Time မဂ္ဂဇင်းရဲ့ ဥက္ကဌ Keith Grossman က အနာဂတ် Subscription အားလုံးကို TIMEPieces NFT အသွင်ပြောင်းမယ်လို့ မကြာခင်က ကြေညာခဲ့ပြီး NFT ပိုင်ရှင်တွေဟာ Exclusive Subscription အခွင့်အရေးတွေနဲ့ သူတို့ရဲ့ ဒေတာတွေကို ပိုင်ဆိုင်ခွင့်ရကြမှာပါ။

Grossman က ကုမ္ပဏီဟာ ဒေတာတွေကို အမြတ်ထုတ်နိုင်တဲ့ ငှားရမ်းသူတွေ အဖြစ် Consumer တွေကို ရှုမြင်တယ်လို့ ပြောပါတယ်။ NFT နယ်ပယ်ထဲ ဝင်ရောက်လာတဲ့အခါမှာ Consumer တွေဟာ သူတို့ရဲ့ Subscription တွေကနေ အကျိုးအမြတ် ရနိုင်တဲ့ အွန်လိုင်း ပိုင်ဆိုင်သူတွေ အဖြစ် ပြောင်းလဲသွားပြီး သူတို့ရဲ့ ဒေတာတွေကို ထိန်းချုပ်နိုင်မယ်လို့ Grossman က ပြောပါတယ်။

Time Magazine looks to turn all future subscriptions into NFTs

TIMEPieces NFT မှာ Genesis Inspiration, Long Neckie Women of the Year, Slices of Time နဲ့ Beatclub Collection စတဲ့ Collection ၄ ခု ပါဝင်ပါတယ်။ အဲဒီ Collection တွေက NFT အားလုံးဟာ မဂ္ဂဇင်းက တကယ့် ဓါတ်ပုံတွေကို အခြေပြု ဖန်တီးထားတဲ့ အနုပညာလက်ရာတွေ ဖြစ်ပါတယ်။

TIMEPieces NFT တွေကို ပိုင်ဆိုင်သူတွေဟာ Subscription အခွင့်အရေးရမှာ ဖြစ်သလို အထူး ပွဲအခမ်းအနားတွေကို ဖိတ်ကြားခံရမှာ ဖြစ်ပါတယ်။ User တွေဟာ Identity ကို သက်သေပြဖို့နဲ့ သူတို့ရဲ့ အကောင့်တွေကို Login ဝင်ဖို့ Time မဂ္ဂဇင်း ဝက်ဘ်ဆိုက်မှာ သူတို့ရဲ့ Wallet တွေနဲ့ ချိတ်ဆက်ထားနိုင်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ Collection တွေကို စတင် ဖြန့်ချိကတည်းက Time မဂ္ဂဇင်းဟာ NFT ၂၀,၀၀၀ ကျော်ကို ဖြန့်ချိပြီးပါပြီ။ Grossman က Wallet ၁၂,၀၀၀ ဝန်းကျင်ဟာ TIMEPiece NFT တွေ ပိုင်ဆိုင်ထားပြီး ဝက်ဘ်ဆိုက်နဲ့ ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။

Ref : cryptoslate