Apple CEO Tim Cook က Metaverse ဟာ Apple ရဲ့ လက်ရှိ AR/VR တီထွင်မှုတွေနဲ့ ဆက်စပ်နေပြီး ကုမ္ပဏီအတွက် အလားအလာအများကြီးရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် Apple ဟာ Metaverse မှာ ရင်းနှီးမြှပ်နှံနေတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

article thumbnail

Apple ဟာ Metaverse လို့ ခေါ်တဲ့ Virtual Reality နည်းပညာမှာ အဓိက နေရာက ပါဝင်ယှဉ်ပြိုင်မယ်လို့ သတင်းတွေထွက်နေပါတယ်။ Apple ရဲ့ ငွေကြေးဆိုင်ရာ စာရင်း ရှင်းပွဲမှာ Apple CEO Tim Cook က ကုမ္ပဏီဟာ Metaverse အိုင်ဒီယာကို စိတ်ဝင်စားနေပြီး Augmented Reality နဲ့ ဆက်စပ်နေတဲ့အတွက် ရင်းနှီးမြှပ်နှံမှု စတင်ထားပြီးပြီလို့ အတည်ပြုပြောကြားလိုက်ပါတယ်။

Metaverse အကြောင်း မေးမြန်းတဲ့အခါမှာ Cook က Apple ဟာ တီထွင်ဆန်းသစ်မှုတွေပြုလုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး App Store မှာ AR App ပေါင်း ၁၄,၀၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

Tim Cook

Metaverse ဟာ မကြာခင်ကမှ အရမ်းရေပန်းစားလာတဲ့ စကားလုံး ဖြစ်ပြီး အနာဂတ်မှာ လူတွေဟာ Virtual Reality Headset တွေ ဝတ်ဆင်ကာ အလုပ်လုပ်တာ၊ ပွဲအခမ်းအနား တက်တာနဲ့ လူတွေအချင်းချင်း ဆက်သွယ်ပြောဆိုဆက်ဆံတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Cook ဟာ Augmented Reality App တွေကို ညွှန်းဆိုနေတာ အံ့အားသင့်စရာ မဟုတ်ပါဘူး။ Apple ဟာ iPad Pro နဲ့ iPhone 12 Pro တို့မှာ LiDAR ထည့်သွင်းပေးထားကတည်းက AR လုပ်ဆောင်ချက်တွေကို အသားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Apple ဟာ ၂၀၂၂ ခုနှစ်မှာ VR Headset အသစ်ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပြီး အဲဒီ Headset ဟာ Metaverse မှာ အသုံးပြုလို့ရလာနိုင်ပါတယ်။

Ref : appleinsider