Toyota ရဲ့ Corolla ကားကိုတော့ လူတိုင်းသိကြမှာပါ။ ဈေးနှုန်းသက်သာပြီးတော့ လူတိုင်း မိသားစုတိုင်းအကြိုက်တွေ့ကြတဲ့ အခု Corolla ဟာ အခုနောက်ဆုံး 2019 Model မှာတော့ အဆင့်မြှင့်နည်းပညာ ၂ ခုပါဝင်လာတော့မှာဖြစ်ပါတယ်။

အဆိုပါ နည်းပညာ ၂ ခုကတော့ Apple iDevices တွေနဲ့ ကားအတွင်းပိုင်း Audio ၊ Multiplayer ၊ GPS အစရှိတဲ့နည်းပညာတွေအကုန်လုံးကို ချိတ်ဆက်လုပ်ဆောင်နိုင်တဲ့ Apple CarPlay နည်းပညာကို ထည့်သွင်းလာမှာပဲဖြစ်ပါတယ်။ Toyota ဟာ အခု Apple CarPlay စနစ်ကို 2019 Avalon ကားမှာ အရင်ဆုံးထည့်သွင်းခဲ့တာဖြစ်ပြီးတော့ အခု Corolla 2019 Model က ဒုတိယမြောက် Toyota ရဲ့ Apple CarPlay ပါဝင်တဲ့ Model ဖြစ်လာတာပဲဖြစ်ပါတယ်။

အခု Apple ရဲ့ CarPlay Feature အပြင် Toyota Corolla မှာ နောက်ထပ် အဆင့်မြှင့်နည်းပညာတစ်ခုပါဝင်လာပါသေးတယ်။ အဲ့ဒါကတော့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Amazon ရဲ့ Alexa Assistant ကို ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ကားအတွင်းခိုင်းစေမှုတွေကို လက်နဲ့ ခလုတ်လိုက်နှိပ်စရာမလိုပဲ အသံနဲ့တင်ခိုင်းစေနိုင်မှာပါ။

ဒါ့အပြင် Toyota Corolla အသစ်မှာ လုံခြုံရေးအတွက် Toyota ရဲ့ Safety Sense Feature ပါဝင်လာပြီး လမ်းသွားလမ်းလာတွေကို သိရှိနိုင်သလို အရေးပေါ်အခြေအနေမှာ အလိုအလျှောက် ဘရိတ်အုပ်ပေးတာ၊ ကိုယ့်ပတ်ဝန်းကျင်က ကားတွေရဲ့ အရှိန်နှုန်းနဲ့ လမ်းကြောင်းကို စကင်ဖတ်ပြီး ချိန်ညှိတာနဲ့ စတီယာရင်ကို ထောက်ပံ့ပေးတဲ့ Features တွေကို ထည့်သွင်းလာတာပဲဖြစ်ပါတယ်။

Toyota ရဲ့ လူကြိုက်အများဆုံး ကားမော်ဒယ်က နည်းပညာပိုင်းလည်း အဆင့်မြင့်လာပါပြီ။