[Zawgyi]

တ႐ုတ္ကိုတိုက္ခိုက္ေနတဲ့ ကုန္သြယ္ေရးစစ္ထိုးႏွက္မႈအျဖစ္ အခြန္ႏႈန္းထားေတြ တိုးျမႇင့္လိုက္တာေၾကာင့္ အထိနာမယ့္ အေမရိကန္ကုမၸဏီႀကီးေတြထဲမွာ Apple လည္း ပါဝင္ေနပါတယ္။ သမၼတ ထရမ့္ကေတာ့ Apple ကို အေမရိကန္ေျမမွာပဲ အေျခတည္ၿပီး ထုတ္လုပ္မႈလုပ္ငန္းေတြကို လုပ္ေစခ်င္ေနတာပါ။

Apple အေနနဲ႔ကလည္း တ႐ုတ္ေျမကို စြန႔္ခြာဖို႔ ျပင္ဆင္ေနတယ္ဆိုေပမယ့္ မိခင္ေျမမွာ အေျခစိုက္ၿပီး ထုတ္လုပ္မႈေတြလုပ္ဖို႔ထက္ အိႏၵိယနဲ႔ ဗီယက္နမ္လိုေနရာမ်ိဳးမွာပဲ ထုတ္လုပ္ခ်င္စိတ္ရွိေနတာပါ။ ထရမ့္က သူ႔ဆႏၵကို အတိအလင္းထုတ္ေျပာခဲ့ေပမယ့္ Apple ဘက္ကလည္း ေခါင္းမညိတ္ႏိုင္ေသးပါဘူး။

ၿပီးခဲ့တဲ့ ေသာၾကာေန႔က ထရမ့္နဲ႔ တင္မ္ကြတ္တို႔ ေတြ႕ဆုံၿပီး ညစာစားခဲ့ၾကပါတယ္။ သတင္းေထာက္ေတြက အင္တာဗ်ဴးျပန္လုပ္ခဲ့တဲ့အခါ ညစာစားပြဲမွာ အခြန္ကိစၥေၾကာင့္ Apple ေပၚသက္ေရာက္လာမယ့္ အေၾကာင္းအရာ အခ်ိဳ႕ကို ထရမ့္က တင္မ္ကြတ္နဲ႔ ေဆြးေႏြးခဲ့တယ္လို႔ ျပန္သိရပါတယ္။

တင္မ္ကြတ္ကေတာ့ Apple အေနနဲ႔ တ႐ုတ္မွာတပ္ဆင္ထုတ္လုပ္တဲ့ ကုမၸဏီရဲ႕ ထုတ္ကုန္ေတြအတြက္ အခြန္အခေပးဖို႔ဟာ အခက္အခဲျဖစ္ရေၾကာင္း ေစာဒကတက္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကုမၸဏီရဲ႕ ၿပိဳင္ဘက္အေတာ္မ်ားမ်ားဟာ (ထုတ္လုပ္မႈလုပ္ငန္းအေတာ္မ်ားမ်ားက ေတာင္ကိုရီးယားမွာပဲ ရွိေနတဲ့ Samsung ကို ဥပမာထားၿပီး) မတူညီတဲ့အခြန္အခကိုသာ ေပးေဆာင္ၾကရတဲ့အတြက္ျဖစ္တယ္လို႔ ေထာက္ျပေျပာဆိုခဲ့တာပါ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ထရမ့္ကေတာ့ ေတြ႕ဆုံညစာစားပြဲမွာ တင္မ္ကြတ္က ေျပာဆိုခဲ့တဲ့ ေစာဒကတက္မႈကို လက္ခံခဲ့ေၾကာင္း သတင္းေထာက္ေတြကို ျပန္ေျပာခဲ့ပါတယ္။ “သူက အရမ္းကိုဆြဲေဆာင္မႈရွိတဲ့ အျငင္းအခုံကို ျပဳလုပ္ခဲ့တယ္လို႔ ထင္ပါတယ္” ဒါေပမယ့္ Apple အေနနဲ႔ အေမရိကန္မွာေငြသုံးၾကမ္းလိမ့္မယ္ဆိုတဲ့ အဓိပၸါယ္ရတဲ့ စာသားကို ထရမ့္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဒါေပမယ့္ စက္တင္ဘာ တစ္ရက္ေန႔ကေန စတင္ၿပီးအသက္ဝင္မယ့္ ထရမ့္ရဲ႕ ၁၀ ရာခိုင္ႏႈန္း အခြန္ေကာက္ခံမႈႏႈန္းထားဟာ Apple အတြက္ အထိနာေစမယ့္ အခြန္ဥပေဒသစ္လည္း ျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္တုန္းကေတာ့ ထရမ့္အစိုးရဟာ စမတ္ဖုန္းအပါအဝင္ ထုတ္ကုန္အမ်ိဳးအစားအခ်ိဳ႕ကို ကနဦးအေကာက္ခြန္စည္းၾကပ္ျခင္းကေန ကင္းလြတ္ခြင့္ ေပးခဲ့ပါေသးတယ္။

ဒါေၾကာင့္ iPhone ေတြအေနနဲ႔ အခြန္စည္းမ်ဥ္းသစ္နဲ႔ကင္းလြတ္ခြင့္ကို ဒီဇင္ဘာလ ၁၅ ရက္ေန႔ထိ ရရွိသြားေပမယ့္ ဒီကာလ ေနာက္ပိုင္းအေျခအေနကေတာ့ မေရမရာပဲ ျဖစ္ေနပါေသးတယ္။ ကံေကာင္းတာတစ္ခုကေတာ့ iPhone 11 ေတြကို စက္တင္ဘာမွာ ျဖန႔္ခ်ိမွာျဖစ္တဲ့အတြက္ အခြန္စည္းမ်ဥ္းသစ္ေၾကာင့္ ထိခိုက္ေစမွာ မဟုတ္ဘူးလို႔ ဆိုႏိုင္ပါတယ္။

Ref: 9To5Mac

[Unicode]

အခွန်ပေးဆောင်ရမှုနဲ့ပတ်သက်ပြီး Trump ကို စောဒကတက်ခဲ့တဲ့ Tim Cook

တရုတ်ကိုတိုက်ခိုက်နေတဲ့ ကုန်သွယ်ရေးစစ်ထိုးနှက်မှုအဖြစ် အခွန်နှုန်းထားတွေ တိုးမြှင့်လိုက်တာကြောင့် အထိနာမယ့် အမေရိကန်ကုမ္ပဏီကြီးတွေထဲမှာ Apple လည်း ပါဝင်နေပါတယ်။ သမ္မတ ထရမ့်ကတော့ Apple ကို အမေရိကန်မြေမှာပဲ အခြေတည်ပြီး ထုတ်လုပ်မှုလုပ်ငန်းတွေကို လုပ်စေချင်နေတာပါ။

Apple အနေနဲ့ကလည်း တရုတ်မြေကို စွန့်ခွာဖို့ ပြင်ဆင်နေတယ်ဆိုပေမယ့် မိခင်မြေမှာ အခြေစိုက်ပြီး ထုတ်လုပ်မှုတွေလုပ်ဖို့ထက် အိန္ဒိယနဲ့ ဗီယက်နမ်လိုနေရာမျိုးမှာပဲ ထုတ်လုပ်ချင်စိတ်ရှိနေတာပါ။ ထရမ့်က သူ့ဆန္ဒကို အတိအလင်းထုတ်ပြောခဲ့ပေမယ့် Apple ဘက်ကလည်း ခေါင်းမညိတ်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့က ထရမ့်နဲ့ တင်မ်ကွတ်တို့ တွေ့ဆုံပြီး ညစာစားခဲ့ကြပါတယ်။ သတင်းထောက်တွေက အင်တာဗျူးပြန်လုပ်ခဲ့တဲ့အခါ ညစာစားပွဲမှာ အခွန်ကိစ္စကြောင့် Apple ပေါ်သက်ရောက်လာမယ့် အကြောင်းအရာ အချို့ကို ထရမ့်က တင်မ်ကွတ်နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြန်သိရပါတယ်။

တင်မ်ကွတ်ကတော့ Apple အနေနဲ့ တရုတ်မှာတပ်ဆင်ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေအတွက် အခွန်အခပေးဖို့ဟာ အခက်အခဲဖြစ်ရကြောင်း စောဒကတက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီရဲ့ ပြိုင်ဘက်အတော်များများဟာ (ထုတ်လုပ်မှုလုပ်ငန်းအတော်များများက တောင်ကိုရီးယားမှာပဲ ရှိနေတဲ့ Samsung ကို ဥပမာထားပြီး) မတူညီတဲ့အခွန်အခကိုသာ ပေးဆောင်ကြရတဲ့အတွက်ဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်ကတော့ တွေ့ဆုံညစာစားပွဲမှာ တင်မ်ကွတ်က ပြောဆိုခဲ့တဲ့ စောဒကတက်မှုကို လက်ခံခဲ့ကြောင်း သတင်းထောက်တွေကို ပြန်ပြောခဲ့ပါတယ်။ “သူက အရမ်းကိုဆွဲဆောင်မှုရှိတဲ့ အငြင်းအခုံကို ပြုလုပ်ခဲ့တယ်လို့ ထင်ပါတယ်” ဒါပေမယ့် Apple အနေနဲ့ အမေရိကန်မှာငွေသုံးကြမ်းလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စာသားကို ထရမ့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒါပေမယ့် စက်တင်ဘာ တစ်ရက်နေ့ကနေ စတင်ပြီးအသက်ဝင်မယ့် ထရမ့်ရဲ့ ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုနှုန်းထားဟာ Apple အတွက် အထိနာစေမယ့် အခွန်ဥပဒေသစ်လည်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ ထရမ့်အစိုးရဟာ စမတ်ဖုန်းအပါအဝင် ထုတ်ကုန်အမျိုးအစားအချို့ကို ကနဦးအကောက်ခွန်စည်းကြပ်ခြင်းကနေ ကင်းလွတ်ခွင့် ပေးခဲ့ပါသေးတယ်။

ဒါကြောင့် iPhone တွေအနေနဲ့ အခွန်စည်းမျဉ်းသစ်နဲ့ကင်းလွတ်ခွင့်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ရရှိသွားပေမယ့် ဒီကာလ နောက်ပိုင်းအခြေအနေကတော့ မရေမရာပဲ ဖြစ်နေပါသေးတယ်။ ကံကောင်းတာတစ်ခုကတော့ iPhone 11 တွေကို စက်တင်ဘာမှာ ဖြန့်ချိမှာဖြစ်တဲ့အတွက် အခွန်စည်းမျဉ်းသစ်ကြောင့် ထိခိုက်စေမှာ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

Ref: 9To5Mac