Galaxy Club က  လျှို့ဝှက်နာမည် Heart လို့ ပေးထားတဲ့ Samsung ရဲ့ စမတ်နာရီ အသစ် ၃ လုံးရဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်နာရီတွေဟာ Galaxy Watch 5 ဖြစ်မယ်လို့ ထင်ရပါတယ်။ လျှို့ဝှက်နာမည်တွေက Heart-S , Heart-L နဲ့ Heart-Pro တို့ ဖြစ်ပြီး အရင်က ပေါက်ကြားသတင်းအရ Samsung ဟာ Galaxy Watch 5 ရဲ့ Pro Version ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။

Galaxy Wearable (Samsung Gear) - Apps on Google Play

Samsung ဟာ Galaxy Watch ကို ရောင်းချတဲ့ နည်းဗျူဟာကို ပြောင်းလဲနေပုံရပါတယ်။ Galaxy Watch 4 အတွက် ရိုးရိုးနဲ့ Classic Version တွေ ထုတ်လုပ်ရောင်းချခဲ့ပေမယ့် Galaxy Watch Active2 အတွက်တော့ Classic Version မထွက်လာပါဘူး။ Samsung ဟာ Active Wearable Series ကို ထုတ်လုပ်ရောင်းချတာ ရပ်နားတော့မယ်လို့ ထင်ရပါတယ်။

Latest Samsung Wearables Sale Online, 58% OFF | lagence.tv

Heart-S ဟာ အရွယ်အစား အသေးဆုံး Version ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-R90X ဖြစ်ကာ ၄၀ နဲ့ ၄၂ မီလီမီတာ အရွယ်အစားတွေ ဖြစ်ပါတယ်။ Heart-L က ပိုကြီးမားပြီး ၄၄ နဲ့ ၄၆ မီလီမီတာ အရွယ်အစားတွေ ဖြစ်ကာ မော်ဒယ်နံပါတ်က SM-R19X ဖြစ်ပါတယ်။ Heart-Pro အတွက်တော့ အရွယ်အစား ၁ မျိုးပဲ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

အရင်လက သတင်းအရ စွမ်းရည်အမြင့်ဆုံး Galaxy Watch 5 မှာ 572mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး Watch 4 မော်ဒယ်တွေထက် ဘက်ထရီ အရွယ်အစား အများကြီး သာလွန်လာမှာပါ။ Samsung ဟာ ဩဂုတ်လမှာ ကျင်းပမယ့် Unpacked Event မှာ Galaxy Watch 5 ကို မကြေညာနိုင်ဘူးလို့ ထင်ရပါတယ်။

Ref : gsmarena