[Zawgyi]

Apple အေနနဲ႔ 2019 iPhone ေတြအတြက္ A13 Bionic Chip ေတြကို 7 nm Architecture အေပၚမွာပဲ အေျခခံၿပီး တည္ေဆာက္သြားမွာ ျဖစ္ေၾကာင္း Digitimes ရဲ႕ အဆိုမ်ားအရ သိရပါတယ္။ ဒါ့အျပင္ AirPods 2 နဲ႔ iPads အသစ္ေတြကိုလည္း ၂၀၁၉ခုႏွစ္ ပထမႏွစ္ဝက္ထဲမွာ မိတ္ဆက္ႏိုင္ေၾကာင္း ေဖာ္ျပထားပါေသးတယ္။

Digitimes ရဲ႕ အဆိုမ်ားအရ အသစ္ထပ္မံ ထြက္ရွိလာမယ့္ AirPods 2 ေတြဟာ ဒီဇိုင္းပိုင္းေျပာင္းလဲမႈမ်ား ျပဳလုပ္ထားမွာျဖစ္ၿပီး က်န္းမာေရး အေထာက္အကူျပဳ Features ေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။ အဆိုပါ AirPods 2 ေတြကို နားထဲမွာ တပ္ဆင္အသုံးျပဳတဲ့အခါမွာ Gripper Coating နည္းပညာအသစ္နဲ႔ ပိုမိုၿမဲၿမံေအာင္ ျပဳလုပ္ထားမွာ ျဖစ္ၿပီး၊ အေရာင္ေတြအေနနဲ႔လည္း White နဲ႔ Black ဆိုၿပီး ၂မ်ိဴးေ႐ြးခ်ယ္ ဝယ္ယူႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

Apple အတြက္ A စီးရီး Bionic Chip ေတြကို ဒီဇိုင္းေရးဆြဲ ထုတ္လုပ္ေပးေနတဲ့ Taiwan Semiconductor Manufacturing Company (TSMC) က လာမယ့္ 2019 iPhone ေတြအတြက္ A13 Bionic Chip ေတြကို ထုတ္လုပ္ေပးေတာ့မယ္လို႔ သိရပါတယ္။ A13 Bionic Chip ေတြကို iPhone XS, XS Max နဲ႔ XR တို႔မွာ အသုံးျပဳခဲ့တဲ့ A12 Bionic Chip လိုမ်ိဴး 7nm Architecture အေပၚမွာပဲ အေျခခံၿပီး တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။ TSMC က Chip ထုတ္လုပ္မႈအပိုင္းကို ၂၀၁၉ခုႏွစ္ Q2 ( 1 April – 30 June) မွာ စတင္လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

Ref : 9To5Mac

[Unicode]

A13 Bionic Chip တွေကို အသုံးပြုထားမယ့် 2019 iPhone များ
AirPods နဲ့ iPads အသစ်တွေကို ၂၀၁၉ခုနှစ် ပထမနှစ်ဝက်ထဲမှာ မိတ်ဆက်လာနိုင်

Apple အနေနဲ့ 2019 iPhone တွေအတွက် A13 Bionic Chip တွေကို 7 nm Architecture အပေါ်မှာပဲ အခြေခံပြီး တည်ဆောက်သွားမှာ ဖြစ်ကြောင်း Digitimes ရဲ့ အဆိုများအရ သိရပါတယ်။ ဒါ့အပြင် AirPods 2 နဲ့ iPads အသစ်တွေကိုလည်း ၂၀၁၉ခုနှစ် ပထမနှစ်ဝက်ထဲမှာ မိတ်ဆက်နိုင်ကြောင်း ဖော်ပြထားပါသေးတယ်။

Digitimes ရဲ့ အဆိုများအရ အသစ်ထပ်မံ ထွက်ရှိလာမယ့် AirPods 2 တွေဟာ ဒီဇိုင်းပိုင်းပြောင်းလဲမှုများ ပြုလုပ်ထားမှာဖြစ်ပြီး ကျန်းမာရေး အထောက်အကူပြု Features တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ AirPods 2 တွေကို နားထဲမှာ တပ်ဆင်အသုံးပြုတဲ့အခါမှာ Gripper Coating နည်းပညာအသစ်နဲ့ ပိုမိုမြဲမြံအောင် ပြုလုပ်ထားမှာ ဖြစ်ပြီး၊ အရောင်တွေအနေနဲ့လည်း White နဲ့ Black ဆိုပြီး ၂မျိူးရွေးချယ် ဝယ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

Apple အတွက် A စီးရီး Bionic Chip တွေကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ပေးနေတဲ့ Taiwan Semiconductor Manufacturing Company (TSMC) က လာမယ့် 2019 iPhone တွေအတွက် A13 Bionic Chip တွေကို ထုတ်လုပ်ပေးတော့မယ်လို့ သိရပါတယ်။ A13 Bionic Chip တွေကို iPhone XS, XS Max နဲ့ XR တို့မှာ အသုံးပြုခဲ့တဲ့ A12 Bionic Chip လိုမျိူး 7nm Architecture အပေါ်မှာပဲ အခြေခံပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ TSMC က Chip ထုတ်လုပ်မှုအပိုင်းကို ၂၀၁၉ခုနှစ် Q2 ( 1 April – 30 June) မှာ စတင်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Ref : 9To5Mac