Short Video တွေကို စတင်ခဲ့ပြီး လူသုံးအများဆုံး Video Platform တစ်ခုဖြစ်တဲ့ TikTok ကနေ အခုအချိန်မှာ အရေးပါတဲ့ Feature အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကတော့ TikTok Video တွေရဲ့ Comment တွေမှာ ကိုယ်မကြိုက်နှစ်သက်တဲ့ Comment တွေကို Dislike ပြုလုပ်နိုင်တဲ့ Button ကို ထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။

TikTok ဟာ အခုလိုမျိုး Dislike Button ကို ယခုနှစ်အစောပိုင်းထဲက စမ်းသပ်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အသုံးပြုသူတိုင်းအတွက် ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် TikTok Video တွေရဲ့ Comment ညာဘက်ဘေးမှာ Like Button အပြင် Dislike Button ကိုပါ စတင်တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာ Dislike Button ကိုထည့်သွင်းထားတယ်ဆိုပေမယ့် လူဘယ်နှယောက်က Dislike ပြုလုပ်ထားသလဲဆိုတဲ့ အရေအတွက်ကိုတော့ ထည့်သွင်းဖော်ပြသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်ရှိ YouTube ကနေ ပြောင်းလဲထားတဲ့ Dislike Button နဲ့ ပိုပြီး ဆင်တူနေမှာဖြစ်ပါတယ်။

TikTok ရဲ့ ပြောကြားချက်အရတော့ Comment တစ်ခုမှာ Dislike ပြုလုပ်တဲ့အရေအတွက် အရမ်းများနေတယ်ဆိုရင် ကုမ္ပဏီအနေနဲ့ Spam သို့မဟုတ် Terms & Condition တွေနဲ့ ကိုက်ညီမှုရှိမရှိကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Ref – Engadget