Zawgyi

သင္ဟာ သင့္ရဲ႕ Online အခ်က္အလက္ေတြကို လုံလုံၿခဳံၿခဳံ အသုံးျပဳႏိုင္ဖို႔အတြက္ Privacy အေၾကာင္းကို ေတြးပူေနတယ္ဆိုရင္ Google Chrome ကို ႀကိဳက္ႏွစ္သက္မွာ မဟုတ္ပါဘူး။ Desktop platform မွာ အသုံးျပဳသူေတြရဲ႕ Privacy ကို အေလးထားၿပီး ျပဳလုပ္ထားတဲ့ Web Browsers မ်ားစြာရွိေသာ္လည္း Mobile platform မွာေတာ့ အနည္းငယ္သာ ရွိပါတယ္။

Tor Browser ဟာ Tracking လုပ္ျခင္းမရွိတဲ့ေနရာမွာ နာမည္ေၾကာ္ၾကား လူႀကိဳက္မ်ားၿပီး ေရပန္းစားေနတဲ့ Browser တစ္ခုျဖစ္ပါတယ္။ Tor ရဲ႕ အဆိုအရ Browser ကို အသုံးျပဳသူေတြဟာ သူတို႔ရဲ႕ အခ်က္အလက္ေတြကို ေဖာ္ျပေပးရန္ မလိုတဲ့အတြက္ အမည္မေဖာ္လိုသူမ်ားအေနနဲ႔ အသုံးျပဳႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ အသုံးျပဳသူေတြရဲ႕ လႈပ္ရွားမႈေတြကို Tracking လုပ္ျခင္းမွ ကာကြယ္ေပးဖို႔အတြက္ အျခား Network တစ္ခုကို အစားထိုးေပးမွာ ျဖစ္ၿပီး Traffic ကို ျပန္လည္လမ္းၫႊန္ေပးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Android platform အသုံးျပဳသူမ်ားအေနနဲ႔ အခုလိုမ်ိဴး လုံၿခဳံမႈကို အျပည့္အဝရရွိခံစားႏိုင္ေစဖို႔အတြက္ Proxy App တစ္ခုျဖစ္တဲ့ Orbot Application ကို Download လုပ္ဖို႔ လိုအပ္ပါတယ္။ အဆိုပါ Orbot App က Tor Network ကေနတစ္ဆင့္ Tor Browser ကို ခ်ိတ္ဆက္ဖို႔အတြက္ ကူညီေပးပါလိမ့္မယ္။

ေလာေလာဆယ္မွာေတာ့ Android အတြက္ Tor Browser ဟာ Alpha release အေနနဲ႔သာ ထြက္ရွိေသးတာ ျဖစ္ၿပီး ၂၀၁၉ခုႏွစ္ေလာက္မွ Stable ထြက္ရွိႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေနာက္ပိုင္းထြက္ Tor Browser ေတြအတြက္ Orbot App ကို သီးသန္႔ Download လုပ္ဖို႔ လိုအပ္မွာ မဟုတ္ဘူးလို႔ Tor က ယုံၾကည္ထားပါတယ္။

Ref: xda-developers.com

Unicode

အသုံးပြုသူတွေရဲ့ Privacy ကို ဦးစားပေးတဲ့ Tor Browser, Androi platform ပေါ်ရောက်လာပြီ

သင်ဟာ သင့်ရဲ့ Online အချက်အလက်တွေကို လုံလုံခြုံခြုံ အသုံးပြုနိုင်ဖို့အတွက် Privacy အကြောင်းကို တွေးပူနေတယ်ဆိုရင် Google Chrome ကို ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး။ Desktop platform မှာ အသုံးပြုသူတွေရဲ့ Privacy ကို အလေးထားပြီး ပြုလုပ်ထားတဲ့ Web Browsers များစွာရှိသော်လည်း Mobile platform မှာတော့ အနည်းငယ်သာ ရှိပါတယ်။

Tor Browser ဟာ Tracking လုပ်ခြင်းမရှိတဲ့နေရာမှာ နာမည်ကြော်ကြား လူကြိုက်များပြီး ရေပန်းစားနေတဲ့ Browser တစ်ခုဖြစ်ပါတယ်။ Tor ရဲ့ အဆိုအရ Browser ကို အသုံးပြုသူတွေဟာ သူတို့ရဲ့ အချက်အလက်တွေကို ဖော်ပြပေးရန် မလိုတဲ့အတွက် အမည်မဖော်လိုသူများအနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသုံးပြုသူတွေရဲ့ လှုပ်ရှားမှုတွေကို Tracking လုပ်ခြင်းမှ ကာကွယ်ပေးဖို့အတွက် အခြား Network တစ်ခုကို အစားထိုးပေးမှာ ဖြစ်ပြီး Traffic ကို ပြန်လည်လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Android platform အသုံးပြုသူများအနေနဲ့ အခုလိုမျိူး လုံခြုံမှုကို အပြည့်အဝရရှိခံစားနိုင်စေဖို့အတွက် Proxy App တစ်ခုဖြစ်တဲ့ Orbot Application ကို Download လုပ်ဖို့ လိုအပ်ပါတယ်။ အဆိုပါ Orbot App က Tor Network ကနေတစ်ဆင့် Tor Browser ကို ချိတ်ဆက်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။

လောလောဆယ်မှာတော့ Android အတွက် Tor Browser ဟာ Alpha release အနေနဲ့သာ ထွက်ရှိသေးတာ ဖြစ်ပြီး ၂၀၁၉ခုနှစ်လောက်မှ Stable ထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ပိုင်းထွက် Tor Browser တွေအတွက် Orbot App ကို သီးသန့် Download လုပ်ဖို့ လိုအပ်မှာ မဟုတ်ဘူးလို့ Tor က ယုံကြည်ထားပါတယ်။

Ref: xda-developers.com