တရုတ်မှာ Douyin လို့ ခေါ်တဲ့ TikTok က FIFA 2022 ကမ္ဘာ့ဖလားကို အခမဲ့ ပြသမယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက နာမည်ကြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို TikTok ကနေ အခမဲ့ ပြသမှာ ဖြစ်ပေမယ့် တရုတ်မှာပဲ ကြည့်ရှုနိုင်မယ်လို့ ပြောပါတယ်။

TikTok

FIFA 2022 ကမ္ဘာ့ဖလားကို ကာတာမှာ ကျင်းပမှာ ဖြစ်ပြီး TikTok ဟာ ပြသခွင့်ကို ဒီနှစ် အစောပိုင်းမှာ ရရှိထားပါတယ်။ အဲဒီအတွက် တရုတ်က TikTok User တွေဟာ ၂၈ ရက်ကြာ ဘောလုံးပြိုင်ပွဲနဲ့ တခြား တိုက်ရိုက် အစီအစဉ်တွေကို Ultra HD (4K) အရည်အသွေးနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ TikTok App မှာ World Cup လို့ ရိုက်ထည့်လိုက်တာနဲ့ Page ၁ ခု ပေါ်လာမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

TikTok will stream FIFA 22 World Cup in 4K for Free in China

ဘောလုံးပြိုင်ပွဲတွေအပြင် TikTok ဟာ တခြား ကြည့်လို့ကောင်းစေမယ့် အစီအစဉ်တွေကိုလည်း ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဘောလုံးပွဲ ကြည့်နေရင်း သူငယ်ချင်းတွေနဲ့ Chat လို့ရမယ့် လုပ်ဆောင်ချက် ပါလာမှာပါ။ ဒီလိုလုပ်ဖို့အတွက် App မှာ Live Broadcast Room ကို ထည့်သွင်းထားမှာပါ။

တရုတ်က Douyin App မှာပဲ FIFA 2022 ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကြည့်နိုင်မှာပါ။ အဲဒီအတွက် တစ်ကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ TikTok App မှာ ကြည့်လို့ မရပါဘူး။

Ref : gizmochina