Apple CEO Tim Cook က သူ့ ကိုယ်ပိုင် ငွေတွေကို Cryptocurrency မှာ ရင်းနှီးမြှပ်နှံထားတယ်လို့ New York Times ရဲ့ Dealbook Conference မှာ ပြောကြားလိုက်ပါတယ်။ သူက “ မတူခြားနားတဲ့ ငွေကြေး ၁ ခုကို ပိုင်ဆိုင်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တခြား သူတွေကို ရင်းနှီးမြှပ်နှံဖို့ မတိုက်တွန်းပါဘူး။ “ လို့ ပြောပါတယ်။ သူ ဝယ်ယူထားတဲ့ Cryptocurrency အမျိုးအစားကိုတော့ မပြောသွားပါဘူး။

Apple CEO Tim Cook Confirms Owning Bitcoin or Ethereum

Cook က “ ကျွန်တော် Cryptocurrency ကို စိတ်ဝင်စားနေတာ တော်တော်ကြာပါပြီ။ စိတ်ဝင်စားစရာကောင်းလို့ သုတေသန ပြုလုပ်နေတာလည်း ကြာပါပြီ။ “ လို့ ဆက်လက်ရှင်းပြပါတယ်။ သူ့ကိုယ်ပိုင်ငွေနဲ့ ရင်းနှီးမြှပ်နှံထားတာကို အသိပေးသွားပေမယ့် Apple လည်း ဒီလို ရင်းနှီးမြှပ်နှံမလားဆိုတဲ့ အကြောင်းကို မပြောသွားပါဘူး။ Apple ဟာ ထုတ်ကုန်တွေကို Cryptocurrency နဲ့ မကြာခင် ရောင်းမယ့် အစီအစဉ် မရှိသေးပါဘူးလို့ သူက ပြောပါတယ်။

Apple’s “Ted Lasso” Season 2 Premiere - Arrivals

Cook ကို NFTs အကြောင်း မေးတဲ့အခါ “ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် NFTs မှာ ထဲထဲဝင်ဝင် ရင်းနှီးမြှပ်နှံတဲ့ လူ ၁ ယောက် ဖြစ်ဖို့ အချိန်တော်တော်ကြာဦးမှာပါ။ “ လို့ ဖြေသွားခဲ့ပါတယ်။

နာရီဝက် ကြာတဲ့ အင်တာဗျူးမှာ User တွေအတွက် Apple App Store ပြင်ပကနေ App တွေ Sideloading လုပ်ခွင့်ပေးသင့်သလားလို့ သူ့ကိုမေးခဲ့ရာမှာ သူက “ Apple ဟာ လုံခြုံရေး အားအကောင်းဆုံး ဖြစ်အောင် ဒီလို ဖန်တီးထားတာပါ။ Sideload လုပ်ချင်ရင် Android ဖုန်း ဝယ်သင့်ပါတယ်။ Sideloading လုပ်တာဟာ လုံခြုံရေး လေအိတ် သို့မဟုတ် ခါးပတ် မပါတဲ့ ကားကို စီးရသလို ပါပဲ။ အန္တရာယ် အရမ်းများပါတယ်။ လုံခြုံရေးကို အကောင်းဆုံး မလုပ်ထားရင် iPhone မဟုတ်တော့ပါဘူး။ “ လို့ ဖြေကြားသွားခဲ့ပါတယ်။

Ref : theverge