[Zawgyi]

Honor ဖုန္းအသစ္တစ္လုံးဟာ ဆုိင္းမဆင့္ဗုံမဆင့္ဘဲ ေနာက္ဘက္ကင္မရာသုံးလုံးနဲ႔ 32MP ဆယ္ဖီ ကင္မရာစတဲ့ အခ်က္အလက္မ်ားျဖင့္ ရုတ္တရက္ေပၚထြက္လာခဲ့ပါတယ္။ လက္ရွိထြက္ေပၚလာတဲ့ ဓါတ္ပုံထဲမွ ဟန္းဆက္ဟာ Honor 10 Lite နဲ႔ ဒီဇုိင္းပုိင္းဆင္တူေနၿပီး Honor 10i လို႔ တရားမဝင္သုံးစြဲေခၚေဝၚထားပါတယ္။

သတင္းအရေတာ့ Honor 10i အမည္ရ စမတ္ဖုန္းသစ္ဟာ 6.2” လက္မအရြယ္ Full HD+ IPS LCD မ်က္ႏွာျပင္ပါဝင္မွာျဖစ္ၿပီး အတြင္းပုိင္းမွာေတာ့ Kirin 710 ခ်စ္ပ္ဆက္နဲ႔အတူ 4GB RAM / 128GB Storage ပမာဏတုိ႔ ထည့္သြင္းလာမွာပါ။

ေနာက္ဘက္က အဓိကကင္မရာ သုံးလုံးတြဲဟာ 24MP + 8MP + 2MP ျဖစ္မယ္လို႔ ဆုိၿပီး ဒါနဲ႔မွ မလုံေလာက္ေသးရင္ ေရွ႕ဘက္က 32MP ဆယ္ဖီကင္မရာအလန္းစားတစ္ခုလည္း ပါဝင္ပါေသးတယ္။ ေလာေလာဆယ္ ဘကၳရီအစရွိတဲ့ အခ်က္အလက္အခ်ဳိ႕ မပါဝင္လာေသးေပမယ့္ Fast Charging စနစ္ တစ္ခုခုေတာ့ ပါဝင္မယ္လို႔ ဆုိပါတယ္။

Honor 10i ဆုိတဲ့အမည္ဟာ တရားဝင္ျဖစ္လာမလား ဆုိတာ မသိရေသးသလို ေစ်းႏႈန္းနဲ႔ အရင္ဆုံး ရရွိႏုိင္မယ့္ ေစ်းကြက္ေတြကိုလည္း အတည္မျပဳႏုိင္ေသးပါဘူး။ ဒါေပမယ့္ ဖုန္းတစ္ခုလုံး ဓါတ္ပုံထဲမွာ ထြက္ေပၚလာၿပီ ဆုိေတာ့ မၾကာခင္ မိတ္ဆက္ဖို႔ရက္သတ္မွတ္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena

[Unicode]

Honor ဖုန်းအသစ်တစ်လုံးဟာ ဆိုင်းမဆင့်ဗုံမဆင့်ဘဲ နောက်ဘက်ကင်မရာသုံးလုံးနဲ့ 32MP ဆယ်ဖီ ကင်မရာစတဲ့ အချက်အလက်များဖြင့် ရုတ်တရက်ပေါ်ထွက်လာခဲ့ပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့ ဓါတ်ပုံထဲမှ ဟန်းဆက်ဟာ Honor 10 Lite နဲ့ ဒီဇိုင်းပိုင်းဆင်တူနေပြီး Honor 10i လို့ တရားမဝင်သုံးစွဲခေါ်ဝေါ်ထားပါတယ်။

သတင်းအရတော့ Honor 10i အမည်ရ စမတ်ဖုန်းသစ်ဟာ 6.2” လက်မအရွယ် Full HD+ IPS LCD မျက်နှာပြင်ပါဝင်မှာဖြစ်ပြီး အတွင်းပိုင်းမှာတော့ Kirin 710 ချစ်ပ်ဆက်နဲ့အတူ 4GB RAM / 128GB Storage ပမာဏတို့ ထည့်သွင်းလာမှာပါ။

နောက်ဘက်က အဓိကကင်မရာ သုံးလုံးတွဲဟာ 24MP + 8MP + 2MP ဖြစ်မယ်လို့ ဆိုပြီး ဒါနဲ့မှ မလုံလောက်သေးရင် ရှေ့ဘက်က 32MP ဆယ်ဖီကင်မရာအလန်းစားတစ်ခုလည်း ပါဝင်ပါသေးတယ်။ လောလောဆယ် ဘက္ထရီအစရှိတဲ့ အချက်အလက်အချို့ မပါဝင်လာသေးပေမယ့် Fast Charging စနစ် တစ်ခုခုတော့ ပါဝင်မယ်လို့ ဆိုပါတယ်။

Honor 10i ဆိုတဲ့အမည်ဟာ တရားဝင်ဖြစ်လာမလား ဆိုတာ မသိရသေးသလို ဈေးနှုန်းနဲ့ အရင်ဆုံး ရရှိနိုင်မယ့် ဈေးကွက်တွေကိုလည်း အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် ဖုန်းတစ်ခုလုံး ဓါတ်ပုံထဲမှာ ထွက်ပေါ်လာပြီ ဆိုတော့ မကြာခင် မိတ်ဆက်ဖို့ရက်သတ်မှတ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena