[Zawgyi]

ၿပီးခဲ့တဲ့ ၾကာသပေတးတုန္းက OnePlus 6T Thunder Purple Version ကို ကုမၸဏီရဲ႕ Support page မွာ List အျဖစ္ ေတြ႕ျမင္ခဲ့ရပါတယ္။ ၿပီးေတာ့ Amazon Germany ရဲ႕ ႀကိဳတင္အမွာစာရင္း မွာလည္း ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္ အဲဒီတုန္းကေတာ့ ပုံရိပ္ေတြကို ေသခ်ာမျမင္ခဲ့ရပါဘူး။ ၿပီးခဲ့တဲ့ သီတင္းပတ္ ကုန္ဆုံးခ်ိန္မွာေတာ့ ခရမ္းေရာင္ကိုယ္ထည္နဲ႔ OnePlus 6T ေတြကို တရားဝင္ အေရာင္းျမႇင့္တင္ေရး ပုံရိပ္အျဖစ္ အသုံးျပဳထားတာကို ေတြ႕ျမင္လာရပါတယ္။

ခရမ္းေရာင္ကိုယ္ထည္နဲ႔ဆိုေပမယ့္ အခုေနာက္ပိုင္းေခတ္စားေနတဲ့အတိုင္း ေရာင္ေျပးေလးပဲ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ခရမ္းေရာင္ ခပ္ရင့္ရင့္ကေန ေဗဒါေရာင္မက်တက်ဆီ ကူးေျပာင္းသြားတဲ့ အေရာင္မ်ိဳး ျဖစ္ပါတယ္။ (ခရမ္းေရာင္ကေန ပန္းေရာင္သန္းတဲ့ခရမ္းေဖ်ာ့ေရာင္ဆီ ကူးေျပာင္းသြားတယ္ လို႔ေျပာရင္ ပိုမွန္မယ္ ထင္ပါတယ္) ဒါေပမယ့္ အလင္းေရာင္ သက္ေရာက္မႈေပၚမူတည္ၿပီး အေရာင္အႏုအရင့္ကြဲျပားသြားမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေရာင္ေျပးအမ်ိဳးအစားေတြအားလုံးဟာ ဖန္သားအုပ္တဲ့ပုံစံနဲ႔ ဒါမွမဟုတ္ တျခား Transparent အမ်ိဳးအစား တစ္ခုခုနဲ႔ လာခဲ့တာပါ။ OnePlus 6T Thunder Purple Version မွာေတာ့ မူလ Mirror Black နဲ႔ ပိုနီးစပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Minight Black က သတၱဳကိုယ္ထည္နဲ႔မို႔လို႔ ျဖစ္ပါတယ္။

Thunder Purple ဟာ က်န္တဲ့ Version ေတြနဲ႔ အေရာင္ကြဲတာကလြဲရင္ က်န္တဲ့အစိတ္အပိုင္းေတြအားလုံးက အတူတူပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ 6.4-inch Optic AMOLED Display, Snapdragon 845, 16MP+20MP အေနာက္ကင္မရာႏွစ္လုံး၊ 16MP အေရွ႕ကင္မရာ၊ 3,700mAh ဘက္ထရီ တို႔ကေတာ့ အတူတူပဲ ျဖစ္ပါတယ္။ Thunder Purple Version မွာေတာ့ 8GB RAM/128GB storage ကလြဲရင္ တျခားေ႐ြးခ်ယ္စရာ မရွိပါဘူး။ ေဈးႏႈန္းကေတာ့ ယူ႐ို ၅၈၀ လို႔ သိရပါတယ္။

Ref: gsmarena

 

[Unicode]

ပြီးခဲ့တဲ့ ကြာသပတေးတုန်းက OnePlus 6T Thunder Purple Version ကို ကုမ္ပဏီရဲ့ Support page မှာ List အဖြစ် တွေ့မြင်ခဲ့ရပါတယ်။ ပြီးတော့ Amazon Germany ရဲ့ ကြိုတင်အမှာစာရင်း မှာလည်း မြင်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ ပုံရိပ်တွေကို သေချာမမြင်ခဲ့ရပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ် ကုန်ဆုံးချိန်မှာတော့ ခရမ်းရောင်ကိုယ်ထည်နဲ့ OnePlus 6T တွေကို တရားဝင် အရောင်းမြှင့်တင်ရေး ပုံရိပ်အဖြစ် အသုံးပြုထားတာကို တွေ့မြင်လာရပါတယ်။

ခရမ်းရောင်ကိုယ်ထည်နဲ့ဆိုပေမယ့် အခုနောက်ပိုင်းခေတ်စားနေတဲ့အတိုင်း ရောင်ပြေးလေးပဲ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ခရမ်းရောင် ခပ်ရင့်ရင့်ကနေ ဗေဒါရောင်မကျတကျဆီ ကူးပြောင်းသွားတဲ့ အရောင်မျိုး ဖြစ်ပါတယ်။ (ခရမ်းရောင်ကနေ ပန်းရောင်သန်းတဲ့ခရမ်းဖျော့ရောင်ဆီ ကူးပြောင်းသွားတယ် လို့ပြောရင် ပိုမှန်မယ် ထင်ပါတယ်) ဒါပေမယ့် အလင်းရောင် သက်ရောက်မှုပေါ်မူတည်ပြီး အရောင်အနုအရင့်ကွဲပြားသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရောင်ပြေးအမျိုးအစားတွေအားလုံးဟာ ဖန်သားအုပ်တဲ့ပုံစံနဲ့ ဒါမှမဟုတ် တခြား Transparent အမျိုးအစား တစ်ခုခုနဲ့ လာခဲ့တာပါ။ OnePlus 6T Thunder Purple Version မှာတော့ မူလ Mirror Black နဲ့ ပိုနီးစပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Minight Black က သတ္တုကိုယ်ထည်နဲ့မို့လို့ ဖြစ်ပါတယ်။

Thunder Purple ဟာ ကျန်တဲ့ Version တွေနဲ့ အရောင်ကွဲတာကလွဲရင် ကျန်တဲ့အစိတ်အပိုင်းတွေအားလုံးက အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် 6.4-inch Optic AMOLED Display, Snapdragon 845, 16MP+20MP အနောက်ကင်မရာနှစ်လုံး၊ 16MP အရှေ့ကင်မရာ၊ 3,700mAh ဘက်ထရီ တို့ကတော့ အတူတူပဲ ဖြစ်ပါတယ်။ Thunder Purple Version မှာတော့ 8GB RAM/128GB storage ကလွဲရင် တခြားရွေးချယ်စရာ မရှိပါဘူး။ ဈေးနှုန်းကတော့ ယူရို ၅၈၀ လို့ သိရပါတယ်။

Ref: gsmarena