Uber က ၂၀၂၀ ခုနှစ်မှာ မောင်းသူမဲ့ ကားတွေ ဖန်တီးတာကို ရပ်နားခဲ့ပေမယ့် ကုမ္ပဏီဟာ မောင်းသူမဲ့ နည်းပညာကို သူ့ရဲ့ ဝန်ဆောင်မှုတွေမှာ အသုံးချဖို့ စီစဉ်နေပါတယ်။

Serve Robotics Strikes Deal With Uber to Scale Up to Two Thousand Sidewalk Delivery Robots

ဥပမာပြောရရင် Uber Eats ဟာ Serve Robotics နဲ့ ပူးပေါင်းပြီး ဒီနှစ်နှောင်းပိုင်း သို့မဟုတ် နောက်နှစ် အစောပိုင်းမှာ အမေရိကန်နဲ့ ကနေဒါ တစ်လွှားမှာ Delivery စက်ရုပ် ၂,၀၀၀ ကို အသုံးပြုဖို့ စီစဉ်နေပါတယ်။

ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး အရင်နှစ်က စတင်ကာ လော့အင်ဂျလိစ် အစိတ်အပိုင်း အနည်းငယ်မှာ Delivery စက်ရုပ် အနည်းငယ်နဲ့ ဝန်ဆောင်မှုပေးထားပြီး စားသောက်ဆိုင် ၂၀၀ ကျော်က အစားအစာတွေကို ဘီးတပ် စက်ရုပ်တွေနဲ့ နံနက် ၁၀ နာရီကနေ ည ၉ နာရီအထိ Customer တွေရဲ့ အိမ်တွေထံ ပို့ဆောင်ပေးနေပါတယ်။

Delivery စက်ရုပ်တွေနဲ့ ပို့ဆောင်ပေးမယ့် တည်နေရာ အသစ်တွေကို မသိသေးပေမယ့် ဆန်းဂျို့စ်၊ ဒဲလက်စ်နဲ့ ဗန်ကူးဗားတွေဟာ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

Thousands of delivery robots to join Uber Eats | Digital Trends

Serve ရဲ့ စက်ရုပ်တွေမှာ ဘီးလေးဘီး တပ်ဆင်ထားပြီး ဘက်ထရီနဲ့ မောင်းနှင်တာ ဖြစ်ပါတယ်။ ၁ နာရီကို ၇ မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး အစားအစာ ထည့်သွင်းထားတဲ့ အခန်းငယ်လေး ပါပါတယ်။ Customer က အခန်းငယ်ကို Password နဲ့ ဖွင့်ကာ အစားအစာကို ယူဆောင်ရပါတယ်။

Uber ဟာ Motional နဲ့ ပူးပေါင်းကာ မောင်းသူမဲ့ Hyundai Ioniq 5 SUV နဲ့ ဆန်တာမော်နီကာ၊ ကယ်လီဖိုးနီးယားတို့မှာ အစားအစာတွေ ပို့ဆောင်ပေးဖို့ ကြိုးစားနေပါတယ်။

Ref : digitaltrends