Zawgyi

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ပ္ဟာ ဆုိရွယ္မီဒီယာေတြ သုံးစြဲရတာကိုလည္း ႏွစ္ၿခဳိက္တဲ့အေလွ်ာက္ သူ႕မွာ Facebook, Twitter တို႔ေပၚ Active ျဖစ္တဲ့ တရားဝင္အေကာင့္ေတြ ရွိထားပါတယ္။ ဒါေပမယ့္ သူက အားလုံးကိုေတာ့ စိတ္ေက်နပ္ေနပုံမရပါဘူး။

ၿပီးခဲ့တဲ့ တနလၤာေန႔က Fox News နဲ႔အင္တာဗ်ဴးအစီအစဥ္မွာ ထရမ့္ပ္ဟာ Facebook ၿပီးရင္ လူသိအမ်ားဆုံးဆိုရွယ္မီဒီယာလုိ႔ ဆုိႏုိင္တဲ့ တြစ္တာကို ေဝဖန္လိုက္ပါတယ္။ သူဟာ တြစ္တာကို ေန႔စဥ္အသုံးျပဳေနၿပီး ဒီပလက္ေဖာင္းက သူ႕ရဲ႕လက္ရုံးေကာင္းတစ္ေယာက္လို သေဘာထားေပမယ့္ သူတုိ႔က (တြစ္တာက) ထရမ့္ပ္ကို မွန္ကန္စြာ မဆက္ဆံဘူးလို႔ ဆုိလိုက္တာပါ။

ထရမ့္ပ္က တြစ္တာဟာ သူ႕အေကာင့္ကို လူေတြ Follow လုပ္ႏုိင္ဖို႔ ခက္ခဲေအာင္ ျပဳလုပ္ထားတယ္လို႔ စြပ္စြဲလိုက္ၿပီး ဒါကိုအတည္ျပဳဖို႔အတြက္ေတာ့ သူ႕မွာ အခ်က္အလက္ေတြ မရွိေသးပါဘူး။ “လူေတြအမ်ားႀကီး က်ဳပ္ကို Follow လုပ္ဖို႔ႀကိဳးစားၾကတာဟာ အခ်က္အလက္တစ္ခုျဖစ္တာ က်ဳပ္သိေပမယ့္ အဲ့ဒီလိုလုပ္ဖို႔ အရမ္းခက္ေနတယ္” လို႔သူက ေျပာခဲ့ပါတယ္။

ဒါတင္မကဘဲ တြစ္တာက အခုလိုလုပ္ထားတာဟာ မွားယြင္းၿပီး တရားဥပေဒျပင္ပလုပ္ရပ္ေတာင္ ျဖစ္ေကာင္းျဖစ္ႏုိင္တယ္လို႔ စြပ္စြဲလိုက္ပါေသးတယ္။ ဒါေပမယ့္ တြစ္တာက ေျပာေရးဆုိခြင့္ရွိသူကေတာ့ မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။

တြစ္တာဟာ ၿပီးခဲ့တဲ့အပတ္ကမွ ႏုိင္ငံေရးသမားေတြနဲ႔ အစုိးရေခါင္းေဆာင္ေတြရဲ႕ Tweet ပုိစ့္ေတြကို ကိုင္တြယ္ရာမွာ ေပၚလစီေျပာင္းလဲမယ္လို႔ ေၾကျငာခဲ့ပါေသးတယ္။ အဲဒီထဲမွာ အေမရိကန္သမၼတရဲ႕ အေကာင့္လဲ ပါဝင္ေနမွာ အေသအခ်ာပါပဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး သမၼတအိမ္ျဖဴေတာ္ကလည္း မွတ္ခ်က္တစ္စုံတစ္ရာ မေပးခဲ့ပါဘူး။

Ref – CNET

Unicode

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဆိုရှယ်မီဒီယာတွေ သုံးစွဲရတာကိုလည်း နှစ်ခြိုက်တဲ့အလျှောက် သူ့မှာ Facebook, Twitter တို့ပေါ် Active ဖြစ်တဲ့ တရားဝင်အကောင့်တွေ ရှိထားပါတယ်။ ဒါပေမယ့် သူက အားလုံးကိုတော့ စိတ်ကျေနပ်နေပုံမရပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့က Fox News နဲ့အင်တာဗျူးအစီအစဉ်မှာ ထရမ့်ပ်ဟာ Facebook ပြီးရင် လူသိအများဆုံးဆိုရှယ်မီဒီယာလို့ ဆိုနိုင်တဲ့ တွစ်တာကို ဝေဖန်လိုက်ပါတယ်။ သူဟာ တွစ်တာကို နေ့စဉ်အသုံးပြုနေပြီး ဒီပလက်ဖောင်းက သူ့ရဲ့လက်ရုံးကောင်းတစ်ယောက်လို သဘောထားပေမယ့် သူတို့က (တွစ်တာက) ထရမ့်ပ်ကို မှန်ကန်စွာ မဆက်ဆံဘူးလို့ ဆိုလိုက်တာပါ။

ထရမ့်ပ်က တွစ်တာဟာ သူ့အကောင့်ကို လူတွေ Follow လုပ်နိုင်ဖို့ ခက်ခဲအောင် ပြုလုပ်ထားတယ်လို့ စွပ်စွဲလိုက်ပြီး ဒါကိုအတည်ပြုဖို့အတွက်တော့ သူ့မှာ အချက်အလက်တွေ မရှိသေးပါဘူး။ “လူတွေအများကြီး ကျုပ်ကို Follow လုပ်ဖို့ကြိုးစားကြတာဟာ အချက်အလက်တစ်ခုဖြစ်တာ ကျုပ်သိပေမယ့် အဲ့ဒီလိုလုပ်ဖို့ အရမ်းခက်နေတယ်” လို့သူက ပြောခဲ့ပါတယ်။

ဒါတင်မကဘဲ တွစ်တာက အခုလိုလုပ်ထားတာဟာ မှားယွင်းပြီး တရားဥပဒေပြင်ပလုပ်ရပ်တောင် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စွပ်စွဲလိုက်ပါသေးတယ်။ ဒါပေမယ့် တွစ်တာက ပြောရေးဆိုခွင့်ရှိသူကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

တွစ်တာဟာ ပြီးခဲ့တဲ့အပတ်ကမှ နိုင်ငံရေးသမားတွေနဲ့ အစိုးရခေါင်းဆောင်တွေရဲ့ Tweet ပိုစ့်တွေကို ကိုင်တွယ်ရာမှာ ပေါ်လစီပြောင်းလဲမယ်လို့ ကြေငြာခဲ့ပါသေးတယ်။ အဲဒီထဲမှာ အမေရိကန်သမ္မတရဲ့ အကောင့်လဲ ပါဝင်နေမှာ အသေအချာပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတအိမ်ဖြူတော်ကလည်း မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။

Ref – CNET