TikTok ဟာ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ခိုးယူနေတယ်ဆိုတဲ့ သတင်းများစွာ ကြားခဲ့ရပြီးပါပြီ။ အခုတော့ TikTok ရဲ့ In App Keyboard ဟာ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ခိုးယူနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

TikTok

InAppBrowser.com ကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး နာမည်ကြီး လူမှုကွန်ရက် ပလက်ဖောင်းတွေရဲ့ In App Keyboard တွေဟာ စာရိုက်တဲ့အခါမှာ ဒေတာတွေကို ခိုးယူနိုင်တယ်လို့ ပြောပါတယ်။ TikTok, Facebook, Instagram တို့လို နာမည်ကြီး လူမှုကွန်ရက် App တွေဟာ JavaScript ကို သုံးကာ သင့်ရဲ့ Credit Card ဒေတာ၊ လိပ်စာ၊ Password တွေကို သင် မသိဘဲ ခိုးယူနိုင်တယ်လို့ ပြောပါတယ်။

TikTok

အဲဒီနာမည်ကြီး လူမှုကွန်ရက် App တွေထဲမှာ ဖုန်းရဲ့ Default Keyboard ကို အသုံးပြုခွင့် မပေးတဲ့ တစ်ခုထဲသော ကုမ္ပဏီက TikTok ဖြစ်ပါတယ်။ အဲဒီအတွက် TikTok သုံးရင် In App Keyboard ကိုပဲ သုံးရမှာ ဖြစ်ပါတယ်။

ဒါတွေကြောင့်လည်း အမေရိကန်က TikTok ဟာ နိုင်ငံလုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ ပြောတာပါ။ TikTok က “ ဒေတာတွေ ခိုးယူနေတယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ပါဘူး။ ကျွန်တော်တို့ဟာ Keystroke နဲ့ Text Input တွေကို မကောက်ယူဘဲ Debugging , Troubleshooting နဲ့ စွမ်းဆောင်ရည်ကို လေ့လာဖို့အတွက်ပဲ ကုဒ်တွေကို သုံးတာပါ။ “ လို့ တွစ်တာမှာ ပြောခဲ့ပါတယ်။

တခြားသတင်းတွေအရ TikTok ရဲ့ In App Browser ကလည်း Third Party Website တွေမှာ စာရိုက်တာကို စောင့်ကြည့်နိုင်တယ်လို့ သိရပါတယ်။

Ref : gizmochina