[Zawgyi]

လက္ရွိလူႀကိဳက္မ်ားေနတဲ့ ဗီဒီယုိအေျခခံ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ TikTok ဟာ အေမရိကန္ Federal Trade Commission နဲ႔ ေတြ႕ဆုံသေဘာတူညီမႈရၿပီးတဲ့ေနာက္ အသက္ ၁၃ ႏွစ္မျပည့္ေသးတဲ့ လူငယ္ေတြကို သုံးစြဲခြင့္ ပိတ္ပင္လိုက္ပါတယ္။

ဒီေျပာင္းလဲမႈဟာ ယေန႔မွစတင္ၿပီး ရွိၿပီးသား TikTok သုံးစြဲသူေတြအပါအဝင္ အားလုံးကို သက္ေရာက္သြားမွာပါ။ လက္ရွိအေကာင့္ဖြင့္ၿပီးသား အသက္မျပည့္ေသးသူေတြဟာ သူတုိ႔ရဲ႕ ၁၃ ႏွစ္ေျမာက္ ေမြးေန႔ကိုေရာက္မွ ျပန္လည္သုံးစြဲလို႔ရေတာ့မွာျဖစ္ပါတယ္။ တစ္ခ်ဳိ႕သုံးစြဲသူေတြကေတာ့ သူတုိ႔ရဲ႕ ေမြးေန႔ေနရာမွာ ၁၃ ႏွစ္မျပည့္ေသးတဲ့ ရက္စြဲကို ထည့္လိုက္တဲ့အခါ သတိေပးခ်က္တစ္စုံတစ္ရာမရွိဘဲ သူတုိ႔တင္ထားတဲ့ ဗီဒီယုိ ေတြကို ဖ်က္သြားတယ္လို႔ဆုိပါတယ္။

အရင္က သုံးစြဲခြင့္ေပးခဲ့တဲ့အတြက္လည္း TikTok ဟာ COPPA လို႔ေခၚတဲ့ ကေလးငယ္မ်ား အြန္လိုင္းဆုိင္ရာ ပုဂၢလိက ကာကြယ္ေရးဥပေဒကုိ ခ်ဳိးေဖာက္မိတဲ့အတြက္ FTC ေကာ္မရွင္ကို ေလွ်ာ္ေၾကးေငြ အေမရိကန္ေဒၚလာ ၅.၇ သန္းေပးေလွ်ာ္ရမွာျဖစ္ပါတယ္။ အဆုိပါဥပေဒဟာ အေမရိကန္မွာ ၁၃ ႏွစ္မျပည့္ေသးတဲ့ ကေလးငယ္ေတြ အင္တာနက္သုံးစြဲရင္ မိဘေတြရဲ႕ ကာကြယ္ေစာင့္ေရွာက္ထိန္းခ်ဳပ္မႈနဲ႔ပဲ သုံးစြဲေစရမယ္လို႔ ခ်မွတ္ထားတာ ျဖစ္ပါတယ္။

Youtube တုိ႔လို ဆုိရွယ္ App ေတြမွာေတာ့ ၁၃ ႏွစ္မျပည့္ေသးခင္ ႀကိဳတင္စမ္းသပ္သုံးစြဲႏုိင္ေအာင္ Kid ဗားရွင္းေတြ ထုတ္လုပ္ေလ့ရွိၿပီး ၾကည့္ရႈႏုိင္တဲ့ ဗီဒီယုိအမ်ဳိးအစားေတြကို အထူးက်ပ္မတ္ထားေလ့ရွိပါတယ္။ TikTok လည္း ဒီလမ္းေၾကာင္းအတုိင္းလိုက္ၿပီး ၁၃ ႏွစ္မျပည့္ေသးတဲ့ ကေလးေတြကို သင့္ေလွ်ာ္တဲ့ ဗီဒီယုိေတြ ၾကည့္ရႈေစၿပီး ဗီဒီယုိတင္တာ၊ ေကာ္မန္႔ေပးတာ စတဲ့ Activity ေတြကိုေတာ့ ပိတ္ပင္ထားမယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ ကေလးငယ္ေတြေရွ႕မွာ အျမင္မေတာ္တဲ့ Content ေတြမေပၚလာေစဖို႔လည္း ေရြးခ်ယ္သြားမယ္လို႔ ေျပာခဲ့ပါတယ္။

Ref – GSM Arena

[Unicode]

လက်ရှိလူကြိုက်များနေတဲ့ ဗီဒီယိုအခြေခံ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ TikTok ဟာ အမေရိကန် Federal Trade Commission နဲ့ တွေ့ဆုံသဘောတူညီမှုရပြီးတဲ့နောက် အသက် ၁၃ နှစ်မပြည့်သေးတဲ့ လူငယ်တွေကို သုံးစွဲခွင့် ပိတ်ပင်လိုက်ပါတယ်။

ဒီပြောင်းလဲမှုဟာ ယနေ့မှစတင်ပြီး ရှိပြီးသား TikTok သုံးစွဲသူတွေအပါအဝင် အားလုံးကို သက်ရောက်သွားမှာပါ။ လက်ရှိအကောင့်ဖွင့်ပြီးသား အသက်မပြည့်သေးသူတွေဟာ သူတို့ရဲ့ ၁၃ နှစ်မြောက် မွေးနေ့ကိုရောက်မှ ပြန်လည်သုံးစွဲလို့ရတော့မှာဖြစ်ပါတယ်။ တစ်ချို့သုံးစွဲသူတွေကတော့ သူတို့ရဲ့ မွေးနေ့နေရာမှာ ၁၃ နှစ်မပြည့်သေးတဲ့ ရက်စွဲကို ထည့်လိုက်တဲ့အခါ သတိပေးချက်တစ်စုံတစ်ရာမရှိဘဲ သူတို့တင်ထားတဲ့ ဗီဒီယို တွေကို ဖျက်သွားတယ်လို့ဆိုပါတယ်။

အရင်က သုံးစွဲခွင့်ပေးခဲ့တဲ့အတွက်လည်း TikTok ဟာ COPPA လို့ခေါ်တဲ့ ကလေးငယ်များ အွန်လိုင်းဆိုင်ရာ ပုဂ္ဂလိက ကာကွယ်ရေးဥပဒေကို ချိုးဖောက်မိတဲ့အတွက် FTC ကော်မရှင်ကို လျှော်ကြေးငွေ အမေရိကန်ဒေါ်လာ ၅.၇ သန်းပေးလျှော်ရမှာဖြစ်ပါတယ်။ အဆိုပါဥပဒေဟာ အမေရိကန်မှာ ၁၃ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ အင်တာနက်သုံးစွဲရင် မိဘတွေရဲ့ ကာကွယ်စောင့်ရှောက်ထိန်းချုပ်မှုနဲ့ပဲ သုံးစွဲစေရမယ်လို့ ချမှတ်ထားတာ ဖြစ်ပါတယ်။

Youtube တို့လို ဆိုရှယ် App တွေမှာတော့ ၁၃ နှစ်မပြည့်သေးခင် ကြိုတင်စမ်းသပ်သုံးစွဲနိုင်အောင် Kid ဗားရှင်းတွေ ထုတ်လုပ်လေ့ရှိပြီး ကြည့်ရှုနိုင်တဲ့ ဗီဒီယိုအမျိုးအစားတွေကို အထူးကျပ်မတ်ထားလေ့ရှိပါတယ်။ TikTok လည်း ဒီလမ်းကြောင်းအတိုင်းလိုက်ပြီး ၁၃ နှစ်မပြည့်သေးတဲ့ ကလေးတွေကို သင့်လျှော်တဲ့ ဗီဒီယိုတွေ ကြည့်ရှုစေပြီး ဗီဒီယိုတင်တာ၊ ကော်မန့်ပေးတာ စတဲ့ Activity တွေကိုတော့ ပိတ်ပင်ထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရှေ့မှာ အမြင်မတော်တဲ့ Content တွေမပေါ်လာစေဖို့လည်း ရွေးချယ်သွားမယ်လို့ ပြောခဲ့ပါတယ်။

Ref – GSM Arena