[Zawgyi]

တ႐ုတ္နဲ႔ အေမရိကန္တို႔ရဲ႕ ကုန္သြယ္ေရးစစ္ဟာ ေဒၚနယ္ထရမ့္ရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ပိုၿပီးျမင့္မားတဲ့ ေလာင္ကြၽမ္းမႈကို ျဖစ္ေပၚေစခဲ့ပါၿပီ။ ထရမ့္ဟာ တ႐ုတ္ႏိုင္ငံကေန တင္သြင္းေနတဲ့ ကုန္ပစၥည္းေတြအေပၚ စည္းၾကပ္ခြန္ကို တိုးျမႇင့္သြားဖို႔ ေမလ ၁၀ ရက္ေန႔တုန္းက အမိန႔္ထုတ္ျပန္လိုက္ပါတယ္။

တိုးျမႇင့္လိုက္တဲ့ အခြန္ႏႈန္းထားအတြက္ ထိခိုက္သြားတဲ့ နည္းပညာကုမၸဏီႀကီးေတြထဲမွာ ထင္သာျမင္သာအျဖစ္ဆုံးကေတာ့ Apple လို႔ ဆိုရမွာပါ။ ကြန္ပ်ဴတာ၊ စမတ္ဖုန္းနဲ႔ Semi-Conductor ေတြ အတြက္ အသက္ရႈၾကပ္ေလာက္တဲ့ ဒီအခြန္ႏႈန္းထားေၾကာင့္ လာမယ့္ ၂၀၁၉ ထုတ္ iPhone ေတြက ေဈးႀကီးသြားမွာျဖစ္သလို iPad နဲ႔ MacBook ေတြလည္း ေဈးတက္လာမွာ အေသအခ်ာပါပဲ။

အားလုံးသိတဲ့အတိုင္းပဲ Apple ဟာ သူ႔ရဲ႕ ထုတ္ကုန္ေတြကို အေမရိကန္မွာ ဒီဇိုင္းထုတ္တာဆိုေပမယ့္ က်န္တဲ့ကုန္ပစၥည္းေတြ ထုတ္လုပ္တပ္ဆင္တာ အမ်ားစုကိုေတာ့ တ႐ုတ္မွာရွိေနတဲ့ Foxconn နဲ႔ Pegatron လို ကုမၸဏီေတြမွာ လုပ္ေဆာင္တာပါ။ ဒါေၾကာင့္ ဒီထုတ္ကုန္ေတြက တ႐ုတ္ကေနတင္သြင္းလာတာလို႔ ဆိုႏိုင္ပါတယ္။ ဒီျပႆနာအတြက္ ထရမ့္ကလည္း Apple အေနနဲ႔ ထုတ္ကုန္ေတြကို အေမရိကန္ႏိုင္ငံတြင္းမွာပဲ ထုတ္လုပ္ဖို႔ ဖိအားေပးခဲ့ဖူးပါတယ္။

Apple အေနနဲ႔ ကုန္သြယ္ေရးစစ္ရဲ႕ တိုးျမင့္လာတဲ့အခြန္စည္းၾကပ္ႏႈန္းကို ေရွာင္ရွားႏိုင္ဖို႔ အိႏၵိယလို ႏိုင္ငံမ်ိဳးမွာ ေျပာင္းလဲထုတ္လုပ္ဖို႔ ႀကိဳးစားေနတယ္ဆိုေပမယ့္ လက္ရွိရင္းျမစ္အမ်ားစုက တ႐ုတ္မွာပဲ ရွိေနတာပါ။ ဒါေၾကာင့္ ထရမ့္ရဲ႕ တိုးျမႇင့္လိုက္တဲ့ စည္းၾကပ္ခြန္ေတြထဲမွာ Apple ရဲ႕ ထုတ္ကုန္ေတြသာ ပါဝင္သြားမယ္ဆိုရင္ iPnone XR ရဲ႕ အေမရိကန္ႏိုင္ငံတြင္းေဈးႏႈန္းဟာ လက္ရွိထက္ $160 ေလာက္ ျမင့္တက္သြားမယ္လို႔ ေလ့လာဆန္းစစ္သူေတြက ဆိုၾကပါတယ္။

တ႐ုတ္အစိုးရကေတာ့ ဒီျပႆနာအတြက္ ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္ဖို႔ရွိေနၿပီး ဝါရွင္တန္မွာျပဳလုပ္ခဲ့တဲ့ ကုန္သြယ္ေရးဆိုင္ရာ ေဆြးေႏြးမႈမွာ တိုးတက္မႈအခ်ိဳ႕ရွိေနတယ္လို႔ဆိုေပမယ့္ အရာအားလုံးကေတာ့ တည္ၿငိမ္တဲ့အေျခအေနတစ္ခုကို ေရာက္ရွိေနတာေတာ့ မဟုတ္ပါဘူး။ နဂိုကမွ တ႐ုတ္ကုမၸဏီထုတ္ စမတ္ဖုန္းေတြနဲ႔ ေဈးႏႈန္းခ်င္းမယွဥ္ႏိုင္တဲ့ Apple အတြက္ ဘူးေလးရာဖယုံဆင့္ျဖစ္ရမယ့္ အႏၲရယ္နဲ႔ ႀကဳံေတြ႕ေနရတာေတာ့ အမွန္ပါပဲ။

Ref: Phone Arena

[Unicode]

ထရမ့်ရဲ့ စည်းကြပ်ခွန်တိုးမြှင့်မှုကြောင့် $160 အထိ ဈေးတက်သွားနိုင်တဲ့ iPhone XR

တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးစစ်ဟာ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ပိုပြီးမြင့်မားတဲ့ လောင်ကျွမ်းမှုကို ဖြစ်ပေါ်စေခဲ့ပါပြီ။ ထရမ့်ဟာ တရုတ်နိုင်ငံကနေ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်ခွန်ကို တိုးမြှင့်သွားဖို့ မေလ ၁၀ ရက်နေ့တုန်းက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

တိုးမြှင့်လိုက်တဲ့ အခွန်နှုန်းထားအတွက် ထိခိုက်သွားတဲ့ နည်းပညာကုမ္ပဏီကြီးတွေထဲမှာ ထင်သာမြင်သာအဖြစ်ဆုံးကတော့ Apple လို့ ဆိုရမှာပါ။ ကွန်ပျူတာ၊ စမတ်ဖုန်းနဲ့ Semi-Conductor တွေ အတွက် အသက်ရှုကြပ်လောက်တဲ့ ဒီအခွန်နှုန်းထားကြောင့် လာမယ့် ၂၀၁၉ ထုတ် iPhone တွေက ဈေးကြီးသွားမှာဖြစ်သလို iPad နဲ့ MacBook တွေလည်း ဈေးတက်လာမှာ အသေအချာပါပဲ။

အားလုံးသိတဲ့အတိုင်းပဲ Apple ဟာ သူ့ရဲ့ ထုတ်ကုန်တွေကို အမေရိကန်မှာ ဒီဇိုင်းထုတ်တာဆိုပေမယ့် ကျန်တဲ့ကုန်ပစ္စည်းတွေ ထုတ်လုပ်တပ်ဆင်တာ အများစုကိုတော့ တရုတ်မှာရှိနေတဲ့ Foxconn နဲ့ Pegatron လို ကုမ္ပဏီတွေမှာ လုပ်ဆောင်တာပါ။ ဒါကြောင့် ဒီထုတ်ကုန်တွေက တရုတ်ကနေတင်သွင်းလာတာလို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာအတွက် ထရမ့်ကလည်း Apple အနေနဲ့ ထုတ်ကုန်တွေကို အမေရိကန်နိုင်ငံတွင်းမှာပဲ ထုတ်လုပ်ဖို့ ဖိအားပေးခဲ့ဖူးပါတယ်။

Apple အနေနဲ့ ကုန်သွယ်ရေးစစ်ရဲ့ တိုးမြင့်လာတဲ့အခွန်စည်းကြပ်နှုန်းကို ရှောင်ရှားနိုင်ဖို့ အိန္ဒိယလို နိုင်ငံမျိုးမှာ ပြောင်းလဲထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုပေမယ့် လက်ရှိရင်းမြစ်အများစုက တရုတ်မှာပဲ ရှိနေတာပါ။ ဒါကြောင့် ထရမ့်ရဲ့ တိုးမြှင့်လိုက်တဲ့ စည်းကြပ်ခွန်တွေထဲမှာ Apple ရဲ့ ထုတ်ကုန်တွေသာ ပါဝင်သွားမယ်ဆိုရင် iPnone XR ရဲ့ အမေရိကန်နိုင်ငံတွင်းဈေးနှုန်းဟာ လက်ရှိထက် $160 လောက် မြင့်တက်သွားမယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုကြပါတယ်။

တရုတ်အစိုးရကတော့ ဒီပြဿနာအတွက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ရှိနေပြီး ဝါရှင်တန်မှာပြုလုပ်ခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုမှာ တိုးတက်မှုအချို့ရှိနေတယ်လို့ဆိုပေမယ့် အရာအားလုံးကတော့ တည်ငြိမ်တဲ့အခြေအနေတစ်ခုကို ရောက်ရှိနေတာတော့ မဟုတ်ပါဘူး။ နဂိုကမှ တရုတ်ကုမ္ပဏီထုတ် စမတ်ဖုန်းတွေနဲ့ ဈေးနှုန်းချင်းမယှဉ်နိုင်တဲ့ Apple အတွက် ဘူးလေးရာဖယုံဆင့်ဖြစ်ရမယ့် အန္တရယ်နဲ့ ကြုံတွေ့နေရတာတော့ အမှန်ပါပဲ။

Ref: Phone Arena