တရုတ် ကုမ္ပဏီပိုင် TikTok ဟာ သမ္မတ ပူတင် ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုလိုက်တဲ့ မီဒီယာ ဥပဒေ အသစ်ကို လေ့လာသုံးသပ်ဖို့အတွက် ရုရှားမှာ Livestreaming နဲ့ ဗီဒီယို အသစ် တင်တာကို ရပ်နားမယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောပါတယ်။

Popular TikTokers in the UK and Russia.

“ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ ရုရှား ဥပဒေ အသစ်နဲ့ မငြိစွန်းအောင် လေ့လာသုံးသပ်နေချိန်မှာ Livestreaming နဲ့ ဗီဒီယို အသစ် တင်တာကို ရပ်နားထားမှာ ဖြစ်ပါတယ်။ App မှာ ထည့်ထားတဲ့ စာပို့တဲ့ လုပ်ဆောင်ချက်ကို ဆက်လက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  “ လို့  TikTok က တွစ်တာမှာ ရေးသားထားပါတယ်။

Russia to launch own TikTok developed with Putin's alleged daughter |  Philstar.com

TikTok က “ ကျွန်တော်တို့ရဲ့ ဦးစားပေး လုပ်ငန်းက ဘေးကင်းစေဖို့ ဖြစ်ပါတယ်။ ရုရှားရဲ့ အခြေအနေတွေကို သေသေချာချာ လေ့လာစောင့်ကြည့်မှာ ဖြစ်ပြီး ဘယ်အချိန်မှာ ဝန်ဆောင်မှု အပြည့်အဝ ပြန်ပေးရမလဲ ဆိုတာ စဉ်းစားဆုံးဖြတ်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတာနဲ့ ပတ်သက်ပြီး သတင်း အတုတွေကို တားဆီးဖို့အတွက် အခု ဥပဒေ အသစ်ကို ပြဌာန်းလိုက်တာ ဖြစ်ပြီး ဥပဒေ ချိုးဖောက်ရင် ငွေဒဏ်နဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရမှာပါ။

ရုရှားနဲ့ လူမှုကွန်ရက်တွေဟာ ဘတစ်ပြန် ကျားတစ်ပြန် Ban နေကြပါတယ်။ ရုရှားမှာ Facebook နဲ့ YouTube တို့ကို Ban ထားသလို Facebook နဲ့ YouTube တို့ကလည်း ရုရှားကို ကျောခိုင်းနှုတ်ဆက်ထားကြပါတယ်။

Ref : reuters