[Zawgyi]

လြန္ခဲ့တဲ့ ေမလကုန္ပိုင္းေလာက္က TSMC ဟာ ဒုတိယမ်ိဳးဆက္ 7nm+ process chip ေတြကို အလုံးအရင္းလိုက္ ထုတ္လုပ္ေနၿပီလို႔ တရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ထိုင္ဝမ္အေျခစိုက္ကုမၸဏီအတြက္ EUV lithography နည္းပညာကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့ျခင္းက ၿပိဳင္ဘက္ေတြထက္ အသာစီးရႏိုင္မယ့္ အေနအထားကို ေမွ်ာ္လင့္ႏိုင္တာလည္း ျဖစ္ပါတယ္။

ARM ေၾကာင့္ Huawei က အနည္းငယ္အခက္ေတြ႕သြားခ်ိန္မွာ TSMC ကေတာ့ စီးပြားေရးေဈးကြက္မွာ အခြင့္အလမ္းေကာင္းေတြ ပိုၿပီးပြင့္လန္းလာပါတယ္။ တ႐ုတ္လက္ေအာက္ခံမဟုတ္တဲ့ ထိုင္ဝမ္ကုမၸဏီဟာ ကုန္သြယ္ေရးစစ္ရဲ႕ ႐ိုက္ခတ္မႈကို မခံစားရတဲ့အျပင္ Huawei အတြက္လည္း ဆက္လုပ္ႏိုင္သလို Apple နဲ႔လည္း လက္တြဲျဖဳတ္စရာမလိုတဲ့အတြက္ ၾကားထဲကအျမတ္ထြက္သြားတယ္လို႔ပဲ ဆိုရမွာပါ။

TSMC ဟာ သူတို႔အေနနဲ႔ 6nm solutions အတြက္လည္း လမ္းပြင့္ေနၿပီျဖစ္ၿပီး လုပ္ေဆာင္မႈေတြလည္း စတင္ေနၿပီလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ စမ္းသပ္ထုတ္လုပ္မႈကို လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ပထမသုံးလပတ္အတြင္း ျပဳလုပ္သြားႏိုင္လိမ့္မယ္လို႔လည္း ဆိုပါတယ္။ အလုံးအရင္းလိုက္ တင္ပို႔မႈကိုေတာ့ လာမယ့္ႏွစ္ရဲ႕ ေႏွာင္းပိုင္းေလာက္မွာ ျပဳလုပ္ႏိုင္ဖြယ္ရွိေနပါတယ္။

6nm process ဟာ EUV နည္းပညာကို အျပည့္အဝ အသုံးျပဳထားမွာျဖစ္ပါတယ္။ UltraViolet ျဖစ္စဥ္ဟာ ပိုၿပီးတိုေတာင္းတဲ့ လႈိင္းအလ်ားကိုျဖစ္ေစၿပီး Nanometer-scale လုပ္ေဆာင္ခ်က္လည္း ပိုေကာင္းေစမွာပါ။ စြမ္းအင္သက္ေရာက္မႈဟာ ၁၅% ကေန ၂၀% အထိ တိုးတက္လာဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။ TSMC ဟာ 5nm နဲ႔ 3nm ထုတ္လုပ္ဖို႔အတြက္လည္း ႀကိဳးစားေနေပမယ့္ အခုအခ်ိန္မွာေတာ့ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရးအဆင့္မွာပဲ ရွိေနပါေသးတယ္။

Ref: GSM Arena

[Unicode]

6nm Chip ကို၂၀၂၀ ပထမသုံးလပတ်ထဲမှာ စမ်းသပ်ထုတ်လုပ်မယ့် TSMC

လွန်ခဲ့တဲ့ မေလကုန်ပိုင်းလောက်က TSMC ဟာ ဒုတိယမျိုးဆက် 7nm+ process တွေကို အလုံးအရင်းလိုက် ထုတ်လုပ်နေပြီလို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီအတွက် EUV lithography နည်းပညာကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းက ပြိုင်ဘက်တွေထက် အသာစီးရနိုင်မယ့် အနေအထားကို မျှော်လင့်နိုင်တာလည်း ဖြစ်ပါတယ်။

ARM ကြောင့် Huawei က အနည်းငယ်အခက်တွေ့သွားချိန်မှာ TSMC ကတော့ စီးပွားရေးဈေးကွက်မှာ အခွင့်အလမ်းကောင်းတွေ ပိုပြီးပွင့်လန်းလာပါတယ်။ တရုတ်လက်အောက်ခံမဟုတ်တဲ့ ထိုင်ဝမ်ကုမ္ပဏီဟာ ကုန်သွယ်ရေးစစ်ရဲ့ ရိုက်ခတ်မှုကို မခံစားရတဲ့အပြင် Huawei အတွက်လည်း ဆက်လုပ်နိုင်သလို Apple နဲ့လည်း လက်တွဲဖြုတ်စရာမလိုတဲ့အတွက် ကြားထဲကအမြတ်ထွက်သွားတယ်လို့ပဲ ဆိုရမှာပါ။

TSMC ဟာ သူတို့အနေနဲ့ 6nm solutions အတွက်လည်း လမ်းပွင့်နေပြီဖြစ်ပြီး လုပ်ဆောင်မှုတွေလည်း စတင်နေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စမ်းသပ်ထုတ်လုပ်မှုကို လာမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမသုံးလပတ်အတွင်း ပြုလုပ်သွားနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။ အလုံးအရင်းလိုက် တင်ပို့မှုကိုတော့ လာမယ့်နှစ်ရဲ့ နှောင်းပိုင်းလောက်မှာ ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။

6nm process ဟာ EUV နည်းပညာကို အပြည့်အဝ အသုံးပြုထားမှာဖြစ်ပါတယ်။ UltraViolet ဖြစ်စဉ်ဟာ ပိုပြီးတိုတောင်းတဲ့ လှိုင်းအလျားကိုဖြစ်စေပြီး Nanometer-scale လုပ်ဆောင်ချက်လည်း ပိုကောင်းစေမှာပါ။ စွမ်းအင်သက်ရောက်မှုဟာ ၁၅% ကနေ ၂၀% အထိ တိုးတက်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ TSMC ဟာ 5nm နဲ့ 3nm ထုတ်လုပ်ဖို့အတွက်လည်း ကြိုးစားနေပေမယ့် အခုအချိန်မှာတော့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအဆင့်မှာပဲ ရှိနေပါသေးတယ်။

Ref: GSM Arena