အခုနောက်ပိုင်းမှာ TikTok ဟာ ပြန်ပြီးအောင်မြင်မှုတွေကို ဆက်တိုက်ရရှိလာနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆိုရင် Google ထက်တောင် ပိုပြီးလူကြိုက်နှစ်သက်ကြတဲ့ App တစ်ခုအဖြစ် ဖော်ပြခံခဲ့ရပါတယ်။

အခုလည်း ပြီးခဲ့တဲ့ ခရစ်စမတ်နေ့တုန်းက Download မှုအများဆုံး App အနေနဲ့ TikTok က နေရာရရှိထားတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ Mobile Data နဲ့ Analytics Company တစ်ခုဖြစ်တဲ့ App Annie ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Download ပြုလုပ်မှုတွေဟာ Android အပြင် iOS ကိုပါ ထည့်သွင်းပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး Operating System ၂ ခုစလုံးမှာ TikTok က ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ TikTok အပြီးမှာတော့ Meta ကုမ္ပဏီကနေ ပိုင်ဆိုင်တဲ့ Instagram ၊ Facebook နဲ့ WhatsApp Messenger App တွေက အသီးသီးရပ်တည်နေပါတယ်။

App Annie ကနေ ခရစ်စမတ်နေ့မှာ Download ပြုလုပ်သူအများဆုံး App တွေတင်မဟုတ်ဘဲ Game တွေကိုပါ ဖော်ပြခဲ့ပြီး နံပါတ် (၁) နေရာမှာ Brain Story: Tricky Puzzle က နေရာယူထားတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Poppy Rope Game ၊ Subway Surfers နဲ့ I See Fire လိုမျိုး ဂိမ်းတွေက နေရာယူထားပါတယ်။ Brain Story Game ဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကမှ မိတ်ဆက်ထားတာဖြစ်တာကြောင့် အချိန်တိုအတွင်းမှာ ကြီးမားတဲ့အောင်မြင်မှုကို ရရှိနေတာဖြစ်ပါတယ်။

Ref – Gizmo China