[Zawgyi]
[Unicode]
ငွေပမာဏတစ်သိန်းအထိ ငွေလွှဲဝန်ဆောင်ခ ၃၀၀ကျပ်သာပေးရန်လိုအပ်သည့် TrueMoney ၏ သတ်တမ်းတိုးမြှင့်ထားသော မုတ်သုံရာသီအထူးအစီအစဉ်
မြန်မာနိုင်ငံတွင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ (e-payments) ကိုအဓိကထားလုပ်ဆောင်သော TrueMoney မှအသုံးပြုသူ များအတွက် သက်သာလွယ်ကူပြီး လုံခြုံမှုရှိသော အစီအစဉ်တစ်ခုကို စက်တင်ဘာလကုန်အထိ အချိန်တိုးမြှင့်လိုက်ပြီဖြစ်သည်။ ထိုအစီအစဉ်မှာ TrueMoneyအသုံးပြုသူများအားလုံး ကျပ်တစ်သိန်းအထိ ငွေလွှဲပါက ငွေလွှဲဝန်ဆောင်မှု အခကြေးငွေ ၃၀၀ ကျပ်သာ ပေးဆောင်ရန် လိုအပ်သည် အစီအစဉ်တစ်ခုဖြစ်ပါသည်။ ထိုအစီအစဉ်နှင့်အတူ TrueMoney ကို မိသားစုများ၊ သူငယ်ချင်းများအတွက် ငွေလွှဲရာတွင် ဈေးချိူပြီး အသုံးပြုရလွယ်သော ဝန်ဆောင်မှုတစ်ခု အဖြစ် သိရှိစေနိုင်ရန်ဖြစ်သည်။
TrueMoney ၏ ယခုအစီအစဉ် သည် မြန်မာနိုင်ငံတွင် ဈေးအချိူဆုံး ငွေလွှဲဝန်ဆောင်မှုတစ်ခု အဖြစ် မြန်မာပြည်သားတို့ စောင့်မျှော်နေသည့် လုံခြုံစိတ်ချရမှု ၊ ယုံကြည်အားထားရမှု ဖြစ်လာခဲ့သည်။ လစဉ် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် TrueMoney အသုံးပြုသူများနှင့် ကိုယ်စားလှယ်များသည် TrueMoney ဖြင့် မြန်မာကျပ်သန်းပေါင်းများစွာကို ငွေလွှဲငွေထုတ်ခြင်းများဖြင့် အသုံးပြုနေကြပြီဖြစ်သည်။
“ကျွန်မတို့ TrueMoney ဟာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပြည်သူများ နေ့စဉ် ယုံကြည်အားထားနိုင်တဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ငွေလွှဲခ သက်သာတာကိုအသုံးပြုချင်တဲ့ သူများအတွက် ကျွန်မတို့က အခုလို မုတ်သုံရာသီ ပရိုမိုးရှင်းအစီစဉ်ကို မိတ်ဆက်လိုက်တာပါ။ အချိန်ကာလ အပိုင်းအခြား တစ်ခုအထိ ငွေကျပ် တစ်သိန်း လွှဲရင် ငွေလွှဲခ ၃၀၀ ကျပ်သာ ပေးဆောင်ရန်လိုအပ်ပါတယ်။ မြန်မာနိုင်ငံတစ်ခုလုံးမှာ TrueMoney ကိုအသုံးပြုပြီး ယုံကြည်စိတ်ချစွာနဲ့ ယခုလမှစတင်ပြီး ငွေလွှဲကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” ဟု TrueMoney ၏ Head of Marketing ဒေါ်ခင်တီကြိုင်စိုး မှ ပြောကြားသွားခဲ့ပါသည်။
“အပတ်တိုင်းကို အလုပ်တူတူလုပ်နေကြတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုက်ဆံပို့ဖြစ်တယ်။ ငွေလွှဲရတာရော ငွေထုတ်ရတာရော လွယ်ကူတဲ့ TrueMoney က ကိုယ်စားလှယ်ပေါင်း ၁၈,၀၀၀ ကျော်တောင်ရှိနေပြီ ဆိုတော့ အသုံးပြုရတာ အရမ်းလွယ်တဲ့အပြင် ငွေတစ်ခါလွှဲတိုင်း၃၀၀ကျပ် ပဲ ပေးရတဲ့ အထူးအစီအစဉ်ကြောင့် ပိုပြီးအဆင်ပြေနေတာပေါ့။ အရင်တုန်းကတော့ ငွေကို လူကြုံနဲ့ပဲဖြစ်ဖြစ် ၊ ဘဏ်နဲ့ပဲဖြစ်ဖြစ် ပို့နေရတာ အခုတော့ TrueMoney ကြောင့်ပျော်နေရပြီလေ” ဟု မန္တလေးမှ မခိုင်ဇာ က ပြောကြားသွားခဲ့ပါသည်။
True Money အသုံးပြုပုံ
ငွေလွှဲခြင်း ငွေထုတ်ခြင်း ကို TrueMoneyဖြင့် လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်သည်။ ငွေလွှဲမည့််သူသည် ငွှေလွဲခ ပထမဦးစွာပေးရန်လိုအပ်ပြီး မိမိ၏မှတ်ပုံတင် NRC နှင့် ဖုန်းနံပါတ်သာလိုအပ်သည်။ ငွေလက်ခံမည့်သူသည် TrueMoney မှ SMS code ရရှိမည်ဖြစ်ပြီး လိုင်စင်ရကိုယ်စားလှယ်တွင် မိမိ၏မှတ်ပုံတင် နှင့်အတူ သွားရောက်ထုတ်ယူနိုင်ပါသည်။ ပိုက်ဆံလက်ခံရယူနိုင်ဖို့အတွက် TrueMoney အကောင့်ဖွင့်ရန် မလိုအပ်ပါ၊ SIM Card ထည့်ထားသော မိုဘိုင်းလ်ဖုန်းတစ်ခုသာ လိုအပ်သည့်အတွက် ငွေလက်ခံခြင်းသည် လွန်စွာမှလွယ်ကူပါသည်။
TrueMoney Myanmar ဆိုသည်မှာ
TrueMoney သည် ထိုင်း၊ ကမ္ဘောဒီးယား ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင် စသော အရှေ့တောင်အာရှ နိုင်ငံများတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ပါသည်။ TrueMoney ၏ ဝန်ဆောင်မှုများသည် လုံခြုံစိတ်ချရသော Digital ဝန်ဆောင်မှုများဖြင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို လွယ်ကူစွာ လုပ်ဆောင်ပေးနေသော ကုမ္မဏီတစ်ခုဖြစ်ပါသည်။
Ascend Money Group ၏ လုပ်ငန်းခွဲဖြစ်သော TrueMoney ကို ၂၀၁၄ ခုနှစ် ၊ နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် TrueMoney ကိုယ်စားလှယ်ပေါင်း၁၈,၀၀၀ကျော်ရှိပြီး AGDဘဏ်နှင့် ချိတ်ဆက်ကာမိသားစုနှင့် ဝေးကွာပြီအလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများအတွက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုများဖြင့် မြန်မာမိသားစုများထံသို့လွယ်ကူစိတ်ချစွာ အသုံးပြုဆောင်ရွက်နိုင်ပါသည်။
TrueMoney ၏ ဝန်ဆောင်မှုများ ကို အသေးစိတ်သိရှိလိုပါက 09-969-519-999 သို့ဆက်သွယ်မေးမြန်းနိုင်ပြီး TrueMoney Myanmar Facebook Page သို့လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။