[Zawgyi]

၂၀၁၉ ခုႏွစ္ဟာ 5G ကြန္ရက္ေတြ ျဖန႔္က်က္ၿပီး နည္းပညာအရ တစ္ဆင့္ျမင့္လာတဲ့ ႏွစ္လို႔ ဆိုရမွာပါ။ လက္ရွိအခ်ိန္မွာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံအေတာ္မ်ားမ်ားက သူတို႔ႏိုင္ငံေတြအတြက္ 5G ကြန္ရက္ကို အျမန္ဆုံး ျဖန႔္က်က္ႏိုင္ေအာင္ ေဆာင္႐ြက္ေနၾကၿပီ ျဖစ္ပါတယ္။

အေမရိကန္မွာေတာ့ AT&T က 5G ကို သယ္ေဆာင္လာေပးမွာျဖစ္ၿပီး အဓိက ၿမိဳ႕ႀကီး ၁၂ ၿမိဳ႕မွာ ကြန္ရက္ေတြ ျဖန႔္က်က္ႏိုင္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ အလားတူပဲ အျခား Carrier ႀကီးေတြျဖစ္ၾကတဲ့ Sprint နဲ႔ Verizon တို႔ကလည္း 5G ကြန္ရက္နဲ႔ ပတ္သက္ၿပီး ႀကိဳးစားေနၾကပါတယ္။

ဒါေပမယ့္ အေမရိကန္ႏိုင္ငံတစ္ဝန္းလုံး 5G ကြန္ရက္ ျဖန႔္က်က္ႏိုင္ဖို႔က ထင္သေလာက္ေတာ့ မလြယ္ကူပါဘူး။ လိုအပ္တဲ့ အေျခခံအေဆာက္အအုံေတြ ဖန္တီးဖို႔အတြက္လုပ္ေဆာင္မႈေတြဟာ အျခားႏိုင္ငံေတြထက္ အနည္းငယ္ ေနာက္က်ေနသေယာင္ ရွိေနတာပါ။ ဒါေပမယ့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေတာ့ 5G အျပင္ 6G ကိုေတာင္ လိုခ်င္ေနၿပီလို႔ တြစ္တာမွာ ေရးသားသြားခဲ့ပါတယ္။

အမ်ားစုကေတာ့ ထရမ့္ရဲ႕ 5G နဲ႔အတူ 6G လိုခ်င္တယ္လို႔ေရးသားလိုက္မႈအေပၚ ရယ္ေမာစရာ ကိစၥရပ္အျဖစ္ပဲ သတ္မွတ္ၾကပါတယ္။ ဒါေပမယ့္ ထရမ့္ကေတာ့ အေမရိကန္ကုမၸဏီေတြအေနနဲ႔ သူမ်ားေနာက္မွာ မက်န္ခဲ့ရေအာင္ အခုထက္ ပိုၿပီးႀကိဳးစားဖို႔လိုေၾကာင္းလည္း ထည့္သြင္းေရးသားထားတာပါ။

ထရမ့္ရဲ႕ေရးသားမႈဟာ လတ္တေလာ အေမရိကန္ႀကဳံေတြ႕ေနရတဲ့ 5G ကြန္ရက္ျဖန႔္က်က္မႈ ေႏွာင့္ေႏွးျခင္းအေပၚ တြန္းအားေပးတဲ့သေဘာလို႔ ယူဆရပါတယ္။ ႏိုင္ငံေရးဘက္က ျပန္ၾကည့္ရင္လည္း Huawei ဟာ သူတို႔ရဲ႕ ပစၥည္းကိရိယာေတြကို အသုံးမျပဳရင္ အေမရိကန္အေနနဲ႔ 5G နည္းပညာမွာ ေနာက္က်ေနလိမ့္မယ္လို႔ သတိေပးစကား ေျပာသြားခဲ့ဖူးပါတယ္။

ေတာင္ကိုရီးယားရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ LG Electronic ကေတာ့ Yuseong ခ႐ိုင္ Daejeon က သူတို႔ရဲ႕ သုေတသနစင္တာမွာ 6G ကြန္ရက္နဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ့္ စမတ္ဖုန္းေတြအတြက္ စတင္လုပ္ေဆာင္ေနၿပီလို႔ သတင္းထုတ္ျပန္သြားခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဆိုပါထုတ္ျပန္မႈမွာ 5G ကေန 6G ကို တိုးတက္ေျပာင္းလဲဖို႔အခ်ိန္ဟာ ခန႔္မွန္းေျခအားျဖင့္ ၁၀ ႏွစ္ေလာက္ၾကာျမင့္ႏိုင္ေၾကာင္းလည္း ထည့္သြင္းေရးသားထားပါတယ္။

Ref: GSMArena

[Unicode]

6G အင်တာနက်ကို တတ်နိုင်သမျှအမြန်ဆုံး ရချင်နေတဲ့ ထရမ့်

၂၀၁၉ ခုနှစ်ဟာ 5G ကွန်ရက်တွေ ဖြန့်ကျက်ပြီး နည်းပညာအရ တစ်ဆင့်မြင့်လာတဲ့ နှစ်လို့ ဆိုရမှာပါ။ လက်ရှိအချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံအတော်များများက သူတို့နိုင်ငံတွေအတွက် 5G ကွန်ရက်ကို အမြန်ဆုံး ဖြန့်ကျက်နိုင်အောင် ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

အမေရိကန်မှာတော့ AT&T က 5G ကို သယ်ဆောင်လာပေးမှာဖြစ်ပြီး အဓိက မြို့ကြီး ၁၂ မြို့မှာ ကွန်ရက်တွေ ဖြန့်ကျက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အလားတူပဲ အခြား Carrier ကြီးတွေဖြစ်ကြတဲ့ Sprint နဲ့ Verizon တို့ကလည်း 5G ကွန်ရက်နဲ့ ပတ်သက်ပြီး ကြိုးစားနေကြပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံတစ်ဝန်းလုံး 5G ကွန်ရက် ဖြန့်ကျက်နိုင်ဖို့က ထင်သလောက်တော့ မလွယ်ကူပါဘူး။ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ ဖန်တီးဖို့အတွက်လုပ်ဆောင်မှုတွေဟာ အခြားနိုင်ငံတွေထက် အနည်းငယ် နောက်ကျနေသယောင် ရှိနေတာပါ။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ 5G အပြင် 6G ကိုတောင် လိုချင်နေပြီလို့ တွစ်တာမှာ ရေးသားသွားခဲ့ပါတယ်။

အများစုကတော့ ထရမ့်ရဲ့ 5G နဲ့အတူ 6G လိုချင်တယ်လို့ရေးသားလိုက်မှုအပေါ် ရယ်မောစရာ ကိစ္စရပ်အဖြစ်ပဲ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ထရမ့်ကတော့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ သူများနောက်မှာ မကျန်ခဲ့ရအောင် အခုထက် ပိုပြီးကြိုးစားဖို့လိုကြောင်းလည်း ထည့်သွင်းရေးသားထားတာပါ။

ထရမ့်ရဲ့ရေးသားမှုဟာ လတ်တလော အမေရိကန်ကြုံတွေ့နေရတဲ့ 5G ကွန်ရက်ဖြန့်ကျက်မှု နှောင့်နှေးခြင်းအပေါ် တွန်းအားပေးတဲ့သဘောလို့ ယူဆရပါတယ်။ နိုင်ငံရေးဘက်က ပြန်ကြည့်ရင်လည်း Huawei ဟာ သူတို့ရဲ့ ပစ္စည်းကိရိယာတွေကို အသုံးမပြုရင် အမေရိကန်အနေနဲ့ 5G နည်းပညာမှာ နောက်ကျနေလိမ့်မယ်လို့ သတိပေးစကား ပြောသွားခဲ့ဖူးပါတယ်။

တောင်ကိုရီးယားရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LG Electronic ကတော့ Yuseong ခရိုင် Daejeon က သူတို့ရဲ့ သုတေသနစင်တာမှာ 6G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် စမတ်ဖုန်းတွေအတွက် စတင်လုပ်ဆောင်နေပြီလို့ သတင်းထုတ်ပြန်သွားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဆိုပါထုတ်ပြန်မှုမှာ 5G ကနေ 6G ကို တိုးတက်ပြောင်းလဲဖို့အချိန်ဟာ ခန့်မှန်းခြေအားဖြင့် ၁၀ နှစ်လောက်ကြာမြင့်နိုင်ကြောင်းလည်း ထည့်သွင်းရေးသားထားပါတယ်။

Ref: GSMArena