Unicode

TikTok ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ သိသိသာသာကို အောင်မြင်မှုရရှိလာပြီးတော့ အသုံးပြုသူတွေလည်းအလွန်များပြားလာတာဖြစ်ပါတယ်။ အခုလည်း Sensor Tower ကနေ ထုတ်ပြန်လိုက်တဲ့ Data တွေအရ TikTok App ဟာ ၂၀၁၉ ခုနှစ်အတွက် Download ရယူမှု ဒုတိယအများဆုံးနေရာကို ရယူလိုက်ပြီဖြစ်ပါတယ်။

အခု Report အရတော့ TikTok App ကို အကြိမ်ရေ သန်း ၇၀၀ ကျော် Download ရယူခဲ့တယ်လို့ သိရပြီးတော့ လက်ရှိမှာ ရေပန်းအစားဆုံး Social Media App တွေဖြစ်တဲ့ Facebook App နဲ့ Messenger App တွေကို ကျော်တက်ပြီး ဒုတိယနေရာကို ရယူခဲ့တာဖြစ်ပါတယ်။ Facebook App ကတော့ Download ပြုလုပ်မှုပေါင်း သန်း ၇၀၀ ကျော်ရှိတယ်လို့သိရပြီး Facebook Messenger ကတော့ အကြိမ်ရေ သန်း ၇၀၀ အောက်ပဲ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Download ပြုလုပ်မှုအများဆုံး App အဖြစ်နဲ့ကတော့ WhatsApp က Download ပြုလုပ်တဲ့အကြိမ်ရေ သန်း ၈၅၀ ကျော်နဲ့ ပထမနေရာကို ရရှိထားတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး Download ပြုလုပ်မှုများပြားရတာကလည်း လူဦးရေထူထပ်တဲ့ India လိုမျိုး နိုင်ငံတွေက စစခြင်း Download ရယူမှုများပြားတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး TikTok က အောင်မြင်မှုအကြီးအကျယ်ရရှိနေတယ်ဆိုပေမယ့် US အစိုးရက လုံခြုံရေးစိတ်မချရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်နဲ့ Navy မှာ အသုံးပြုမှုကို ပိတ်ပင်ထားတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။

Ref – CNet

Zawgyi

TikTok ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းမွာ သိသိသာသာကို ေအာင္ျမင္မႈရရွိလာၿပီးေတာ့ အသုံးျပဳသူေတြလည္းအလြန္မ်ားျပားလာတာျဖစ္ပါတယ္။ အခုလည္း Sensor Tower ကေန ထုတ္ျပန္လိုက္တဲ့ Data ေတြအရ TikTok App ဟာ ၂၀၁၉ ခုႏွစ္အတြက္ Download ရယူမႈ ဒုတိယအမ်ားဆုံးေနရာကို ရယူလိုက္ၿပီျဖစ္ပါတယ္။

အခု Report အရေတာ့ TikTok App ကို အႀကိမ္ေရ သန္း ၇၀၀ ေက်ာ္ Download ရယူခဲ့တယ္လို႔ သိရၿပီးေတာ့ လက္ရွိမွာ ေရပန္းအစားဆုံး Social Media App ေတြျဖစ္တဲ့ Facebook App နဲ႔ Messenger App ေတြကို ေက်ာ္တက္ၿပီး ဒုတိယေနရာကို ရယူခဲ့တာျဖစ္ပါတယ္။ Facebook App ကေတာ့ Download ျပဳလုပ္မႈေပါင္း သန္း ၇၀၀ ေက်ာ္ရွိတယ္လို႔သိရၿပီး Facebook Messenger ကေတာ့ အႀကိမ္ေရ သန္း ၇၀၀ ေအာက္ပဲ ရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း Download ျပဳလုပ္မႈအမ်ားဆုံး App အျဖစ္နဲ႔ကေတာ့ WhatsApp က Download ျပဳလုပ္တဲ့အႀကိမ္ေရ သန္း ၈၅၀ ေက်ာ္နဲ႔ ပထမေနရာကို ရရွိထားတာလည္းျဖစ္ပါတယ္။ ဒီလိုမ်ိဳး Download ျပဳလုပ္မႈမ်ားျပားရတာကလည္း လူဦးေရထူထပ္တဲ့ India လိုမ်ိဳး ႏိုင္ငံေတြက စစျခင္း Download ရယူမႈမ်ားျပားတဲ့အတြက္ေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ အခုလိုမ်ိဳး TikTok က ေအာင္ျမင္မႈအႀကီးအက်ယ္ရရွိေနတယ္ဆိုေပမယ့္ US အစိုးရက လုံၿခဳံေရးစိတ္မခ်ရဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ စစ္တပ္နဲ႔ Navy မွာ အသုံးျပဳမႈကို ပိတ္ပင္ထားတဲ့ App တစ္ခုလည္းျဖစ္ပါတယ္။

Ref – CNet