လက်ရှိအချိန်မှာ စမတ်ဖုန်းနဲ့ပဲ ဓါတ်ပုံရိုက်တာက အလွန်များပြားလာပြီပဲဖြစ်ပါတယ်။ အခုနောက်ပိုင်း စမတ်ဖုန်းတွေရဲ့ ကင်မရာကလည်း တဖြည်းဖြည်းပိုပြီးကောင်းမွန်လာတဲ့အတွက် ဘယ်စမတ်ဖုန်းကင်မရာက အကောင်းဆုံးလည်းဆိုတာကို ရွေးချယ်ဖို့ တဖြည်းဖြည်း ခက်ခဲလာပါတယ်။

အဲ့ဒီအတွက် အကောင်းဆုံးစမတ်ဖုန်းကင်မရာကို လိုချင်သူတွေအတွက် လက်ရှိအချိန်မှာ ဝယ်ယူရရှိနိုင်တဲ့ ကင်မရာအကောင်းဆုံး Android ဖုန်း ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. Google Pixel 2/ Pixel 2 XL

Google Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေက 12.2 Megapixels Single Camera ပဲပါဝင်တာဖြစ်ပြီးတော့ အခြားဖုန်းတွေမှာ ပါဝင်သလိုမျိုး Dual Camera စနစ်ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း Google ရဲ့ HDR+ စနစ်နဲ့ Artificial Intelligence နည်းပညာကို အသုံးပြုထားတဲ့အတွက် လက်ရှိအချိန်မှာ အကောင်းဆုံးသော ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို Portrait ပုံတွေကိုပါ Single Camera နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Camera Specs:

Rear Camera: 12.2MP w/ OIS + EIS, f/1.7 aperture

Selfie Camera: 8.0MP

Video: Up to 4K at 30FPS

2. Samsung Galaxy Note 8

Samsung Galaxy Note 8 ဖုန်းဟာ Samsung ရဲ့ ပထမဆုံး Dual Camera ပါဝင်လာတဲ့ဖုန်းဖြစ်ပြီးတော့ Camera Lens ၂ ခုစလုံးမှာလည်း လက်တုန်ခါမှုကိုလျော့ချပေးတဲ့ OIS နည်းပညာကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Dual Lens ပါဝင်တဲ့အတွက် အခုနောက်ပိုင်း ခေတ်စားလာတဲ့ Portrait Shots တွေကို ရိုက်ကူးနိုင်သလို 2× Optical Zoom ကိုပါ အသုံးပြုနိုင်မှာပါ။

Camera Specs:

Rear Camera: Dual 12.0MP, Dual OIS f/1.7 / f/2.4 aperture lenses

Selfie Camera: 8.0MP

Video: Up to 4K at 30FPS

3. Huawei Mate 10 Pro

လက်ရှိ မြန်မာနိုင်ငံမှာစတင်ရောင်းချနေပြီဖြစ်တဲ့ Huawei Mate 10 Pro စမတ်ဖုန်းဟာ လက်ရှိ Android ဖုန်းတွေမှာ ရှားပါးသေးတဲ့ Aperture f1.6 ရှိတဲ့ 20MP Lens နဲ့ 12MP LEICA Lens ၂ ခုကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ Lens ၂ ခုက RGB နဲ့ Monochrome ပုံတွေကို ရိုက်ကူးတဲ့အတွက် အရောင်အသွေးအစုံလင်ဆုံး ဓါတ်ပုံတွေကို ရရှိမှာ အသေအချာပါပဲ။

Camera Specs

Rear Camera: Dual 20MP + 12MP Leica Sensors with f/1.6 Aperture, OIS

Selfie Camera: 8.0MP

Video Capabilities: Up to 4K