[Zawgyi]

ကမာၻတ၀န္းမွာ 5G ကြန္ရက္ေတြကို စတင္ ၀န္ေဆာင္မႈေပးေနပါၿပီ။ ဖုန္းကုမၸဏီေတြကလည္း 5G သံုးႏိုင္မယ့္ ဖုန္းေတြကို စတင္ ထုတ္လုပ္ေနၾကပါတယ္။ Apple ကလည္း ၂၀၂၀ ခုႏွစ္မွာ 5G iPhone တစ္လံုးေတာ့ ထုတ္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ အခုေတာ့ 2020 iPhones သံုးလံုးစလံုးမွာ 5G ပါႏိုင္တယ္လို႔ သတင္းထြက္လာပါတယ္။

Apple အေရးကြ်မ္းက်င္တဲ့ Ming-Chi Kuo က လာမယ့္ႏွစ္မွာ ထုတ္မယ့္ ၅.၄ လက္မနဲ႔ ၆.၇ လက္မ iPhone Models ေတြမွာသာ 5G ပါမွာ ျဖစ္ၿပီး iPhone XR ရဲ႕ မ်ိဳးဆက္ တန္ဖိုးနည္း ၆.၁ လက္မ Model မွာ LTE သာ ပါမယ္လို႔ ၿပီးခဲ့တဲ့ လက ေျပာခဲ့ပါတယ္။ အခုေတာ့ Kuo က ခန္႔မွန္းခ်က္ အသစ္တစ္ခုကို ေျပာလိုက္ပါတယ္။ သူက 2020 iPhones သံုးလံုးစလံုးမွာ 5G ပါလာႏုိင္တယ္လို႔ ေျပာပါတယ္။ သူက “ Apple ဟာ Intel ရဲ႕ Smartphone Modem လုပ္ငန္းကို ၀ယ္ယူၿပီးေနာက္မွာ 5G iPhone ထုတ္လုပ္ဖို႔ အေထာက္အပံ့ေတြ ပိုရသြားပါတယ္ “ လို႔ ေျပာပါတယ္။

Apple က Intel ရဲ႕ Modem လုပ္ငန္း အမ်ားစုကို ေဒၚလာ ၁ ဘီလီယမ္နဲ႔ ၀ယ္ယူလိုက္တယ္လို႔ ေၾကညာအၿပီး ရက္ပိုင္းအတြင္းမွာ ဒီသတင္းထြက္လာတာ ျဖစ္ပါတယ္။ MacRumors က Apple ဟာ Qualcomm ကို လက္ျပႏႈတ္ဆက္လို႔ေတာ့ မရေသးဘူးလို႔ ေျပာပါတယ္။ Apple ဟာ သူ႔ကိုယ္ပိုင္ 5G Modem ကို ၂၀၂၁ ခုႏွစ္ေလာက္က်မွသာ ထုတ္လုပ္ႏုိင္မွာ ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္အထိ Qualcomm ကို မွီခိုေနရဦးမယ္လို႔ MacRumors က ေျပာပါတယ္။

အရင္ကေတာ့ Apple ဟာ 5G iPhones ေတြကို ၂၀၂၁ ခုႏွစ္က်မွသာ ထုတ္လုပ္ေရာင္းခ်ႏုိင္မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ 5G iPhones ေတြကို ၂၀၂၀ ခုႏွစ္မွာ ကိုင္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ 5G Android Phones ေတြကေတာ့ ၂၀၁၉ ခုႏွစ္ကတည္းက စတင္ထြက္ရွိေနၿပီ ျဖစ္ပါတယ္။

Ref : theverge

[Unicode]

2020 iPhones အားလုံးမှာ 5G ပါလာနိုင်

ကမ္ဘာအဝန်းမှာ 5G ကွန်ရက်တွေကို စတင် ဝန်ဆောင်မှုပေးနေပါပြီ။ ဖုန်းကုမ္ပဏီတွေကလည်း 5G သုံးနိုင်မယ့် ဖုန်းတွေကို စတင် ထုတ်လုပ်နေကြပါတယ်။ Apple ကလည်း ၂၀၂၀ ခုနှစ်မှာ 5G iPhone တစ်လုံးတော့ ထုတ်မယ်လို့ မျှော်လင့်ထားကြပါတယ်။ အခုတော့ 2020 iPhones သုံးလုံးစလုံးမှာ 5G ပါလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Apple အရေးကျွမ်းကျင်တဲ့ Ming-Chi Kuo က လာမယ့်နှစ်မှာ ထုတ်မယ့် ၅.၄ လက်မနဲ့ ၆.၇ လက်မ iPhone Models တွေမှာသာ 5G ပါမှာ ဖြစ်ပြီး iPhone XR ရဲ့ မျိုးဆက် တန်ဖိုးနည်း ၆.၁ လက်မ Model မှာ LTE သာ ပါမယ်လို့ ပြီးခဲ့တဲ့ လက ပြောခဲ့ပါတယ်။ အခုတော့ Kuo က ခန့်မှန်းချက် အသစ်တစ်ခုကို ပြောလိုက်ပါတယ်။ သူက 2020 iPhones သုံးလုံးစလုံးမှာ 5G ပါလာနိုင်တယ်လို့ ပြောပါတယ်။ သူက “ Apple ဟာ Intel ရဲ့ Smartphone Modem လုပ်ငန်းကို ဝယ်ယူပြီးနောက်မှာ 5G iPhone ထုတ်လုပ်ဖို့ အထောက်အပံ့တွေ ပိုရသွားပါတယ်။ “ လို့ ပြောပါတယ်။

Apple က Intel ရဲ့ Modem လုပ်ငန်း အများစုကို ဒေါ်လာ ၁ ဘီလီယမ်နဲ့ ဝယ်ယူလိုက်တယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။ MacRumors က Apple ဟာ Qualcomm ကို လက်ပြနှုတ်ဆက်လို့တော့ မရသေးဘူးလို့ ပြောပါတယ်။ Apple ဟာ သူ့ကိုယ်ပိုင် 5G Modem ကို ၂၀၂၁ ခုနှစ်လောက်ကျမှသာ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်အထိ Qualcomm ကို မှီခိုနေရဦးမယ်လို့ MacRumors က ပြောပါတယ်။

အရင်ကတော့ Apple ဟာ 5G iPhones တွေကို ၂၀၂၁ ခုနှစ်ကျမှသာ ထုတ်လုပ်ရောင်းချနိုင်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ 5G iPhones တွေကို ၂၀၂၀ ခုနှစ်မှာ ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ 5G Android Phones တွေကတော့ ၂၀၁၉ ခုနှစ်ကတည်းက စတင်ထွက်ရှိနေပြီ ဖြစ်ပါတယ်။

Ref : theverge