Qualcomm ဟာ လက်ရှိ Google ရဲ့ Wear OS ကို အသုံးပြုထားတဲ့ Smartwatch တွေအတွက် Chipset တွေကို ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းက Snapdragon 4100 , 4100+ နာမည်နဲ့ Chipset အသစ်တွေကို မိတ်ဆက်ခဲ့ပြီး ယခင် Generation တွေထက် သိသိသာသာကို စွမ်းဆောင်ရည်ကောင်းမွန်လာတာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Smartwatch ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Mobvoi ကနေ Qualcomm Snapdragon 4100 Chipset ကို ပထမဆုံးအသုံးပြုထားတဲ့ TicWatch Pro 3 Smartwatch ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Smartwatch ဟာ Wear OS ကို အသုံးပြုထားပြီး လက်ရှိ Galaxy Watch 3 နဲ့ Apple Watch တွေအတွက် ပြိုင်ဘက်ဖြစ်လာမှာပါ။

အခုလိုမျိုး Snapdragon 4100 Chipset ကို အသုံးပြုလိုက်တဲ့အတွက် ယခင် Snapdragon 3100 Chipset ထက် CPU ပိုင်းမှာ ၈၅ ရာခိုင်နှုန်းပိုမိုကောင်းမွန်မှာဖြစ်ပြီး GPU ပိုင်းမှာလည်း ၂ ဆလောက်ကို ပိုစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 1GB ပါဝင်မှာဖြစ်တဲ့အတွက် လက်ရှိ Wear OS အသုံးပြုထားတဲ့ Smartwatch တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်နေမှာပါ။

TicWatch Pro 3 ဟာ ယခင် TicWatch Pro Series လိုမျိုးပဲ Low Power Mode အတွက် Secondary Dual-layer Display ကို အသုံးပြုထားပါတယ်။ အဲ့ဒီအတွက် ပုံမှန် အသုံးပြုမှုတွေမှာ ၇၂ နာရီဆက်တိုက်အသုံးပြုနိုင်သလို Essential Mode နဲ့ အသုံးပြုမယ်ဆိုရင်လည်း ၄၅ ရက်အထိ အသုံးခံနိုင်မယ်လို့သိရပါတယ်။

ကျန်းမာရေး Feature တွေအနေနဲ့လည်း Sleep Tracking ၊ Heart Rate ၊ Breathing Exercise တွေအပြင် Blood Oxygen Sensor ကိုပါ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ GPS ၊ NFC လိုမျိုး Feature တွေအပြင် IP68 Water-Resistant Rating လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ $299 (မြန်မာငွေ ၃ သိန်း ၉ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – 9to5Google