

[Unicode]

Drone တွေကို ပစ်ချဖို့အတွက် THOR ဆိုတဲ့ လက်နက်ကို အမေရိကန် ထုတ်ပြ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင်ပေါ်ထွန်းခဲ့တဲ့ Drones တွေကို စစ်မြေပြင်မှာ ဗုံးကြဲဖို့ အသုံးပြုကြသလို ကမ္ဘာကြီးရဲ့ အလှတရားတွေကို အပေါ်စီးကနေ ဓာတ်ပုံရိုက်ကူးဖို့လည်း အသုံးပြုကြပါတယ်။ စစ်တပ်သုံး Drones တွေကတော့ ရန်သူရဲ့ တည်နေရာကို ရှာဖွေနိုင်တဲ့အပြင် ရန်သူစခန်းငယ်တွေကိုပါ အလွယ်တကူ ဖောက်ခွဲဖျက်စီးနိုင်တာကြောင့် တိုက်ပွဲတစ်ပွဲအတွက် ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခုလို ဖြစ်လာပါတယ်။ ဒါ့ကြောင့် အမေရိကန် လေကြောင်းစစ်တပ်အနေနဲ့ အဆိုပါ Drones တွေရဲ့ တိုက်ခိုက်ခြင်းကနေ အလွယ်တကူ ကာကွယ်နိုင်ဖို့အတွက် လက်နက်အသစ်တစ်ခုကို တီထွင်ထားပါတယ်။

အမေရိကန် လေကြောင်းစစ်တပ်ဟာ Tactical High Power Microwave Operational Responder (THOR) အမည်ရှိ လက်နက်တစ်ခုကို ထုတ်ဖော်ပြသလာပါတယ်။ အဆိုပါ လက်နက်ဟာ စွမ်းအားမြင့် Microwave System ကို အသုံးပြုထားတာဖြစ်ပြီး Drones နဲ့ တိုက်ခိုက်ခြင်းတွေကို ကာကွယ်ဖို့အတွက် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ ဒီတော့ Radar ထဲ ဝင်လာတဲ့ Drone ကို ပစ်ချဖို့ ကျည်ဆံလိုအပ်တော့မှာ မဟုတ်ဘဲ Microwave စနစ်နဲ့ သာသာယာယာ ထိန်းချူပ်နိုင်တော့မှာ ဖြစ်ပါတယ်။

THOR လက်နက်ဟာ ကွန်တိန်နာထဲမှာပဲ ထည့်သွင်းသိုလှောင်ထားတဲ့ ကရိယာဖြစ်တာကြောင့် ကမ္ဘာအနှံ့အပြားကို အလွယ်တကူ သယ်ယူပို့ဆောင်နိုင်တဲ့အပြင် တပ်ဆင်ချိန်ကလည်း ၂နာရီခန့်သာ ကြာမြင့်တယ်လို့ ဆိုပါတယ်။ KRQE အမည်ရှိ ရုပ်မြင်သံကြားဌာနရဲ့ ပြောကြားချက်များအရ အဆိုပါ လက်နက်ကို ထုတ်လုပ်ဖို့ ၁၈လ အချိန်ပေးခဲ့ရပြီး ကန်ဒေါ်လာ ၁၅ မီလီယံ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အမေရိကန် လေကြောင်းစစ်တပ်က THOR လက်နက်ကို စမ်းသပ်နေဆဲဖြစ်ပေမယ့် ၂၀၂၀ခုနှစ်ထဲမှာ စတင်အသုံးပြုမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အခုလိုမျိူး Microwave စနစ်အသုံးပြုထားတဲ့ တခြားသော လက်နက်တွေကိုလည်း ထုတ်လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

Ref : The Verge