တစ်ခါတလေ ကွန်ပျူတာဖွင့်လိုက်ပြီးတော့ အရမ်းကိုလေးနေတာတွေ၊ ကွန်ပျူတာဖွင့်တဲ့အချိန်၊ Applications တစ်ခုခုဖွင့်တဲ့အချိန်မှာ အရမ်းလေးနေတာမျိုးကို ကြုံဖူးကြမှာပါ။ အခုလိုမျိုး စက်လေးနေတာကို မြန်ဆန်အောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ဝေမျှပေးချင်ပါတယ်။

အဲ့ဒါကတော့ ကိုယ့်ကွန်ပျူတာမှာ အသုံးပြုထားတဲ့ Hard Disk HDD ကို ပိုမိုမြန်ဆန်တဲ့ SSD နဲ့ တွဲဖက်ပြီး အသုံးပြုတာပဲဖြစ်ပါတယ်။ SSD တွေဟာ ယခင်တုန်းက ဈေးနှုန်းမြင့်မားတယ်ဆိုပေမယ့် အခုအချိန်မှာတော့ ဈေးအရလည်း တန်နေပြီလို့ ပြောလို့ရပါတယ်။ SSD Brand တွေထဲကမှ အရည်အသွေးကောင်းပြီးတော့ ဈေးနှုန်းအရတန်တဲ့ SSD တစ်ခုဖြစ်တဲ့ Transcend SSD230 ကို ညွန်းပေးချင်ပါတယ်။

Transcend SSD230 ဟာ 3D NAND Flash Memory ကို အသုံးပြုထားတဲ့အတွက် Read Speed ကို 520MB/s အထိရရှိမှာပဲဖြစ်ပါတယ်။ အခု အမြန်နှုန်းဟာ သာမန် Hard Disk ရဲ့ အမြန်နှုန်းထက် ၅ ဆ ကျော်ပိုပြီးမြန်ဆန်တာပါ။ အဲ့ဒီအတွက် ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကလည်း ယခင်ထက် ၅ ဆကျော်ပိုပြီး မြန်ဆန်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် Laptop တွေမှာ အသုံးပြုမယ်ဆိုရင်လည်း Transcend SSD230 ဟာ SATA Device Sleep Mode ကို အပြည့်အဝထောက်ပံ့ပေးတဲ့အတွက် Laptop ကို အသုံးမပြုတဲ့အချိန်မျိုးမှာ SSD ကို ပိတ်ထားပေးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Battery ကို ၉၀ ရာခိုင်နှုန်းအထိ ပိုမိုသက်သာစေနိုင်တဲ့အပြင် လျှင်မြန်လှတဲ့ 20ms အောက် Response Time ကြောင့် အလုပ်ကိစ္စတွေကိုလည်း ချက်ချင်းဆိုသလို ပြန်လည်လုပ်ကိုင်နိုင်မှာပါ။

အခုလိုမျိုး SSD ကို ပြောင်းလဲချင်တယ်ဆိုရင်တော့ ကိုယ့်ကွန်ပျူတာထဲမှာ တပ်ဆင်ထားတဲ့ Hard Disk ကို ဖြုတ်ပြီး Transcend ရဲ့ SSD230 ကို ပြောင်းလဲတပ်ဆင်လိုက်ရုံပဲဖြစ်ပါတယ်။ တကယ်လို့ SATA ကြိုးအပိုပါတဲ့ SSD တွေဆိုရင်တော့ ဒီအတိုင်း နောက်ထပ် Storage တစ်ခုအနေနဲ့ တပ်ဆင်လိုက်ပြီး ကိုယ့်ရဲ့ Windows ကို SSD ပေါ်မှာ ပြောင်းတင်လိုက်ရုံပါပဲ။

Transcend SSD တွေကို 1TB Storage အထိရရှိနိုင်သလို အာမခံအတွက်လည်း ၃ နှစ်အာမခံရရှိဦးမှာပဲဖြစ်ပါတယ်။ ကဲ… အခုပဲ Transcend SSD230 ကို ပြောင်းတပ်ပြီး ကိုယ့်ကွန်ပျူတာအမြန်နှုန်းကို တိုးမြှင့်လိုက်ရအောင်လား။