Zawgyi

TikTok ရဲ႕မိခင္ကုမၸဏီ ByteDance ဟာ ၿပီးခဲ့တဲ့ႏွစ္ပုိင္းအတြင္း တရုတ္စမတ္ဖုန္းထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ Smartisan ကိုဝယ္ယူခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ Tik Tok ဖုန္းထြက္မယ္ဆုိတဲ့ သတင္းေတြထြက္ခဲ့ဖူးေပမယ့္ လက္ရွိမွာေတာ့ Smartisan ရဲ႕ ယခင္အစီအစဥ္အတုိင္းသာ ဆက္လက္ထုတ္လုပ္သြားမယ္လို႔ ေျပာထားခဲ့ၿပီး အခုေနာက္ဆုံးထြက္လာမယ့္ ဖုန္းက Smartisan Nut Pro 3 ပဲျဖစ္ပါတယ္။

Smartisan Nut Pro 3 ဖုန္းကိုေတာ့ လာမယ့္ေအာက္တုိဘာ ၃၁ ရက္ေန႔မွာ တရုတ္ျပည္တြင္းမွာပဲ မိတ္ဆက္သြားမွာပါ။ ယခင္ကလည္း 1TB Storage နဲ႔ ထူးထူးျခားျခားဖုန္းကို ထုတ္ျပခဲ့ဖူးတဲ့ Smartisan အမွတ္တံဆိပ္ဟာ ဒီတစ္ခါမွာလည္း Flagship အဆင့္ ဟန္းဆက္တစ္ခုကိုထုတ္ျပလာဦးမွာျဖစ္ပါတယ္။

Nut Pro 3 ဖုန္းဟာ ေမာ္ဒယ္နံပါတ္ DT1901A နဲ႔ထြက္ေပၚလာခဲ့ၿပီး 6.39” လက္မအရြယ္ AMOLED Display တစ္ခု ပါဝင္ပါတယ္။ Screen မွာ Notch တစ္ခုပါၿပီး အထဲမွာ 20MP f/2.0 Selfie ကင္မရာတစ္ခု ထည့္သြင္းလာမွာပါ။

Smartisan စမတ္ဖုန္းရဲ႕အတြင္းမွာ Qualcomm ရဲ႕ Snapdraagon 855+ ေနာက္ဆုံးေပၚခ်စ္ပ္ဆက္နဲ႔အတူ 8GB RAM / 128GB Storage လို႔ သတင္းထြက္လာပါတယ္။ ဖုန္းရဲ႕ေနာက္ဘက္မွာ ကင္မရာေလးလုံးပါဝင္ၿပီး အဓိက 48MP f/1.75 Sensor ကို 13MP Ultrawide ကင္မရာ၊ 8MP Telephoto နဲ႔ 5MP Macro ယူနစ္တုိ႔ျဖင့္ တြဲဖက္လာမွာပါ။

ဘကၳရီက 4,000 mAh ျဖစ္ၿပီး 9V/3A နဲ႔ 5V/3A အားအျမန္သြင္းစနစ္ေတြ ပါဝင္မယ္လို႔ဆုိပါတယ္။ ဖုန္းရဲ႕အေလးခ်ိန္က 185g ရွိတဲ့ Nut Pro 3 ဟာ ဘယ္စက္ႏွင္စနစ္ကို အသုံးျပဳလာမယ္ဆုိတာေတာ့ မေဖာ္ျပထားေပမယ့္ Android 10 OS တန္းအသုံးျပဳလာဖို႔ေတာ့ ျဖစ္ႏုိင္ေခ်နည္းပါေသးတယ္။

Ref – Gizmo China

Unicode

TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း တရုတ်စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Smartisan ကိုဝယ်ယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာ Tik Tok ဖုန်းထွက်မယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ဖူးပေမယ့် လက်ရှိမှာတော့ Smartisan ရဲ့ ယခင်အစီအစဉ်အတိုင်းသာ ဆက်လက်ထုတ်လုပ်သွားမယ်လို့ ပြောထားခဲ့ပြီး အခုနောက်ဆုံးထွက်လာမယ့် ဖုန်းက Smartisan Nut Pro 3 ပဲဖြစ်ပါတယ်။

Smartisan Nut Pro 3 ဖုန်းကိုတော့ လာမယ့်အောက်တိုဘာ ၃၁ ရက်နေ့မှာ တရုတ်ပြည်တွင်းမှာပဲ မိတ်ဆက်သွားမှာပါ။ ယခင်ကလည်း 1TB Storage နဲ့ ထူးထူးခြားခြားဖုန်းကို ထုတ်ပြခဲ့ဖူးတဲ့ Smartisan အမှတ်တံဆိပ်ဟာ ဒီတစ်ခါမှာလည်း Flagship အဆင့် ဟန်းဆက်တစ်ခုကိုထုတ်ပြလာဦးမှာဖြစ်ပါတယ်။

Nut Pro 3 ဖုန်းဟာ မော်ဒယ်နံပါတ် DT1901A နဲ့ထွက်ပေါ်လာခဲ့ပြီး 6.39” လက်မအရွယ် AMOLED Display တစ်ခု ပါဝင်ပါတယ်။ Screen မှာ Notch တစ်ခုပါပြီး အထဲမှာ 20MP f/2.0 Selfie ကင်မရာတစ်ခု ထည့်သွင်းလာမှာပါ။

Smartisan စမတ်ဖုန်းရဲ့အတွင်းမှာ Qualcomm ရဲ့ Snapdraagon 855+ နောက်ဆုံးပေါ်ချစ်ပ်ဆက်နဲ့အတူ 8GB RAM / 128GB Storage လို့ သတင်းထွက်လာပါတယ်။ ဖုန်းရဲ့နောက်ဘက်မှာ ကင်မရာလေးလုံးပါဝင်ပြီး အဓိက 48MP f/1.75 Sensor ကို 13MP Ultrawide ကင်မရာ၊ 8MP Telephoto နဲ့ 5MP Macro ယူနစ်တို့ဖြင့် တွဲဖက်လာမှာပါ။

ဘက္ထရီက 4,000 mAh ဖြစ်ပြီး 9V/3A နဲ့ 5V/3A အားအမြန်သွင်းစနစ်တွေ ပါဝင်မယ်လို့ဆိုပါတယ်။ ဖုန်းရဲ့အလေးချိန်က 185g ရှိတဲ့ Nut Pro 3 ဟာ ဘယ်စက်နှင်စနစ်ကို အသုံးပြုလာမယ်ဆိုတာတော့ မဖော်ပြထားပေမယ့် Android 10 OS တန်းအသုံးပြုလာဖို့တော့ ဖြစ်နိုင်ချေနည်းပါသေးတယ်။

Ref – Gizmo China