ဂျပန် ကားကုမ္ပဏီ Toyota က မြို့တွင်း သွားလာဖို့ ဖန်တီးထားတဲ့ အရွယ်သေး လျှပ်စစ်ကားကို ဂျပန်မှာ ရောင်းချပေးလိုက်ပါတယ်။ Toyota C+Pod လို့ နာမည်ပေးထားပြီး လူ ၂ ယောက်လိုက်ပါ စီးနင်း နိုင်ပါတယ်။

Toyota C+Pod

Toyota C+Pod ဟာ အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၆၀ ကီလိုမီတာနဲ့ မောင်းနှင်နိုင်ပြီး မြို့ထဲ သွားလာဖို့ အဆင်ပြေပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှင့်တာကို မလိုချင်သူတွေနဲ့ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အသုံးပြုချင်သူတွေ အတွက် သင့်တော်ပါတယ်။ တစ်ခါ အားအပြည့်သွင်းထားရင် ၁၅၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်ပါတယ်။

Toyota C+Pod

Toyota C+Pod ဟာ ဈေးကွက်ထဲမှာ အရွယ်အစား အသေးငယ်ဆုံး လျှပ်စစ်ကားတွေထဲက တစ်စီး ဖြစ်ပါတယ်။ အရောင် ၃ ရောင် ထုတ်လုပ်ထားပြီး 9.06kWh Lighium-ion ဘက်ထရီ ထောက်ပံ့ထားပါတယ်။ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းဖို့ အချိန် ၅ နာရီလိုအပ်ပြီး အရွယ်အစား ကျစ်လစ် သေးငယ်တဲ့အတွက် ကျဉ်းမြောင်းတဲ့ ကားပါကင်တွေမှာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

အရွယ်အစား သေးငယ်ပေမယ့် လူ ၂ ယောက် သက်တောင့်သက်သာ စီးနင်းနိုင်ပြီး အနောက်ခန်းမှာ ပစ္စည်း အနည်းငယ် ထည့်သွင်းနိုင်ပါတယ်။ Dashboard ဒီဇိုင်းဟာ ရိုးရှင်းပြီး အဖြူနဲ့ အနက်ရောင်တွေ အသုံးပြုထားပါတယ်။ Toyota က ကားရဲ့ ဈေးနှုန်းနဲ့ တခြားနိုင်ငံတွေမှာ ရောင်းချမလားဆိုတာ မပြောသေးပါဘူး။

Ref : gizmochina